ပြည်သူ့အချစ်တော် ဆင်မကြီးမိုမိုရဲ့ (၇၁)ပြည့်မွေးနေ့

ဒီကနေ့ဟာ ပြည်သူ့အချစ်တော် ဆင်မကြီးမိုမိုရဲ့ (၇၁)ပြည့်မွေးနေ့ကိုရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင်ယနေ့မနက်မှာကျင်းပပါတယ်။
ဆင်မကြီးမိုမိုအကြောင်းရေးထားတဲ့ဆရာကြီးဒေါက်တာဦးမြင့်သိန်းရဲ့ဆောင်းပါးလေးနဲ့ပြန်ဖေါ်ပြအပ်ပါတယ်
ဆင်မကြီးနာမည် မိုမို လို့
ဘယ်လိုဖြစ်လာတာလဲ ။
ဘယ်သူများပေးခဲ့တာပါလဲ ။
သူများတွေခေါ်လို့သာ ကိုယ်လည်းပဲလိုက်ခေါ်လိုက်တာပဲ ။
မိုမို ရေ >>> မိုမို ပေါ့
ဟိုကလည်းလေ >>> ခေါ်လို့တောင်မဆုံးတတ်သေး ။
ရှင် >>> ရှင် >>> ရှင် ပေါ့ >>>
( တစ်ကယ်တော့ ရှင် လို့တော့မပီရှာပါ )
အဲ့လို မိုမို ရယ်လို့ တိုင်းသိပြည်သိ
လှည်းနေလှေအောင်မြင်းဇောင်းမကျန်
ဖြစ်လာခဲ့ရပေမဲ့လည်း ဘယ်အချိန်
ဘယ်ကာလကအစပြုလို့ ခေါ်ခဲ့ကြတာလဲ
ဆိုတာကို ဘယ်သူတစ်ဦးတစ်ယောက်ကမျှ မပြောနိုင်ကြပါဘူး ။
အဲ တစ်ခုတော့ရှိတယ် ။ သေခြာတာက မိုမို လို့အခုအများသူငှာခေါ်နေကြတဲ့ဆင်ကို ၁၉၆၁ ခုနှစ် ( လွန်ခဲ့တဲ့ ၆၂ နှစ် ) မှာ
ဦးခွန်ဆန္ဒ ဆိုသူက ရန်ကုန်တိရစ္ဆာဉယျာဉ်ကို လာရောက်လှူဒါန်းသွားတယ်ဆိုတဲ့ အချက်တစ်ချက်တော့ ခိုင်ခိုင်မာမာသိရှိရပါတယ် ။
ဒါပေမဲ့လို့ အကြောင်းရင်းကို မသိပဲ သူခေါ်ကိုယ်ခေါ်နဲ့ မျက်စိပိတ်ပြီး မိုမို ရေ လို့ လက်ဆင့်ကမ်းခေါ်လာလိုက်ကြတာ ၅၂ နှစ်အကြာမှာတော့ အဖြေကပေါ်လာခဲ့ပါပြီ ။
အဖြေကတော့ အဲဒီဆင်မကြီး မိုမို ရဲ့ပထမဦးဆုံးကျင်းပတဲ့ အသက် ၆၀ ပြည့်မွေးနေ့ပွဲ မှာ အဖြေကပေါ်ခဲ့တာပါ ။
အဲဒီ ဆင်မကြီး မိုမို ရဲ့ပွဲကို ဘယ်သူတွေပါ
လာတတ်ခဲ့သလဲဆိုရင် မိုမို ကိုလှူဒါန်းခဲ့သူ ဉီးခွန်ဆန္ဒ ရဲ့မြေးတွေကပါ ရပ်ဝေးကနေ
လာရောက်အားပေးတတ်ခဲ့ပါတယ် ။
အဲဒါနဲ့ အဲဒီမြေးဖြစ်သူတွေရဲ့ ပြောပြချက်အရပဲ မိုမို ရဲ့ဘဝအကြောင်း ဇတ်ရည်ကလည်ရပါတော့တယ် ။
သစ်လုပ်ငန်းလုပ်ကိုင်သူ ဉီးခွန်ဆန္ဒ ဟာ သဘာဝတောအတွင်း မှာ တစ်ကောင်တည်း ဆွေမျိုးအသိုင်းအဝန်းမပါ လျှောက်သွားနေတဲ့ ဆင်ငယ်လေးတစ်ကောင်ကို တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ် ။
အဲဒီဆင် ဒီလိုသာ ဆက်သွားနေမယ်ဆိုရင်
အန္တရယ်ရှိလာနိုင်တာကြောင့် အိမ်ကိုခေါ်လာခဲ့ပါတယ် ။ နောက်ပီး အဲဒီဆင်လေးရဲ့မျက်နှာဟာ အလွန်ပဲ ချစ်စဖွယ်ရှိတာကြောင့် မိသားစုတွေအားလုံးတိုင်ပင်ပြီး နောက်ဆုံးမှာတော့ ရန်ကုန်တိရစ္ဆာဉ်ဉယျာဉ်ကို လှူဒါန်းဖို့ဆုံးဖြတ်ခဲ့ပါတယ် ။
( အဲဒီအချိန်အထိ ဆင်လေးနာမည် မိုမို လို့နာမည်မထွင်သေးပါဘူး )
အဲ ရန်ကုန်ကိုသွားကြမယ်ဆိုတော့ တလက်စတည်း ရန်ကုန်ကိုမရောက်ဖူးသူတွေလည်းလိုက်ကြပေါ့ ။ တိရစ္ဆာန်ဉယျာဉ်အနီးအနားက ရွှေတိဂုံဘုရားလည်းဖူးကြမယ်ပေါ့ လေ ။
ကားကတော့ သစ်တွေတင်တဲ့ကားကြီးလို့ဆိုပါတယ် ။
အဲ့လိုကားပေါ်တတ်ကြတဲ့အထဲမှာ လာလှူမဲ့ဆင်လေးကိုထိန်းတဲ့ ဆင်ဉီးစီးရယ် သူ့ဇနီးရယ်ပါပါတယ် ။ သူတို့ နှစ်ယောက်ဟာ အခုဖတ်နေရတဲ့အကြောင်းအရာတွေရဲ့ သော့ချက်ကျတဲ့သူနှစ်ယောက်ပါ ။
အဲဒီ နှစ်ယောက်သာပါမလာခဲ့ဘူးဆိုရင်
မိုမို ဆိုတဲ့နာမည်ဖြစ်လာမှာ
မဟုတ်တော့ပါဘူး ။
ဆက်ပြောပါဉီးမယ် ။
ကဲ ရန်ကုန်တိရစ္ဆာန်ဉယျာဉ်ကိုရောက်လာကြပါပြီ ။ အားလုံးကဝမ်းသာအားရ ကြိုကြ ဆိုကြ ဝမ်းသာကြနဲ့ပေါ့လေ ။ ဉီးခွန်ဆန္ဒတို့အဖွဲ့ကလည်း လှူပြီးပြီဆိုတော့လည်း ပြန်ကြမယ်ပေါ့ ။ အဲ့အခါကြတော့ တိရစ္ဆာန်ဉယျာဉ်အုပ်ချုပ်ရေးအဖွဲ့က မပြန်ကြပါနဲ့အုန်း ၊ ဆင်လေးကိုနာမည်လေးပါတစ်ခါတည်းပေးသွားပေးပါလို့ဆိုလာကြပါတယ် ။
အဲလိုဆိုလာတော့ ဉီးခွန်ဆန္ဒတို့အဖွဲ့ခက်လေပြီပေါ့ ။ လှူဖို့ပဲလာတာ နာမည်ပါ မည့်ပေးခဲ့ဖို့အစီအစဉ်ကပါမလာခဲ့ကြပါဘူးလေ ။
ခဏကြာတော့ လှူဒါန်းသူ ဉီးခွန်ဆန္ဒက
ဆင်လေးရဲ့ဆင်ဦးစီးကို မင်းပဲနာမည်ပေးလိုက်တဲ့ ။
ဆင်ဦီးစီးပါစပ်က နာမည်လေးတစ်ခုကို ရွတ်လိုက်တယ် ။
ဘာတဲ့
“” မိုမို တဲ့ “””
“” မိုမို တဲ့ “””
ဆင်ဦီးစီးဟာ
ဆင်ငယ်လေးကိုလည်း ချစ် တယ် ။
သူ့ ဇနီးကိုလည်း ချစ် တယ် ။
သူ့ ဇနီးနာမည်က နော်မို့မို့ နာမည်ကို ရှေ့တစ်လုံး ဖြုတ်ပြီး ခေါ်လို့ကောင်းအောင်ပြင်လိုက်တယ် ။
“” မိုမို ရေ “” တဲ့
သူ့အသဲလေးတစ်ခြမ်းထားခဲ့တယ်လို့ထင်ပါတယ် ။
{ အဆုံးထိ ဖတ်ရူ့ပေးသည့်အတွက် ကျေးဇူးတင်ရှိပါသည် }
ဓါတ်ပုံ ရွှေအင်းသားခင်မောင်ဝင်း

Related posts

Leave a Comment

VOM News

FREE
VIEW