ဆိုးလ်၊ ဒီဇင်ဘာ-၂၄-၂၀၂၄
ရတီ(VOM)
ယခုနှစ်ကုန်မှာ ကျင်းပဖို့စီစဉ်ထားတဲ့ မြောက်ကိုရီးယားအာဏာရပါတီရဲ့ အဓိကအစည်းအဝေးကာလမှာ မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည် ပစ်ခတ်စမ်းသပ်နိုင်တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
မြောက်ကိုရီးယားဟာ လောင်စာခဲသုံး ပဲ့ထိန်းဒုံးကျည်တွေ ထုတ်လုပ်နေတာနဲ့ ရွှေ့ပြောင်းနေတာတွေကို အတည်ပြုနိုင်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောပါတယ်။
မြောက်ကိုရီးယား အာဏာရပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေးမတိုင်ခင် သို့မဟုတ် အစည်းအဝေးအပြီးမှာ အသံထက်မြန်တဲ့ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်နိုင်တယ်လို့ တောင်ကိုရီးယားစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။
လာမယ့်လမှာ အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရန့် ကျမ်းသစ္စာကျိန်ဆိုတာအပါအဝင် ပြည်တွင်းနဲ့ နိုင်ငံတကာ ရေးရာတွေနဲ့ ချိန်ကိုက်သား ဒုံးကျည်စမ်းသပ်မှုပြုနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း မြောက်ကိုရီးယားရဲ့ ပြင်ဆင်နေတဲ့ အချက်အလက်တွေအရ ယခုနှစ်အတွင်းမှာ စစ်ထောက်လှမ်းရေးဂြိုဟ်တုကို လွှတ်တင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
လာမယ့်နှစ်မှာတော့ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်ပစ်ခတ်တာအပါအဝင် အမေရိကန်နဲ့ ညှိနှိုင်းမှုပြုနိုင်တဲ့ အခြေအနေတည်ဆောက်ဖို့ နျူကလီးယားစမ်းသပ်မှုတွေနဲ့ ရန်စတာမျိုးတွေ ပြုလုပ်လာနိုင်တယ်လို့ တောင်ကိုရီးယား စစ်တပ်က သတိပေးထားပါတယ်။
လက်ရှိမှာတော့ ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်သဘောတူစာချုပ်အရ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်နေပြီး ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားစစ်သားတွေက ရုရှားဘက်က ကူညီတိုက်ခိုက်နေပါတယ်။
Ref:NHK
Photo:Reuters
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...