တဲလ်အဗစ်၊ အောက်တိုဘာ-၈-၂၀၂၄
မျိုးဆက်(VOM)
လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးရဲ့ တတိယအကြီးဆုံးမြို့ ဟိုင်ဖာမြို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အစ္စရေးကလည်း လက်ဘနွန်တောင်ပိုင်းကို မြေပြင်ထိုးစစ်ချဲ့ဖို့ အရှိန်မြှင့်နေပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့ဟာ ဟိုင်ဖာမြို့တောင်ဘက် စစ်အခြေစိုက်စခန်းကို ဖာဒီ-၁ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး ၆၅ ကီလိုမီတာအကွာရှိ တီဘီရီယစ်ကိုလည်း နောက်ထပ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ဟိုင်ဖာမြောက်ဘက်ရှိ ဒေသတွေကိုလည်း ဒုံးကျည်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နေ့ ညနေ ၅ နာရီထိ အစ္စရေးပိုင်နက်ထဲကို ဒုံးကျည် ၁၃၅ စင်းလောက် ဝင်ရောက်ခဲ့ပြီး ဟိုင်ဖာမြို့မှာ လူ ၁၀ ယောက်ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဒီအတောအတွင်း အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုအကြီးအကျယ် ပြုလုပ်နေပြီး နှစ်ဘက်တိုက်ပွဲတွေအတွင်း အစ္စရေးစစ်သား ၁၁ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နေ့က လက်ဘနွန်နယ်စပ်မြို့ကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း မီးသတ်သမား ၁၀ ယောက်သေဆုံးခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေးန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါအပြင် တနင်္ဂနွေနေ့က လေကြောင်းတိုက်ခိုက်မှုတွေမှာတော့ တောင်ပိုင်းနဲ့ အရှေ့ပိုင်းမြို့တွေမှာ လူ ၂၂ ယောက်သေဆုံးခဲ့တယ်လို့ လက်ဘနွန်အာဏာပိုင်တွေက ပြောပါတယ်။
လက်ရှိမှာတော့ ဟားမစ်နဲ့ စစ်ပွဲဖြစ်နေတဲ့ အစ္စရေးအနေနဲ့ ဟဇ်ဘိုလာ အီရန်တို့နဲ့ တင်းမာမှုတွေ ဆက်လက်မြင့်တက်လာခြင်းက အရှေ့အလယ်ပိုင်းမှာ စစ်ဘောင်ကျယ်ပြန့်လာမှာကို နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်ပူပန်နေကြပါတယ်။
ဟားမတ်စ်ခေါင်းဆောင်နဲ့ ဟဇ်ဘိုလာခေါင်းဆောင်အပါအဝင် မဟာမိတ်စစ်သွေးကြွအဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေ သေဆုံးမှုအတွက် အစ္စရေးကိုလက်တုံ့ပြန်မယ်လို့ အီရန်နဲ့ မဟာမိတ်တွေက ကတိပြု ပြောဆိုထားကြပါတယ်။
Ref:AFP
Photo:AP
Related posts
-
ဖိလစ်ပိုင်ရေပြင်မှာ တရုတ်ရေအောက်ဒရုန်းတစင်း ရှာဖွေတွေ့ရှိ
မနီလာ၊ ဇန်နဝါရီ-၂-၂၀၂၄မျိုးဆက်(VOM)တရုတ် မောင်းသူမဲ့ ရေအောက်ဒရုန်းလို့ ယူဆရတဲ့ ယာဉ်တစင်းကို ဖိလစ်ပိုင်ရေပြင်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က... -
နေပြည်တော်မှာ ရဲဝန်ထမ်းက ဇနီးကျောင်းဆရာမကို သေနတ်နဲ့ပစ်သတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်
ဇန်နဝါရီ ၂ – ၂၀၂၅SN (VOM)နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့မှာ မနေ့ ဇန်နဝါရီလ... -
အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးကာရံမှု မိုရေးနယ်စပ်မှာ ပြီးစီး
ဒေလီ၊ ဇန်နဝါရီ-၂-၂၀၂၅မျိုးဆက်(VOM)အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ မိုရေးမှာ မြန်မာနဲ့ထိစပ်နေတဲ့နယ်စပ်မှာ ၉ ဒဿမ ၂၁၄ ကီလိုမီတာအရှည်ရှိ...