အောက်တိုဘာ ၁၁၊ ၂၀၂၄
Shy V( VOM )
ရှမ်းပြည်နယ် ေမြာက်ပိုင်း လားရှိုးမှာ နစက တပ်ဖွဲ့တွေကို သတင်းပေးသူလို့ သံသယ ရှိသူ ၂၀ ကျော်ကို MNDAA က ဖမ်းဆီးထားကြောင်း ဒေသခံေတွဆီက သိရပါတယ်။
“လားရှိုးမှာက နစက တပ်ဖွဲ့ ရဲ့လူတွေ ၇၀ ရာခိုင်နှုန်းေလာက်ရှိတယ်။ သတင်းရလို့ပဲပေါ့ လေယာဉ် ဗုံးလာကြဲတာ။ MPT လိုင်းရရင် လေယာဉ် ပိုလာတယ်။အဲဒါကြောင့်လို့ သိရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
မြို့ထဲ တချို့ အဆောက်အဦးတွေမှာ MNDAA တပ်ဖွဲ့တွေ ရှိတာ မှန်ပေမယ့် လေယာဉ်နဲ့ ဗုံးကြဲ သွားတာမှာ မဆိုင်တဲ့နေရာတွေလည်း ထိတယ်၊ တချို့ ေဒ သခံ ပြည်သူတွေက ထပ်ရှောင်ဖို့ ငွေကြေးလည်း မတတ်နိုင်တော့ဘူး။ ရှိတာလည်း ကုန်ပြီလို့ သူက ပြောပါတယ်။
နစက တပ်ဖက်က လေကြာင်း ဗုံးကြဲ တိုက်ခိုက်မှု စတင်ပြီး ေနာက်ပိုင်း၊ နစက တပ်ဖွဲ့ကို သတင်းပေး သံသယ ရှိသူ တွေကို ဖမ်းဆီးနေတာ ဖြစ်ပြီး လက်ရှိ ခန့်မှန်းခြေ အယောက် ၂၀ ကျော်နဲ့ အထက် ဖမ်းဆီးထားကြောင်း လားရှိုး ပြန်လည် ထူထောင်ေရး လူမှုကွန်ယက် စာမျက်နှာမှာ MNDAA တပ်ဖွဲ့ တာတန်ရှိသူ တဦးက ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိထားတဲ့ နစက တပ်ဖွဲ့ကို သတင်းပေး သူလို့ သံသယရှိသူ တွေကို သေချာစစ်ဆေးပြီး အပြစ်မရှိဘူးဆိုရင် ပြန်လွတ်ပေးတယ်၊ အပြစ်ရှိတယ်ဆိုရင်တော့ ဆက်လက်ထိန်းသိမ်းထားတယ် လို့လည်း ပြောထားပါတယ်။
“လတ်တလောတော့ သေဒဏ်ပေးတဲ့အထိ ပြစ်ဒဏ်ချတာမျိုး မရှိသေးပါဘူး။ ယာယီဖမ်းဆီးထိန်းသိမ်းထားတာမျိုးဘဲရှိပါသေးတယ်။” လို့ လည်း ဖြေကြားထားပါတယ်။
“မြန်မာ့တပ်မတော် ကို သတင်းပေးလို့ဆိုပြီး MNDAA က ဖမ်းထားတဲ့ လူ ၈ ယောက်ကို 10.10.2024 မနက် ၁၀ နာရီ လားရှိုးမြို့တော် ခန်းမ မှာ သတ်ပြဖို့လုပ်နေပါတယ်။ ရပ်ကွက်တိုင်း တအိမ်တစ်ယောက် လာကြည့်ဖို့ ခေါ်ထားတယ်တဲ့ မြန်မာ့တပ်မတော်ရေ ကယ်လို့ရရင်ကယ်ပေးပါအုန်း” ဆိုပြီး အောက်တိုဘာလ ၉ ရက်နေ့က လူမှုကွန်ယက်မှာ သတင်းဖြန့်ထားတာ တွေ့ရပါတယ်။
“ဘာမှ မဖြစ်ပါဘူး။ အခြေအမြစ်မရှိတဲ့ သတင်းအမှားတွကို သတိထား ကြဖို့လိုမယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
လားရှိုးမြို့မှာတော့ နစကတပ်ကို သတင်းပေးတယ် ဆိုတဲ့ သံသယနဲ့ NDAA တပ်ဖွဲ့ဘက်က ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်လိုက်ပြီး နောက်ပိုင်း လားရှိုးမြို့ပေါ် နစက တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှု သိသိသာသာ လျော့နည်းသွားခဲ့တယ်လို့ ဆိုကြပါတယ်။
လားရှိုးမြို့ကို MNDAA နဲ့ ပူးေပါင်းတပ်ဖွဲ့ေတွ ထိန်းချုပ်ပြီးေနာက် သြဂုတ်လ ၃၀ ရက်နေ့ကစ နစက က လေကြောင်း တိုက်ခိုက်မှု စတင်လာခဲ့တာကိုေတွ့ရတယ် လို့ ဆိုကြပါတယ်။
Crd# လားရှိုး ပြန်လည် ထူထောင်ရေး
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...