ပေကျင်း၊ နိုဝင်ဘာ-၁-၂၀၂၄
ရတီ(VOM)
တရုတ်စစ်တပ် လေယာဉ်တင်သင်္ဘောနှစ်စင်းဟာ အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ် ရေပြင်မှာ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လေယာဉ်တင်သင်္ဘော လျှောင်နင်းနဲ့ ရှန်ဒေါင်းတို့ စစ်ရေးလေ့ကျင့်မှုမှ ပါဝင်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနကဆိုပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ် နယ်မြေအများစုကို ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုထားပြီး ဒေသတွင်းနိုင်ငံတွေနဲ့ အငြင်းပွားနေပါတယ်။
လေ့ကျင့်မှုကာလအတွင်း လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အုပ်စုတွေဟာ ပင်လယ်ဝါ၊ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တို့ကို ဖြတ်သန်းလုပ်ဆောင်ခဲ့တယ်လို့ တရုတ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တရုတ်နိုင်ငံမှာ လျှောင်နင်းနဲ့ ရှန်ဒေါင်း လေယာဉ်တင်သင်္ဘော နှစ်စင်းအပြင် တတိယမြောက် လေယာဉ်တင်သင်္ဘော ဖူကျန်ကိုလည်း ၂၀၂၂ ခုနှစ် ဇွန်လမှာ ထုတ်ဖော်ပြသခဲ့ပြီး ဒီသင်္ဘောကတော့ တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိသေးဘဲ စမ်းသပ်မှုမတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
ဒီလေ့ကျင့်မှုဟာ တရုတ်ရေတပ် နှစ်စဉ်စစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအဖွဲ့တွေရဲ့ စွမ်းရည်ကို မြှင့်တင်ဖို့ ရည်ရွယ်ကြောင်း တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်နဲ့ ဖိလစ်ပိုင်တို့အကြား တောင်တရုတ်ပင်လယ်မှာ နယ်မြေအငြင်းပွားမှုကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတွေ တိုးပွားချိန်မှာ ပြုလုပ်ခဲ့တဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ ဖိလစ်ပိုင်အပါအဝင် အခြားနိုင်ငံတွေကို သတိပေးလိုတဲ့ ရည်ရွယ်ချက်ဖြစ်ကြောင်း အကဲခတ်တွေက သုံးသပ်ထားပါတယ်။
Ref:Reuters
Photo:Navy
Related posts
-
မကွေးမြို့မှာ ဆရာဝန်မကြီးတယောက် ဆေးခန်းအတွင်း ဓားထိုးခံရပြီး သေဆုံး
နိုဝင်ဘာ ၂၂ – ၂၀၂၄SS (VOM)မကွေးတိုင်း၊ မကွေးမြို့မှာ မနေ့ နိုဝင်ဘာ ၂၁... -
အစ္စရေးဝန်ကြီးချုပ် ၊ ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ ဟားမတ်စ်တပ်မှူးတို့ကို ICC ဖမ်း၀ရမ်းထုတ်ပြီ
သည်ဟိတ်၊ နိုဝင်ဘာ-၂၂-၂၀၂၄မျိုးဆက်(VOM)နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC )က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ရော့ဗ်ဂယ်လန့်နဲ့... -
မြေမြုပ်မိုင်းကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံတွေထဲ မြန်မာ နံပါတ် ၁ ချိတ်
Ms(VOM) နိုဝင်ဘာ၂၂၊၂၀၂၄ ၂၀၂၃ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ တကမ္ဘာလုံးမှာ မြေမြုပ်မိုင်းကြောင့်သေဆုံးရမှုက ထိပ်ဆုံးအဆင့်ထိရောက်ရှိလာတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ မြေမြှုပ်မိုင်းများ...