မန္တလေး ၊ နိုဝင်ဘာ ၉- ၂၀၂၄
မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊(၁၀)ထပ်ဆောင်၊ (၆)လွှာရှိ၊ အထူးကြပ်မတ်ကုသဆောင် (ICU)မှာ ဆေးကုသမှုခံနေရတဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင်၊ ၇၄ နှစ်ဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် ည ၁၀ နာရီမှာ ကွယ်လွန်သွားခဲ့တယ်လို့ သက်ဆိုင်ရာက အတည်ပြုပါတယ်။
ဦးဝင်းခိုင်ဟာ အဂတိလိုက်စားမှုစွဲချက်နဲ့ အိုးဘိုထောင်မှာ ထောင်ဒဏ် ၂၈ နှစ် ကျခံနေရပြီး ၂၀၂၄ အောက်တိုဘာ၂၉ရက်က လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တာဖြစ်ပါတယ်။
သူ့ရဲ့နာရေးကို နိုဝင်ဘာလ ၉ ရက် ဒီနေ့ မနက် ၁၁ နာရီမှာ ဆေးရုံကြီးရေခဲတိုက်ကနေ ကြာနီကန်သုဿာန်ကို ပို့ဆောင်သင်္ဂြိုလ်မယ်လို့သိရပါတယ်။
သူ့ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖမ်းဆီးခဲ့ပြီး နိုင်ငံ့ဘဏ္ဍာငွေ ကျပ် ၆ ဘီလီယံခန့် နစ်နာမှုကြောင့်လို့ဆိုကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ နဲ့ အမှုဖွင့်ခံရပြီးနောက် ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။
ဦးဝင်းခိုင်ဟာ ပြီးခဲ့တဲ့အစိုးရလက်ထက်က ဆောက်လုပ်ရေးဝန်ကြီးအဖြစ် စတင် ခန့်အပ်ခံရသူဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရသူဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်လက်ထက် ဝန်ကြီးဦးဖေဇင်ထွန်း တာဝန်ကအနားယူခဲ့တဲ့အတွက် ဦးဝင်းခိုင်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၆ ရက်နေ့ကလည်း မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကို အရေးပေါ်ကုသနေချိန်မှာ လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး နောက်ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ပုံ crd#ပြန်ကြာရေးဝန်ကြီးဌာန
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...