ယီမင်အခြေစိုက် ဟူသီပစ်မှတ်တွေကို အမေရိကန် တိုက်ခိုက်



ဝါရှင်တန်၊ အောက်တိုဘာ-၅-၂၀၂၄
ရတီ(VOM)

ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်အဖွဲ့ရဲ့ နေရာ ၁၅ နေရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ပါတယ်။

လွတ်လပ်စွာ သွားလာခွင့်ကိ ကာကွယ်ရန်ပြုလုပ်သော စစ်ဆင်ရေးအတွင် တိုက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ အသုံးပြုခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။မြို့တော်ဆာနားအပါအဝင် ယီမင်ရဲ့ အဓိကမြို့ကြီးတွေမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟူသီသူပု်နအဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ပင်လယ်နီမှာ ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောအစင်း ၁၀၀ ကိုတိုက်ခိုက်ခဲ့ပြီး ဒီထဲက နှစ်စင်းနစ်မြုပ်ခဲ့ပါတယ်။ ဒါဟာ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တာလို့ ဟူသီတို့က ဆိုပါတယ်။

လက်ရှိအမေရိကန်ရဲ့ တိုက်ခိုက်မှုမှာ ဟူသီတို့ရဲ့ ဒုံးကျည်စနစ်တွေ၊ အခြေစိုက်စခန်းတွေနဲပ အခြားပစ်မှတ်တွေပါဝင်တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ပြီးခဲ့တဲ့ တနင်္လာနေ့က ဟူသီသူပုန်တွေဟာ အမေရိကန်မောင်းသူမဲ့လေယာဉ်တစင်းကို ပစ်ချခဲ့တယ်လို့ အခိုင်အမာဆိုပါတယ်။

ဟူသီတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အမေရိကန်၊ ဗြိတိန်အပါအဝင် အခြားနိုင်ငံ ၁၂ နိုင်ငံတို့ဟာ ပင်လယ်နီကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို ကာကွယ်ပေးဖို့ ပူးပေါင်းကင်းလှည့်မှုတွေ လုပ်ဆောင်နေကြပါတယ်။
ဟူသီသူပုန်တွေဟာ လက်ဘနွန်ရှိ ဟဇ်ဘိုလာ၊ ဂါဇာရှိ ဟားမတ်စ်အဖွဲ့တို့နည်းတူ အီရန်က ကျောထောက်နောက်ခံပြုပေးထားသော အရှေ့အလယ်ပိုင်း လက်နက်ကိုင်အဖွဲ့ကွန်ရက်ရဲ့ တစိတ်တပိုင်းလည်းဖြစ်ပါတယ်။

Ref:BBC
Photo:DVIDS

Related posts

Leave a Comment

VOM News

FREE
VIEW