ဆိုးလ်၊ အောက်တိုဘာ-၉-၂၀၂၄
ရတီ (VOM)
ယူကရိန်းစစ်မြေပြင်မှာ ရုရှားတပ်တွေကို ကူညီဖို့အတွက် မြောက်ကိုရီးယားတပ်တွေကို စေလွှတ်ဖွယ်ရှိနေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်ယောင်ဟွန်းက သတိပေးပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားအတွက် ဒုံးကျည်နဲ့ ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ကူညီနေပြီး နှစ်နိုင်ငံအကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အလေးထားနေပြီး စစ်ရေးမဟာမိတ်အဆင့်ထိဖြစ်ဖို့ နီးကပ်လာပြီလို့ ကင်ယောင်ဟွန်က ပါလီမန်ကော်မတီမှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်း ရုရှားထိန်းချုပ်ထားရာဒေသမှာ ယူကရိန်းရဲ့ ဒုံးကျည်တိုက်ခိုက်မှုအတွင်း မြောက်ကိုရီးယားစစ်သား ခြောက်ယောက် သေဆုံးခဲ့တယ်လို့ ယူကရိန်းသတင်းဌာနများက မကြာသေးခင်က ရေးသားဖော်ပြထားပါတယ်။
ဒီသတင်းဟာ အမှန်ဖြစ်နိုင်တယ်လို့ ကင်ယောင်ဟွန်းကဆိုပါတယ်။ ယူကရိန်းမှာ မြောက်ကိုရီးယားတပ်တွေကို ဖြန့်ကြက်နို်ငခြေရှိမရှိ ပါလီမန်အမတ်တယောက်ရဲ့ မေးမြန်းမှုအပေါ် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ဒါဟာ ဖြစ်လာနိုင်ခြေ မြင့်မားတယ်လို့ ပြောပါတယ်။
ယူကရိန်းစစ်ပွဲ ကာလရှည်လာတာနဲ့အမျှ ရုရှားရဲ့ လက်နက်လိုအပ်ချက်ကြီးမားလားနေပြီး လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို မြောက်ကိုရီးယားအပြင် တရုတ်နဲ့ အီရန်တို့က ထောက်ပံ့နေတယ်လို့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက စွပ်စွဲထားပါတယ်။
လက်ရှိမှာတော့ ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို အရှိန်မြှင့်တိုက်ခိုက်နေပြီး မနေ့ကလည်း နိုင်ငံအနောက်ပိုင်းကို ပစ်မှတ်ထားလာတဲ့ ဒရုန်း ၄၇ စင်း၊ အနောက်တောင်ပိုင်း နယ်စပ်ဒေသကို တိုက်ခိုက်လာတဲ့ ဒရုန်း ၂၄ စင်းကို ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Ref:NHK
Photo:AP
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...