တိုကျို၊ နိုဝင်ဘာ-၈-၂၀၂၄
ရတီ(VOM)
နစ်ဆန်း မော်တော်ကားကုမ္ပဏီဟာ တရုတ်နဲ့ အမေရိကန်မှာ ရောင်းအားကျဆင်းမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုကို လျှော့ချလိုက်တာကြောင့် အလုပ်သမားထောင်ပေါင်းများစွာကို အလုပ်ကနေ ရပ်နားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဂျပန်အခြေစိုက် မော်တော်ကားကုမ္ပဏီကြီးဟာ ကမ္ဘာတဝန်းမှာ ထုတ်လုပ်မှု ငါးပုံတပုံလျှော့ချမှာဖြစ်ပြီး ကုန်ကျစရိတ်သက်သာအောင်ကြိုးပမ်းမှုအဖြစ် အလုပ်အကိုင်ပေါင်း ၉၀၀၀ ကျော်ကို လျှော့ချမယ်လို့ ဆိုပါတယ်။
ဘယ်ဌာနတွေကို အဓိက လျှော့ချမလဲဆိုတာကိုတော့ အသေးစိတ် ပြောဆိုတာမျိုးမရှိသေးပါဘူး။ အင်္ဂလန်အရှေ့မြောက်ပိုင်း ဆန်းဒါးလန်းရှိ ကားစက်ရုံမှာတော့ အလုပ်သမားပေါင်း ၆၀၀၀ ကျော် ခန့်အပ်ထားပါတယ်။
နစ်ဆန်းဟာ ၂၀၂၄ ခုနှစ်အတွင်း သူ့ရဲ့လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်းကို ၇၀ ရာခိုင်နှုန်းထိ လျှော့ချခန့်မှန်းထားပြီး ဒါဟာ ဒုတိယအကြိမ်မြောက် စီးပွားရေးခန့်မှန်းချက်ကို ပြင်ဆင်တာလည်းဖြစ်ပါတယ်။
ဒီလို အလုပ်အကိုင်တွေလျှော့ချတာဟာ ကုမ္ပဏီကို သေးငယ်သွားစေတာမဟုတ်ဘဲ လုပ်ငန်းစုကို ကျစ်ကျစ်လစ်လစ်နဲ့ ရေရှည်ခံနိုင်ရည်ရှိအောင် ပြန်လည်ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ နစ်ဆန်းအမှုဆောင်အရာရှိချုပ် မာကိုတိုယူချီဒါက ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်မနက်ပိုင်းမှာတော့ တိုကျိုစတော့စျေးကွက်မှာ နစ်ဆန်းရဲ့ ရှယ်ယာတွေ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ တရုတ်စျေးကွက်မှာတော့ ပြိုင်ဆိုင်မှုတွေ ကြီးထွားနေတာကြောင့် ပြည်ပကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ ဘီဝိုင်ဒီလို တရုတ်ပြည်တွင်းကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ဖို့ ရုန်းကန်နေရပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
အမေရိကန် နုတ်ထွက်မှုကြောင့် WHO ရဲ့ ရန်ပုံငွေ လျှော့ချရဖွယ်ရှိနေ
ဂျီနီဗာ၊ ဖေဖော်ဝါရီ-၆-၂၀၂၅ ရတီ(VOM) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကနေ အမေရိကန်နုတ်ထွက်မှုကြောင့် အဖွဲရဲ့ ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ရန်ပုံငွေကို... -
ထာဝရ ငြိမ်းချမ်းရေးအမွေ လက်ဆင့်ကမ်းနိုင်ဖို့ အတူပါဝင်ကြရန် ကေအိုင်အိုဥက္ကဌ တိုက်တွန်း
ဖေဖော်ဝါရီ ၆၊ ၂၀၂၅ Shy V (VOM) နောင်လာနောက်သားတွေကို စစ် မဟုတ်ပဲ... -
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာရဲ့မိသားစုအိမ် မြေတူးစက်နဲ့ ဖြိုချဖျက်ဆီးခံရ
ဒါကာ၊ ဖေဖော်ဝါရီ-၆-၂၀၂၅ ရတီ(VOM) ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြသူတွေဟာ ရာထူးကနေ ပြုတ်ကျပြီးနို်ငငံကနေ ထွက်ပြေးသွားရတဲ့ ဝန်ကြီးချုပ်ဟောင်း...