ဗီယင်ကျန်း၊ အောက်တိုဘာ-၈-၂၀၂၄
မျိုးဆက်(VOM)
အာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့ ကိုယ်စားလှယ်တယောက်ကို မြန်မာအာဏာပိုင်တွေက စေလွှတ်လိုက်ပြီး ဒါဟာ သုံးနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ အာဆီယံသံတမန် သတင်းရင်းမြစ်တယောက်က အောက်တိုဘာ ၈ ရက်မှာ ပြောပါတယ်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို သံတမန်နည်းလမ်းနဲ့ဖြေရှင်းဖို့ သုံးနှစ်ကျော်ကြာ ကြိုးပမ်းခဲ့ပေမယ့်လည်း ရှေ့မတိုးနောက်မဆုတ် အခြေအနေမှာ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာကိုယ်စားလှယ် တက်ရောက်ဖို့ စီစဉ်လာတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်မှာ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို အာဆီယံထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့်မပြုဖို့ အာဆီယံအသိုင်းအဝိုင်းက ဆုံးဖြတ်ခဲ့ပြီး မြန်မာအာဏာပိုင်တွေဘက်ကလည်း နိုင်ငံရေးနဲ့ မဆက်နွယ်တဲ့ ကိုယ်စားလှယ်စေခြင်းမရှိခဲ့ပါဘူး။
လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲကို မနက်ဖြန်မှာစတင်မှာဖြစ်ပြီး မြန်မာဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတယောက်ကို စေလွှတ်ခဲ့တယ်လို့ အာဆီယံသံတမန်တယောက်က အေအက်ဖ်ပီကို ပြောပါတယ်။
ဒါဟာ ဘုံသဘောတူညီချက်ငါးချက်ကို လက်ခံလိုက်တဲ့သဘောဖြစ်ပြီး ဒီတိုင်းနေတာထက် ပြင်ပကအသံတွေ ကြားသိရတာ ပိုကောင်းမယ်ဆိုတာ သူတို့ထင်ကောင်းထင်လာဖွယ်ရှိတယ်လို့ အာဆီယံသံတမန်က သုံးသပ်ပါတယ်။
မြန်မာကိုယ်စားလှယ်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးဟာ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အင်္ဂါနေ့မှာကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကို တက်ရောက်မှာဖြစ်ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံအချို့ ၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂတာဝန်ရှိသူတွေပါဝင်တဲ့ ဆွေးနွေးပွဲကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသေးတယ်။
Ref:AFP
Photo:AP
Related posts
-
ဖိလစ်ပိုင်ရေပြင်မှာ တရုတ်ရေအောက်ဒရုန်းတစင်း ရှာဖွေတွေ့ရှိ
မနီလာ၊ ဇန်နဝါရီ-၂-၂၀၂၄မျိုးဆက်(VOM)တရုတ် မောင်းသူမဲ့ ရေအောက်ဒရုန်းလို့ ယူဆရတဲ့ ယာဉ်တစင်းကို ဖိလစ်ပိုင်ရေပြင်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က... -
နေပြည်တော်မှာ ရဲဝန်ထမ်းက ဇနီးကျောင်းဆရာမကို သေနတ်နဲ့ပစ်သတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်
ဇန်နဝါရီ ၂ – ၂၀၂၅SN (VOM)နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့မှာ မနေ့ ဇန်နဝါရီလ... -
အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးကာရံမှု မိုရေးနယ်စပ်မှာ ပြီးစီး
ဒေလီ၊ ဇန်နဝါရီ-၂-၂၀၂၅မျိုးဆက်(VOM)အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ မိုရေးမှာ မြန်မာနဲ့ထိစပ်နေတဲ့နယ်စပ်မှာ ၉ ဒဿမ ၂၁၄ ကီလိုမီတာအရှည်ရှိ...