တိုကျို၊ နိုဝင်ဘာ-၃၀-၂၀၂၄
ရတီ(VOM)
တရုတ်နဲ့ ရုရှားတို့ဟာ ဂျပန်နိုင်ငံအနီးမှာ လေတပ်ပူးတွဲပျံသန်းမှု ပြုလုပ်ခဲ့ပြီး စုစုပေါင်း လေယာဉ် ၁၀ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
တရုတ်ဗုံးကြဲလေယာဉ်နှစ်စင်းနဲ့ ရုရှားဗုံးကြဲလေယာဉ် နှစ်စင်းတို့ဟာ မနေ့ကနေ့လယ်ပိုင်းက ဂျပန်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်တို့ကို ဖြတ်သန်းပျံသန်းခဲ့ပြီး နောက်ထပ် ရုရှားလေယာဉ်တစင်းနဲ့ ပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။
တိုက်လေယာဉ်နဲ့ ထောက်လှမ်းရေးလေယာဉ်တွေအပါအဝင် တရုတ်စစ်လေယာဉ် ငါးစင်းဟာလည်း အဲဒီဒေသတွေမှာ ပျံသန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံအနီးမှာ ဒီလိုပျံသန်းမှုတွေနဲ့ပတ်သက်ပြီး ဂျပန်တိုက်လေယာဉ်တွေကို စေလွှတ်စောင့်ကြည့်ခဲ့ရပြီး ရုရှားနဲ့ ရုတ်လေယာဉ်တွေဟာ လေပိုင်နက်ကိုတော့ ချိုးဖောက်ဝင်ရောက်တာမရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီလေ့ကျင့်မှုဟာ ဂျပန်နိုင်ငံကို ရည်ရွယ်တယ်ဆိုတာ ထင်ရှားနေပြီး သံတမန်ရေးအရ ကန့်ကွက်မှုတွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ ဒါဟာ ယမန်နှစ် ဒီဇင်ဘာနောက်ပိုင်း ပထဆုံးအကြိမ်ဖြစ်ပြီး ဂျပန်အနီးမှာ တရုတ်နဲ့ ရုရှားလေယာဉ်တွေ ပျံသန်းမှု ကိုးကြိမ်ရှိလာပြီလို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒေသတွင်းမှာ တရုတ်နဲ့ ရုရှားတို့ရဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လာတာနဲ့ပတ်သက်ပြီး ဂျပန်အနေနဲ့ သတိအနေအထားနဲ့ စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ဂျပန်စစ်တပ် တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:NHK
Photo:Getty Images
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...