Voice of Myanmar အီဂျစ်သမ္မတ မိုဟာမက်မော်စီသည် ၎င်း၏အုပ်ချုပ်မှုကိုဆန့်ကျင်သည့် ဆန္ဒပွဲများ အကြီးအကျယ်ဖြစ်ပွားပြီးနောက် ၂၀၁၃ ခုနှစ် ဇူလိုင် ၃ ရက်တွင် စစ်တပ်က ၎င်းအားရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရသည်။ #Voiceofmyanmar #VOM #ThisDayInHistory #July3
Read MoreYear: 2024
တိုက်ပွဲတွေကြောင့် နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့နယ်က စာသင်ကျောင်းအားလုံး ပိတ်ထားရ
ဇူလိုင် ၂၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်းက လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ စာသင်ကျောင်းတွေ အကုန်လုံး ပိတ်ထားရပြီး တိုက်ပွဲ ဖြစ်ပွားတာမရှိပေမယ့် စစ်ရေးတင်းမာလာနိုင်တဲ့ နေရာဒေသတွေမှာလည်း ကျောင်းဖွင့်ပေမယ့် ကလေးတွေကို မလွှတ် ရဲကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေက ကျောင်းတွေ အားလုံးက မဖွင့်ဘူး။ ဖွင့်လည်း ဘယ်မိဘမှ မလွတ်ရဲဘူးလေ။ နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့နယ်ထဲက ကျောင်းတွေ အကုန် ပိတ်ပြီ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လက်ရှိတော့ နောင်ချိုနဲ့ ကျောက်မဲ မှာ တိုက်ပွဲ ပြင်းထန်နေပြီး သီပေါမှာတော့ တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိပေမယ့် စစ်ရေး တင်းမာနေတာကြောင့် ဘုန်းကြီးစာသင်ကျောင်းက ကိုရင်တွေ၊…
Read Moreမြစ်ကြီးနားမှာ မြစ်ရေ စိုးရိမ်မှတ်ထက် ငါးပေကျော်လွန်နေပြီး စက်သုံးဆီ ဝယ်မရတာကြောင့် ကယ်ဆယ်ရေး ခက်ခဲ
ဇူလိုင် ၁၊ ၂၀၂၄ မြစ်ကြီးနားမှာ ရေတွေ စိုးရိမ်မှတ်ထက် ကျော်လွန်ဆက် တက်နေပြီး စက်သုံးဆီ ဝယ်မရတာကြောင့် ကယ်ဆယ်ရေး ခက်ခဲနေကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “စက်သုံးဆီတွေ ဝယ်ရခက်နေတာ။ မနေ့ညနေကလည်း ကျွန်မလည်း ဆိုင်ကယ် ဆီ ထပ်မဖြည့်ထား မိလို့ ခက်နေပြီ။ ကျွန်မရဲ့ ဆိုင်ဘက်လည်း ရေလျှံနေပြီ။ ပစ္စည်း သွားသယ်ရမှာ။ ဆီဆိုင်တွေလည်း ရေတက်လာတော့ ပိတ်တဲ့ ဆိုင်တွေ ပိတ်ကုန်ပြီ။ ဆီဝယ်ရခက်နေတာ။ စက်သုံးဆီ ဝယ်မရလို့ ကယ်ဆယ်ရေးလုပ်နေသူတွေ အခက်အခဲ ဖြစ်နေကြတယ်။” လို့ စီတာပူ မှာ ဆိုင်ဖွင့်ထားတဲ့ အမျိုးသမီး တယောက်က ပြောပါတယ်။ ဧရာဝတီ မြစ်ဘေး တလျှောက်နဲ့ မြစ်ကြီးနား မြေနိမ့်ပိုင်း ရပ်ကွက်တွေ အားလုံးမှာ ရေတွေ ဝင်ကုန်ပြီ လို့ သူက ပြောပါတယ်။ “ကျွန်မ အသိတွေတောင်…
Read Moreမင်းတပ်မှာ စစ်ရေးတင်းမာနေလို့ မြို့ခံ ၈၀ ရာခိုင်နှုန်း မြို့ကိုစွန့်ခွာ
ဇူလိုင် ၁ – ၂၀၂၄ SN (VOM) မင်းတပ်မှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတာကြောင့် မြို့ခံ ၈၀ ရာခိုင်နှုန်းလောက် မြို့ကိုစွန့်ခွာပြီး တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်အရေး ကူညီသူတွေက ပြောပါတယ်။ မတူပီမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်အင်အားစုတွေက သိမ်းပိုက်လိုက်ပြီးနောက် ချင်းပြည်နယ်အတွင်း ကျန်ရှိနေသေးတဲ့ နစကတပ်စခန်းတွေကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်သွားမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက်မှာ မြို့ခံအများစု နေရပ်စွန့်ခွာနေကြတာဖြစ်ပါတယ်။ ချင်းညီနောင် မဟာမိတ်အနေနဲ့ ဇွန်လ ၁၇ ရက်က မတူပီမြို့ရှိ နစက ခြေမြန်တပ်ရင်း (ခမရ – ၃၀၄) ကို သိမ်းပိုက်ခဲ့ပြီး ဇွန် ၂၉ ရက်နေ့မှာတော့ ချင်းပြည် (တောင်ပိုင်း) မှာ အကြီးဆုံးဖြစ်တဲ့ စစ်ဗျူဟာနဲ့ ခြေလျင်တပ်ရင်း (ခလရ – ၁၄၀) တပ်ရင်းတို့ကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာကြောင့်…
Read Moreသတ်မှတ်စျေးနဲ့ရောင်းချတဲ့ ဆန်တွေထဲ အရည်အသွေးညံဆန်တွေ ရောနှောရောင်းချမှုရှိနေ
ဇူလိုင်-၁ – ၂၀၂၄ GG (VOM) သတ်မှတ်ရည်ညွှန်ဈေးနူန်းနဲ့ရောင်းချပေးတဲ့ ဆန်တွေထဲမှာ ဆန်ဆိုင်နဲ့ဆန်ပွဲရုံအချို့က ထမင်းအဖြစ် ချက်ပြုတ်စားဖို့အတွက် အဆင့်မမှီတဲ့ အရည်အသွေးမကောင်းတဲ့ဆန်တွေကိုပါရောနှောရောင်းချပေး နေတယ်လို့ ဝယ်ယူစားသုံးသူတွေဆီကသိရပါတယ်။ ” ဆန်တပြည်ဝယ်တာ ၃၀၀၀ နဲ့ရောင်းတဲ့ဆန်ကဘာဆန်မှန်းကိုမသိဘူး။ ထုတ်ပြီးသားပေးတာ။ ဆန်တပြည်၃၀၀၀ ဆိုပြီးဆိုင်းဘုတ်တပ်ပြီးသာရောင်းတာ အလှူလုပ်သလိုလိုနဲ့ ပြည်သူကိုဂျင်းထည့်နေတာ။ဝယ်လာတဲ့ဆန်တပြည်ကို ပထမသုံးလုံးချက်တယ်။လွှင့်ပစ်ရတယ်။နောက်သုံးလုံးထပ်ချက်တော့လည်း ပျော့စိစိကြီး ။ ဆန်အရောင်ကလည်း မီးခိုးရောင်ကြီး ” လို့ ပဲခူးအနောက်ခြမ်း စားသုံးသူ တယောက်က ပြောပြပါတယ်။ ဆန်ရည်ညွှန်းဈေးနဲ့ ရောင်းချပေးတဲ့ဆန်တွေထဲမှာ အရည်အသွေးမကောင်းတဲ့ ဆန်တွေအပြင် အဝါဖောက်ဆန်တွေကိုပါရောနှောရောင်းချပေးနေကြတာဖြစ်တယ်လို့ စားသုံးသူတွေဆီက သိရပါတယ်။ သတ်မှတ် ဆန်ရည်ညွှန်းဈေးဧည့်မထ ဆန်တပြည် ၃၀၀၀ ၊ ပေါ်ဆန်းတပြည် ၅၀၀၀ နဲ့ရောင်းချပေးနေတဲ့ ဆန်စက်၊ဆန်ပွဲရုံ၊ဆန်ဆိုင်အများစုက ဆန်သီးသန့်ထားကာ ထုတ္ပိုးထားတာကို ရောင်းချပေးတာဖြစ်ပြီး ဆန်ကြမ်းအုပ်စုဝင်ဆန်တိုင်း၊ရွှေဘိုပေါ်ဆန်းအားလုံးကို ရောင်းချပေးတာမဟုတ်ဘူးလို့လည်းသိရပါတယ်။ ” အခု ကုမ္ပဏီ တံဆိပ်နဲ့ရွှေဘိုပေါ်ဆန်းထူးရှယ်တွေက…
Read Moreမိုးကုတ်မှာ ကုန်ဈေးနှုန်းတွေ အဆမတန် ဈေးတက်လာပြီး ကုန်စည်တွေပါ ပြတ်လပ်လာ
ဇူလိုင် ၁၊ ၂၀၂၄ Shy V(VOM) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားတာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန် ဈေးတက်လာပြီး ကုန်စည်တွေပါ ပြတ်လပ်လာနေတယ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မိုးကုတ်မှာ ကြက်ဥ တလုံး ၁၀၀၀ ထိ ဈေးတက်လာတယ်။ စက်သုံးဆီတွေလည်း ပြတ်လပ်တာတွေ ရှိတယ်ရှင့်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ခရမ်းသီး တလုံး ၂၀၀၀ ကျပ်၊ ခရမ်းချဥ်သီး တပိသဿာ ၁၆၀၀၀ ကျပ်၊ ကြက်ဥ တလုံး ၁၀၀၀ ကျပ်၊ ချဥ်စပ်ေခါက်ဆွဲ တထုပ် ၁၀၀၀ ကျပ် အဲဒီလိုတွေရောင်း နေပြီလို့ သူက ပြောပါတယ်။ တိုက်က်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားပြီး ကုန်စည် ပြတ်တောက်မှုတွေ ဖြစ်လာသလို ဖုန်းလိုင်းတွေပါ ပြတ်တောက်ကုန်တယ်လို့ ဆိုပါတယ်။ ဒါအပြင်…
Read Moreမတ္တရာမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ရွာလုံးကျွတ် တိမ်းရှောင်နေရတာတွေ ရှိနေ
ဇူလိုင် ၁ – ၂၀၂၄ SN (VOM) မန္တလေးတိုင်း၊ မတ္တရာမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ကျေးရွာနေပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေး-မိုးကုတ် ကားလမ်းပေါ်မှာရှိတဲ့ နစကပိုင် Alpha ဘိလပ်မြေစက်ရုံအနီးမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေနဲ့ နစကတပ်တို့ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့ကစပြီး တိုက်ပွဲတွေပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ “ငါးရက်လောက် ရှိနေပြီ။ ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်နေလို့ ဘယ်သူမှ မနေရဲကြဘူး။ အကုန် ထွက်ပြေးနေရတယ်” လို့ မတ္တရာမြို့နယ်၊ အောင်သပြေရွာမှ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။ မနေ့ ဇွန် ၃၀ ရက်ကလည်း အောင်သပြေကျေးရွာအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ပြည်သူတွေ ထိခိုက်မှု…
Read Moreယူကရိန်းအရှေ့ပိုင်း ဒွန်နက်ခ်ဒေသတခုလုံးကို ထိန်းချုပ်ဖို့ ရုရှားတပ်တွေ ကြိုးပမ်းနေ
မော်စကို၊ ဇူလိုင်-၁-၂၀၂၄ မျိုးဆက်(VOM) ရုရှားဟာ ယူကရိန်နိုင်ငံအရှေ့ပိုင်းမှာ သူ့ရဲ့ထိုးစစ်ကို အရှိန်မြှင့်တင်နေပြီး ဒွန်နက်ခ်ဒေသရှိ ရွာနှစ်ရွာနဲ့ နယ်မြေအချို့ကို ပြီးခဲ့တဲ့နေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားစ်တပ်က ထုတ်ပြန်ပါတယ်။ ရုရှားရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း လူကိုးယောက်သေဆုံးပြီး ၁၆ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း ဒွန်နက်ဒေသအုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ ရုရှားကတော့ ယူကရိန်းရဲ့ ဒွန်နက်ခ်ဒေသကို အပြည့်အ၀ ထိန်းချုပ်ဖို့ ကြိုးပမ်းနေပြီး ရုရှားတပ်တွေ ပိုမိုအောင်မြင်မှုရမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ရုရှားရဲ့ ထိုးစစ်အရှိန်မြှင့်တင်လာတာနဲ့အမျှ ယူကရိန်းမှာလည်း သေဆုံးဒဏ်ရာရသူ အရေအတွက် ဆက်လက်မြင့်တက်လာပါတယ်။ ဒီထဲမှာတော့ သေဆုံးသွားတဲ့ ကလေးငယ် ၅၅၄ ယောက်ရှိပြီး ၁၄၁၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းအစိုးရရှေ့နေတွေကပြောပါတယ်။ ထိခိုက်သေဆုံးမှုအများဆုံးကတော့ ဒွန်နက်စ်ဒေသနဲ့ ခါကိဗ်ဒေသတို့မှာဖြစ်ပါတယ်။ ယူကရိန်းတောင်ပိုင်း ဇာပိုရစ်ဇီးယားဒေသမှာလည်း ပြီးခဲ့တဲ့စနေနေ့က ရုရှားရဲ့တိုက်ခိုက်မှုကြောင့် ကလေးငယ်သုံးယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မကြာသေးမီကလည်း ရုရှားဟာ ယူကရိန်းစွမ်းအင်အခြေခံအဆောက်အဦတွေကို…
Read Moreဂါဇာမြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ အစ္စရေးတင့်ကားတပ်တွေ ထိုးစစ်အရှိန်မြှင့်
ဂါဇာစီးတီး၊ ဇူလိုင်-၁-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးတပ်တွေဟာ တင့်ကားတွေနဲ့အတူ ဂါဇာမြောက်ပိုင်း ရှီဂျာရီယာအရပ်နဲ့တောင်ပိုင်းရှိ ရာဖာမြို့အလယ်နဲ့ အနောက်ပိုင်းတို့ကို စစ်ဆင်ရေးတွေ ပိုမိုတိုးချဲ့လာပြီး ပါလက်စတိုင်းခြောက်ဦးထက်မနည်း သေဆုံးပြီး နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ လေးရက်ကစပြီး ရှီဂျာရီယာကို ပြန်လည်ဝင်ရောက်လာတဲ့ အစ္စရေးတင့်ကားတွေရဲ့ပစ်ခတ်ခဲ့ကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ပြီး ကျည်တွေကျရောက်မှုကြောင့် ပိတ်မိနေသူလည်းရှိတယ်လို့ ဆိုပါတယ်။ အစ္စလာမ္မစ်စစ်သွေးကြွ ဟားမတ်စ်တို့အပေါ်စစ်ပွဲဟာ အနိုင်ကလွဲပြီး ဘာနဲ့မှ အစားမထိုးဘူးလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မနေ့ကပြုလုပ်တဲ့ အပတ်စဉ် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။ “ဟားမတ်စ်တွေကို ချေမှုန်းပစ်ဖို့၊ ဓါးစာခံတွေအားလုံး လွတ်မြောက်ဖို့၊ ဂါဇာကမ်းမြှောင်ဒေသကနေ အစ္စရေးကို နောက်တစ်ကြိမ် မခြိမ်းခြောက်နိုင်အောင်နဲ့ ဒေသခံတွေ ဘေးကင်းစွာနဲ့ ပြန်လည်နေထိုင်နိုင်ဖို့ရည်မှန်းချက်တွေ အပြည့်မချင်း တိုက်ပွဲဝင်ဖို့ ကတိပြုတယ်” လို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။ နေတန်ယာဟုရဲ့ ဒီလိုမှတ်ချက်ပြုပြောဆိုအပြီးမှာတော့ ဟားမတ်စ်တို့ဟာ သူတို့ရဲ့…
Read Moreမြောက်ကိုရီးယား ပစ်ခတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တစင်း ပြုံးယမ်းအနီး ကုန်းတွင်းပိုင်းမှာ ပေါက်ကွဲ
ဆိုးလ်၊ ဇူလိုင်-၁-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ဇူလိုင် ၁ ရက်နေ့က ပဲ့ထိန်းဒုံးကျည်နှစ်စင်းပစ်ခတ်ခဲ့ပြီး တစင်းဟာ ပျံသန်းနေစဉ် ပေါက်ကွဲမှုခဲ့ပြီး ကုန်းတွင်းပိုင်းကို အပျက်အစီးများ ကျရောက်နိုင်ကြောင်း တောင်ကိုရီးယား စစ်တပ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒုံးကျည်နှစ်စင်းစလုံးကို အရှေ့မြောက်ဘက်သို့ ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယမြောက်ဒုံးကျည်ဟာ မြို့တော်ပြုံးယမ်းနဲ့ နီးစပ်တဲ့ဒေသမှာ ပေါက်ကွဲခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူ လီဆောင်ဂျွန်းကပြောပါတယ်။ မြောက်ကိုရီးယားဟာ ကီလိုမီလိုမီ ၆၀၀ ခရီးရောက်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တစင်းနဲ့ ကီလိုမီတာ ၁၂၀ ခရီးရောက်တဲ့ ပဲ့ထိန်းဒုံးကျည်တစင်းတို့ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒုံးကျည်ပစ်လွှတ်မှုအကြိုအဆင့်မစပြီး ပျံသန်းမှုကို ခြေရာခံခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြင်းထန်စွာခြိမ်းခြောက်တဲ့ ရန်စမှုဖြစ်ကြောင်း ဂျပန်နဲ့ တောင်ကိုရီးယားအစိုးရတို့က ရှုတ်ချထားပါတယ်။ ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ လက်ရှိပြုလုပ်နေတဲ့ သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို…
Read More