Ms(VOM)
နိုဝင်ဘာ ၇၊၂၀၂၄
မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ဟာ ယူနက်စကိုရဲ့ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းပဏာမ ရွေးချယ်တဲ့အဆင့်မှာ ပါဝင်လာပြီဖြစ်ကြောင်း သိရပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးက တင်ပြထားကြတဲ့ အဆိုပြုစာတွဲတွေအနက် ယူနက်စကိုရဲ့ပဏာမအဆုံးအဖြတ်မှာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်တဲ့ အဆိုပြုစာတွဲတွေထဲမှာ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်စာတွဲပါဝင်လျက်ရှိတာကို ယူနက်စကိုရဲ့ Website မှာ အသိပေးထုတ်ပြန်ထားတာပါ။
အဆိုပါ မြန်မာတို့ရဲ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကမ္ဘာ့အသိအမှတ်ပြု ယူနက်စကို မှတ်တမ်းဝင် အေမွအနှစ်ဖြစ် ဖို့ကို လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့ မှာကျင်းပပြုလုပ်မယ့်(၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် မြန်မာနိုင်ငံမှ တင်သွင်းထားတဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အဆိုပြုစာတွဲနဲ့ပတ်သက်ပြီး တရားဝင်ဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း သိရပါတယ်။
“ပဏာမ ရွေးချယ်အတည်ပြုတဲ့အထဲ မြန်မာ့ရိုးရာအတာသသင်္ကြန်ပါတာပါ။ ဒီဇင်ဘာလမှာ လုပ်မယ့်(၁၉)ကြိမ်မြောက်ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာမှ အတည်ပြုမှာပါ။ ယူနက်စကိုစာရင်းဝင်သွားရင်မြန်မာ့ရိုးရာအတာသသင်္ကြန်ကဘာထူးခြားသွားလဲဆိုတော့ ကမ္ဘာကအသိ အမှတ်ပြုလိုက်တာပေါ့။ဒါကြောင့်နိုင်ငံမှာရှိတဲ့ နိုင်ငံသားအားလုံးဂုဏ်သိက္ခာပိုင်ဆိုင်ရာပေါ့ ဒါကိုလည်းကမ္ဘာက အသိအမှတ်ပြုလိုက်တဲ့သဘောပါပဲ ကျွန်တော်တို့နိုင်ငံအနေနဲ့လည်းဂုဏ်သိက္ခာပိုင်းဆိုင်ရာ အသိအမှတ်ပြု ခံလိုက်ရတာပါပဲ။ နောက်ဘာတွေဆက်လုပ်ရမလဲဆိုတော့ မြန်မာ့ရိုးရာအတာသသင်္ကြန်ပွဲက အခုမှဖြစ်တဲ့ပွဲမဟုတ်ပါဘူး။ပုဂံခေတ်ထဲကအရင်စတင်ကတည်းက ခုထိဘိုးဘွားတွေလက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ကြတာ ခုမျက်မှောက်ခေတ်ထိရောက်နေတော့ နောင်အနာဂတ်မျိုးဆက်သစ်တွေအထိထိန်းသိမ်းလက်ဆင့်ကမ်းသွားဖို့လည်း ကျွန်တော်တို့တွေမှာ တာဝန်ရှိပါတယ်။လက်ဆင့်ကမ်းဖို့ဆောင်ရွက်ရမှာလည်းမြန်မာ့ရိုးရာကိုမပျောက်ပျက်အောင်ထိန်းသိမ်းဖို့လိုပါတယ်လို့အသိပေးချင်ပါတယ်။ထိုင်းက ဆုန်ခရန် (သင်္ကြန်ပွဲ)ကလည်း သူ့နိုင်ငံမှာသူတို့အလေ့အထနဲ့သူတို့လုပ်သလို ကျွန်တော်တို့ မြန်မာ့ရိုးရာအတာသသင်္ကြန်ကလည်းကျွန်တော်တို့ဓလေ့နဲ့ကျွန်တော်တို့လုပ်တာပါ ဒါကမတူပါဘူး။ သူ့နိုင်ငံနဲ့သူပါ ။အဲဒီလိုပဲ မဲခေါင် ဒေသ တရုတ်၊လာအိုစတဲ့နိုင်ငံတွေမှာလည်း သူတို့ဓလေ့တွေရှိကြပါတယ်။ ယိုဒယားမှာဆုန်ခရန် သင်္ကြန်ဖြစ်လို့မြန်မာက သင်္ကြန်ကို အသိအမှတ်မပြုဘူးဆိုတာမဟုတ်ပါဘူး။ သူ့ဓလေ့နဲ့သူပါပဲ။”လို့ မြန်မာ့ရိုးရာအတာသသင်္ကြန် ကိုယူနက်စကို ကိုတင်ပြရာမှာ ပံ့ပိုးပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန က ဦးအောင်အောင်ကျော်(ညွန်ကြားရေးမှူး) ၊ရှေးဟောင်းသုတေသနဦးစီးဌာနကပြောပါတယ်။
မြန်မာ့ရိုးရာအတာသင်္ကြန်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုရန် ၂၀၂၃ ခုနှစ် မတ်လမှာ မြန်မာဘက်က မြန်မာယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှဦးဆောင်ကာယူနက်စကိုမှာ တင်ပြထားခြင်း ဖြစ်တယ်လို့သိရပါတယ်။
ထိုင်းနိုင်ငံတွင်လည်း နှစ်စဥ်ဧပြီလတိုင်း ကျင်းပလေ့ရှိသည့် ဆုန်ခရန် (သင်္ကြန်ပွဲ) ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ် ၂၀၂၃ ဒီဇင်ဘာ ၆ ရက်မှာ ယူနက်စကိုက သတ်မှတ်ထားပြီး မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ဟာ မြန်မာဘုရင်ေတွရဲ့ ထီးသုံးနန်းသုံး ပွဲတော်တစ်ခုအဖြစ်ပုဂံခေတ်နှောင်း ၁၃ရာစု ထဲကစတင်ခဲ့တာဖြစ်ရာ ထိုင်းဆုန်ခရန် (သင်္ကြန်ပွဲ)ကတော့ ၁၉ရာစုမှသာ စတင်တဲ့ပွဲတော်ဖြစ်လို့ မြန်မာသင်္ကြန်ပွဲတော် ထက် နောက်ကျမှ ကျင်းပတဲ့ပွဲတခုဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတွေအရသိရှိရပါတယ်။
Related posts
-
တရုတ် – မြန်မာ နယ်စပ်ဂိတ် တချို့ ဘိန်းအစားထိုး စိုက်ပျိုးရေး ထွက်ကုန် တင်ပို့ နိုင်ဖို့ ပြန်ဖွင့်
နိုဝင်ဘာ ၂၀၊ ၂၀၂၄ Shy V VOM တရုတ် – မြန်မာ... -
ရုရှားပိုင်နက်ထဲကို အမေရိကန်ရဲ့ ATACMS ဒုံးကျည်တွေနဲ့ ယူကရိန်း စတင်တိုက်ခိုက်ပြီ
မော်စကို၊ နိုဝင်ဘာ-၂၀-၂၀၂၄မျိုးဆက်(VOM)ယူကရိန်းဟာ ရုရှားပိုင်နက်ထဲကို အမေရိကန်ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ပထမဆုံးအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။ဒီဒုံးကျည်တွေနဲ့... -
This Day in History
Voice of Myanmarဗြိတိန်ဘုရင်မကြီးဖြစ်လာမည့် အဲလိဇဘတ် ၂ သည် ကြင်ယာတော်ဖြစ်သူ မင်းသားကြီး ဖိလစ်မောင့်ဘတ်တန်နှင့်...