ZY(VOM)
ဒီဇင်ဘာ ၁၊ ၂၀၂၄
ထိုင်း-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အမှတ်(၁) မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား နယ်စပ်ဂိတ်မှာ PV (Passport Visit) ပတ်စပို့စ်နိုင်ငံကူးလက်မှတ်နဲ့ ထိုင်းနိုင်ငံသွားရောက်မယ့်သူတွေကို နိုဝင်ဘာလ နောက်ဆုံးပါတ်ကစတင်ပြီး ယာယီပိတ်ပင်ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ ချစ်ကြည်ရေးတံတား (၁) နယ်စပ်ဂိတ်မှာ PV နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကို စစ်ဆေးမှုတွေတင်းကြပ်ပြီး အထက်လူကြီး အမိန့်ကြောင့်ဟုဆိုကာ ယာယီပိတ်ပင်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
“အရင်တုန်းကတော့ ဂိတ်မှာ ကြားလူကတဆင့် ပိုက်ဆံပေးပြီး ညှိနှိုင်းသွားလို့ရတယ်။ အခုက မရတော့ဘူး။ အကြောင်းအရင်းသေသေချာချာလည်း မသိရပဲ အထက်လူကြီးအမိန့်ကြောင့် သွားလို့မရသေးဘူးဆိုပြီး လှည့်ပြန်ခိုင်းတယ်။ ဘယ်တော့သွားလို့ရမလဲမေးတော့ သူတို့လည်း သေချာမသိသေးဘူးလို့ ပြောတယ်။ ဆေးသွားကုမယ့်သူတွေကိုလည်း ဆေးရုံနဲ့ အုပ်ချုပ်ရေးပိုင်းက ထောက်ခံစာ အပြည့်အစုံပါမှ သွားခွင့်ပေးတာ။ သူတို့နဲ့ နီးစပ်တဲ့ ပိုက်ဆံရှိတဲ့လူတွေ၊ လူကြီးသားသမီးတွေတော့ သွားလို့ ရနေတာပဲ”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
အဲဒီချစ်ကြည်ရေးတံတားကနေ PV နိုင်ငံကူးလက်မှတ်နဲ့ ထိုင်းနိုင်ငံသွားရောက်ကာ အလည်အပတ် ဗီဇာသက်တမ်းကုန်ဆုံးပါက မြန်မာနိုင်ငံဖက်ကို ပြန်မလာတော့ဘဲ ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်သူများပြားလာတာကြောင့် အခုလိုပိတ်ပင်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လမှ စတင်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ PV နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက်ခွာသူတွေကို တင်းကြပ်စစ်ဆေးခဲ့ပြီး ပြည်ပထွက်ခွင့်မပြုမှု များပြားလာတာကြောင့် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ နယ်စပ်ဂိတ်မှတဆင့် ထိုင်းဘက်ကို ဝင်ရောက်မှု ပိုမိုများပြားလာနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-Local
Related posts
-
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့... -
HMPV ဗိုင်းရပ်စ်ကူးစက်မှု အထူးစိတ်ပူစရာမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးပြော
ဇန်နဝါရီ ၁၀ – ၂၀၂၅GG (VOM)HMPV ရောဂါက ဆောင်းရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါဖြစ်တဲ့အပြင် ရောဂါကြောင့် သေဆုံးနူန်းကလည်း... -
တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဖို့ ကချင်ပြည်နယ်နေ့မှာ နစကဥက္ကဋ္ဌ တိုက်တွန်းပေမယ့် ကချင်မှာ စစ်ရေးအရှိန်မြင့်
ဇန်နဝါရီ ၁၀ – ၂၀၂၅SN (VOM)ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့...