ပြုံးယမ်း၊ အောက်တိုဘာ-၁၅-၂၀၂၄
မျိုးဆက်(VOM)
တောင်ကိုရီးယားနဲ့ တင်းမာမှုတွေမြင့်တက်နေချိန် မြောက်ကိုရီးယား အမျိုးသားလုံခြုံရေး ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး ချက်ချင်းလုပ်ဆောင်ရမယ့် စစ်ရေးအစီအစဉ်တရပ်ကို ကင်ဂျုံအန်က ညွှန်ကြားခဲ့ပါတယ်။
ပြုံးယမ်းမှာ ပြုလုပ်တဲ့ အဲဒီအစည်းအဝေးကို မြောက်ကိုရီးယားစစ်တပ် အကြီးအကဲ၊ လုံခြုံရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေအပြင် အခြားထိပ်တန်းတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာတော့ ကင်ဂျုံအန်ဟာ နိုင်ငံရေးနဲ့ စစ်ရေးအရ တင်းမာတဲ့ ရပ်တည်ချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။
စစ်ရေးအဟန့်အတားနဲ့ ကိုယ့်ကိုကိုယ့် ခုခံကာကွယ်ပိုင်ခွင့်တွေမှာ စစ်ရေးအရ ချက်ချင်းတုံ့ပြန်မှုတွေနဲ့ အရေးကြီးတာဝန်တွေကို ပြီးမြောက်စေဖို့ ညွှန်ကြားခဲ့တယ်လို့ အဲဒီ သတင်းဌာနက ဖော်ပြထားပါတယ်။
မကြာသေးမီက မြောက်ကိုရီးယားလေပိုင်နက်ထဲကို တောင်ကိုရီးယားဒရုန်းတွေ ၀င်ရောက်တယ်လို့ စွပ်စွဲထားပြီး နယ်စပ်ကို အင်အားဖြည့်တင်းနေပြီး နောက်ထပ်ဝင်ရောက်လာပါက စစ်ကြေညာခြင်းလို့ သတိပေးထားပါတယ်။ တောင်ကိုရီးယားဘက်ကလည်း မြောက်ကိုရီးယားကို တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။
ဒရုန်းတွေ ဝင်ရောက်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ တောင်ကိုရီးယားစစ်တပ်က အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ တောင်ကိုရီးယားဘက်က တက်ကြွလှုပ်ရှားသူတွေဟာ မြောက်ကိုရီးယားအစိုးရ ဆန့်ကျင်ရေး ဝါဒဖြန့်စာတွေကို မီးပုံပျံ၊ ဒရုန်းတွေနဲ့ မြောက်ကိုရီးယားဘက်ကို ပေးပို့လေ့ရှိပါတယ်။
Ref:AFP
Photo:AFP
Related posts
-
အပစ်ရပ်ရေး ဒုတိယနေ့မှာ ဂါဇာအတွက် အကူအညီပေးရေးယာဉ် အစီး ၉၀၀ ကျော်ဝင်ရောက်
ဂါဇာစီးတီး၊ ဇန်နဝါရီ-၂၁-၂၀၂၅ မျိုးဆက်(VOM) အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ၁၅ လကြာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး ဒုတိယမြောက်နေ့မှာ... -
ကျိုင်းတုံ အိမ်မီးလောင်မှု အိမ်ရှင်အမျိုးသားမီးလောင်သေဆုံး
ဇန်နဝါရီ ၂၁ – ၂၀၂၅ GG (VOM) ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၅)... -
နောင်ချိုမှာလေကြောင်းတိုက်ခိုက်ခံရ နှစ်ယောက်သေ တယောက်ထက်မနည်းဒဏ်ရာရ
ဇန်နဝါရီ ၂၁ – ၂၀၂၅ CC (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်ကို...