ကိဗ်ယက်၊ နိုဝင်ဘာ-၇-၂၀၂၄
မျိုးဆက်(VOM)
မြောက်ကိုရီးယားတပ်တွေနဲ့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ယူကရိန်းစစ်တပ် တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရုရှားနိုင်ငံ ကာ့စ်ဒေသမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ နိုဝင်ဘာ ၄ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာပါဝင်ခဲ့ပြီး မြောက်ကိုရီးယားစစ်သား အုပ်စုငယ်ကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီး ရူစတန်ယူမီရော့ဗ်က ကေဘီအက်စ် သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။
မြောက်ကိုရီးယားတပ်တွေ ရုရှားကို ရောက်ရှိလာတာနဲ့ပတ်သက်ပြီး တုံ့ပြန်ခြင်းမရှိတဲ့ အနောက်မဟာမိတ်နိုင်ငံတွေကို ပြစ်တင်ပြောဆိုထားတဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ မြောက်ကိုရီးယားနဲ့ ပထမဆုံးတိုက်ခိုက်မှုဟာ ကမ္ဘာမှာ မတည်မငြိမ်ဖြစ်မှုရဲ့ စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်တာလို့ သတိပေးထားပါတယ်။
.ယူကရိန်တပ်တွေ ခြေကုပ်ယူထားတဲ့ ကာ့စ်နယ်စပ်ဒေသမှာ မြောက်ကိုရီးယားစစ်သား ၁၁၀၀၀ ရှိတယ်လို့ ယူကရိန်းက ပြောဆိုထားပြီး အများစုဟာ လေ့ကျင့်မှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။
“ သူတို့က ရုရှားစစ်ယူနီဖောင်းတွေဝတ်ပြီး နည်းဗျူဟာပိုင်း လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး ရှေ့တန်းစစ်မျက်နှာတွေမှာ ရုရှားစစ်တပ်ရဲ့ ကွပ်ကွဲမှုနဲ့အတူ ဖြန့်ကြက်နေတယ် ”လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
တပ်ဖွဲ့ဝင် ၃၀၀၀ ပါတဲ့တပ်မငါးခုကို စစ်မြေပြင်တလျှောက် ဖြန့်ကြက်ထားနိုင်တယ်လို့ သူကဆိုပါတယ်။ ဇွန်လအတွင်းက ပူတင်ရဲ့ မြောက်ကိုရီးယား ခရီးစဉ်အတွင်း နှစ်နိုင်ငံဘက်စုံမဟာဗျူဟာမြောက် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဒီထဲမှာ နိုင်ငံတနိုင်ငံ စစ်ရေးအရရန်စခံရရင် ကျန်တနိုင်ငံက ကူညီပေးရမယ်ဆိုတဲ့ အချက်လည်း ပါဝင်နေပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...