ဆိုးလ်၊ ဒီဇင်ဘာ-၇-၂၀၂၄
မျိုးဆက်(VOM)
ပြီးခဲ့တဲ့ အင်္ဂါနေ့ညက စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခဲ့မိတာနဲ့ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်က ပြည်သူတွေကို တောင်းပန်လိုက်ပါတယ်။
ကွန်မြူနစ်မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုနဲ့ ပြည်တွင်အဖျက်သမားတွေကို ဟန့်တားဖို့လိုအပ်တယ်ဆိုကာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ခဲ့ပေမယ့် ပြည်သူတွေနဲ့ လွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်မှုကြောင့် ခြောက်နာရီအကြာမှာ ပြန်လည်ရုပ်သိမ်းခဲ့ရပါတယ်။
စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်မိလို့ ဖြစ်ပေါ်လာတဲ့ အဆင်မပြေမှုတွေအတွက် တောင်းပန်ပါတယ်။ အရမ်းအံ့ဩသွားတဲ့ ပြည်သူတွေကိုလည်း တောင်းပန်ပါတယ်လို့ သမ္မတယွန်းဆွတ်ခ်ယိုးလ်က ပြောပါတယ်။
ဒါဟာ နိုင်ငံရေးမတည်ငြိမ်ဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူသိရှင်ကြား ပြောဆိုမှုလည်းဖြစ်ပါတယ်။ သူရာထူးတာဝန် ဆက်လက်ထမ်းဆောင်တာအပါအဝင် နိုင်ငံရေးတည်ငြိမ်အောင် ဘယ်လိုဆုံးဖြတ်မယ်ဆိုတာက အာဏာရပါတီအပေါ် မူတည်တယ်လို့ သူက ဆိုပါတယ်။
အာဏာရပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မျက်နှာစုံညီအစည်းအဝေးကို မနေ့ကပြုလုပ်ခဲ့ပြီး ဒီကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီနေ့ညနေ ငါးနာရီမှာ သမ္မတအပေါ် စွပ်စွဲပြစ်တင်မှုစတင်ခင်မှာ အစည်းအဝေးထပ်လုပ်ဖို့ ရှိနေပါတယ်။
တောင်ကိုရီးယားအတိုက်အခံပါတီတွေဟာ သမ္မတကို ဖြုတ်ချဖို့ ဆန္ဒရှိနေကြပြီး အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီနဲ့အခြားပါတီက အမတ်ငါးယောက်ဟာ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖို့ အဆိုတင်သွင်းခဲ့ကြပါတယ်။
အဆိုကို အတည်ပြုဖို့ အမတ်သုံးပုံနှစ်ပုံက အတည်ပြုရမှာဖြစ်ပြီး အာဏာရ ပီပီပီ ပါတီရဲ့ လွှတ်တော်အမတ်ရှစ်ယောက်က အတိုက်အခံတွေနဲ့အတူ မဲပေးဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့် ဒီကိစ္စအပေါ် ကွဲလွဲမှုတွေ မရှိဘူးလို့ ပြောဆိုထားကြပါတယ်။
Ref:NHK
Photo:AP
Related posts
-
ထရန့်ရဲ့ ကျမ်သစ္စာကျိန်ဆိုပွဲ တရုတ်ဒုတိယသမ္မတကို စေလွှတ်မယ်
ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) တရုတ်ဒုတိယသမ္မတ Han Zheng ကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန်ရဲ့... -
မော်လူးမြို့ လေကြောင်းတိုက်ခိုက်မှု သုံးယောက်သေပြီး ဒဏ်ရာရတာတွေရှိ
ဇန်နဝါရီ ၁၇ -၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ဇန်နဝါရီ... -
ကာကွယ်ဆေး မထိုးရသေးသူနဲ့ အကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးငယ်တွေကို Big Catch up ကာကွယ်ဆေးထိုး အစီအစဉ် စတင်မယ်
ဇန်နဝါရီ ၁၇ – ၂၀၂၄ GG (VOM) အသက် ၁ နှစ်မှ...