ဘေရွတ်၊ နိုဝင်ဘာ-၁-၂၀၂၄မျိုးဆက်(VOM)ဂါဇာမှာ အပစ်မရပ်မချင်း အစ္စရေးကို ဆက်တိုက်သွားမယ်လို့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ရဲ့ ခေါင်းဆောင်သစ် နာရင်းမ်ကာဆမ်က သတိပေးပြောဆိုလိုက်ပါတယ်။မကြာသေးမီက အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အဖွဲ့ခေါင်းဆောင် ဟတ်ဆန်နာဆရယ်လာ အသတ်ခံခဲ့ရတာကြောင့် နာရင်းမ်ကာဆမ်ကို ခေါင်းဆောင်သစ်အဖြစ် တင်မြောက်ခဲ့ပြီးနောက် တရက်အကြာမှာ ဗီဒီယိုတခုထုတ်ပြန်ပြီး အခုလို ပြောဆိုခဲ့တာပါ။အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ လက်ဘနွန်ကိုကာကွယ်ဖို့နဲ့ ပါလက်စတိုင်းတို့ကို ထောက်ခံဖို့ဖြစ်ပြီး အဖွဲ့ရဲ့ နိုင်ငံရေးမူဘောင်တွေအတွင်း စစ်ရေးအစီအစဉ်တွေကို ဆက်လုပ်သွားမယ်လို့ နာရင်းမ်ကာဆမ်က ပြောပါတယ်။အစ္စရေးဟာ ပြီးခဲ့တဲ့နေ့လည်း လက်ဘနွန်ရှိ ဟဇ်ဘိုလာတို့ကို မြေပြင်ထိုးစစ် ဆက်လက်ဆင်နွှဲနေသလို ဒုံးကျည် တိုက်ခိုက်မှုအပါအဝင် ပစ်မှတ် ၁၀၀ ကျော်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။ဒေသခံတွေကို ဘေးလွတ်ရာရှောင်ရွှေ့ပြောင်းဖို့ သတိပေးပြီးနောက် ဘဲလ်ဘက်ခ်နဲ့ ဝန်းကျင်ဒေသတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟဇ်ဘိုလာတို့ကလည်း အစ္စရေးဘက်ကို ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ဒီအတောအတွင်း ဟဇ်ဘိုလာတို့ကို အဓိကကျောထောက်နောက်ခံပြုထားတဲ့ အီရန်နဲ့…
Read MoreYear: 2024
ဟွာဆာင်-၁၉ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်အောင်မြင်ပြီလို့ မြောက်ကိုရီးယား ကြေညာ
ပြုံးယမ်း၊ နိုဝင်ဘာ-၁-၂၀၂၄မျိုးဆက်(VOM)မြောက်ကိုရီးယားစစ်တပ်ဟာ ဟွာဆောင်-၁၉ တိုက်ချင်းပစ်ဒုံးကျည်သစ်ကို အောင်မြင်စွာ စမ်သပ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ယူကရိန်းစစ်မြေပြင်မှာ ရုရှားကိုကူတိုက်ဖို့ မြောက်ကိုရီးယားစစ်သားတွေ စေလွှတ်ထားတဲ့အပေါ် နိုင်ငံတကာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေချိန်မှာ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ခဲ့တာဖြစ်ပြီး ဒုံးကျည်ဟာ ပစ်မှတ်ကို မထိမှန်ခင် စံချိန်တင် အမြင့်ကနေ ပျံသန်းခဲ့ပါတယ်။ဒုံးကျည်ဟာ အမြင့် ၇၆၈၇ ကီလိုမီတာကနေ ပျံသန်းခဲ့ပြီး ကီလိုမီတာ ၁၀၀၀ ကျော်အကွာရှိ ဂျပန်ပင်လယ်ထဲက ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ထားပြီး ကမ္ဘာ့အားအပြင်းဆုံး မဟာဗျူဟာမြောက် ဒုံးကျည်လို့ ဆိုပါတယ်။လေထုထဲကို ဒုံးကျည်ပြန်လည်ဝင်ရောက်လာချိန်မှာ ပစ်မှတ်ကို လမ်းညွှန်နိုင်မှုနဲ့ နျူကလီးယားထိပ်ဖူးကို ကာကွယ်နိုင်မှုအပေါ် မေးခွန်းထုတ်စရာတွေရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။မြောက်ကိုရီးယားရဲ့ နျူကလီးယားတပ်ဖွဲ့တွေ အင်အားတောင့်တင်းရေးလမ်းကြောင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကင်ဂျုံအန်က အလေးပေးပြောဆိုပါတယ်။ကုလသမဂ္ဂက တားမြစ်ပိတ်ပင်ထားသော ဒုံးကျည်အမျိုးအစားကို စမ်းသပ်ပစ်ခတ်ခဲ့ခြင်းအပေါ် ကုလသမဂ္ဂ၊ အမေရိကန်၊ တောင်ကိုရီးယားအပါအဝင်…
Read Moreအငြင်းပွားဖွယ်ရေပြင်မှာ တရုတ်လေယာဉ်တင်သင်္ဘောနှစ်စင်း ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်
ပေကျင်း၊ နိုဝင်ဘာ-၁-၂၀၂၄ရတီ(VOM)တရုတ်စစ်တပ် လေယာဉ်တင်သင်္ဘောနှစ်စင်းဟာ အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ် ရေပြင်မှာ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။လေယာဉ်တင်သင်္ဘော လျှောင်နင်းနဲ့ ရှန်ဒေါင်းတို့ စစ်ရေးလေ့ကျင့်မှုမှ ပါဝင်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနကဆိုပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ် နယ်မြေအများစုကို ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုထားပြီး ဒေသတွင်းနိုင်ငံတွေနဲ့ အငြင်းပွားနေပါတယ်။လေ့ကျင့်မှုကာလအတွင်း လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အုပ်စုတွေဟာ ပင်လယ်ဝါ၊ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တို့ကို ဖြတ်သန်းလုပ်ဆောင်ခဲ့တယ်လို့ တရုတ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။တရုတ်နိုင်ငံမှာ လျှောင်နင်းနဲ့ ရှန်ဒေါင်း လေယာဉ်တင်သင်္ဘော နှစ်စင်းအပြင် တတိယမြောက် လေယာဉ်တင်သင်္ဘော ဖူကျန်ကိုလည်း ၂၀၂၂ ခုနှစ် ဇွန်လမှာ ထုတ်ဖော်ပြသခဲ့ပြီး ဒီသင်္ဘောကတော့ တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိသေးဘဲ စမ်းသပ်မှုမတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ဒီလေ့ကျင့်မှုဟာ တရုတ်ရေတပ် နှစ်စဉ်စစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအဖွဲ့တွေရဲ့ စွမ်းရည်ကို မြှင့်တင်ဖို့ ရည်ရွယ်ကြောင်း တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်။တရုတ်နဲ့…
Read Moreကွတ်ခိုင်မှာ လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်ခံရလို့ လူ တယောက်သေဆုံး
နိုဝင်ဘာ ၁၊ ၂၀၂၄ Shy V(VOM) TNLA သိမ်းပိုက် ထိမ်းချုပ်ထားတဲ့ ကွတ်ခိုင်မှာ နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၃ နာရီခွဲ ဝန်းကျင်ခန့်က လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရလို့ လူ တယောက်သေဆုံးကာ နေအိမ်တချို့ ထိခိုက်ပိက်စီးတာရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကွတ်ခိုင်မှာ နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၃ နာရီခွဲ ဝန်းကျင်ခန့်က လေယာဉ်နဲ့ ဗုံး နှစ် ခါ လာကြဲသွားတယ်။” လို့ ဒေသခံတယောက် ပြောပါတယ်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ( နတလ)ရုံးဝန်း နဲ့ မော်ဟစ်ရွာထဲကျတာက နေအိမ်တွေ ထိမှန် ပျက်စီးသွားပေမယ့် လူ အထိအခိုက် မရှိဘူးလို့ သူက ပြောပါတယ်။ “ကွတ်ခိုင် တိုးဂိတ်အနီးက အရင်က…
Read Moreစပိန်ရေဘေး သေဆုံးသူ ၁၆၀ နီးပါးထိရှိလာ
မက်ဒရစ်၊ နိုဝင်ဘာ-၁-၂၀၂၄ မျိုးဆက်(VOM) စပိန်နိုင်ငံမှာ အဆိုးရွားဆုံး ရေကြီးရေလျှံမှုအတွင်း သေဆုံးသူဦးရေ ၁၅၈ ယောက်ကျော်ရှိလာပြီး ပျောက်ဆုံးသူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးသမားတွေ ရုန်းကန်နေရပါတယ်။ ပြီးခဲ့တဲ့နေ့ကတော့ နိုင်ငံတဝန်း မိုးရွာသွန်းမှုတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ကယ်ဆယ်ရေးသမားတွေဟာ ဒရုန်းအစင်း ၁၂၀၀ ကျော်ထိ အသုံးပြုပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ရပါတယ်။ ယခုအချိန်မှာ အရေးအကြီးဆုံးကတော့ လူ့အသက်တွေကို မြန်မြန်ကယ်တင်နိုင်ဖို့ပဲလို့ စပိန်ဝန်ကြီးချုပ် ပက်ထရိုဆန်းချက်ဇ်က ရေဘေးသင့်ဒေသတွေကို သွားရောက်ရာမှာ ပြောပါတယ်။ ရေဘေးအသင့်ဆုံးမြို့တွေရှိ ရွှံ့နွံတွေနဲ့ အပျက်အစီးတွေအောက် အလောင်းတွေကို ဆယ်ယူနိုင်ရေး ကယ်ဆယ်ရေးသမားတွေက လုပ်ဆောင်နေကြပါတယ်။ ဗလင်စီယာမှာတော မြစ်တစ်စင်းရေလျှံလို့ သေဆုံးသူ ၄၀ အပါအဝင် လူ ၁၅၅ ယောက်သေဆုံးခဲ့ပြီး ပြည်နယ်အနောက်ဘက် ကတ်စတီလာလာမန်ချာမှာ နှစ်ယောက်၊ အန်ဒါလူစီးယားမှာ ဗြိတိန်နိုင်ငံသားတယောက်တို့ သေဆုံးခဲ့ပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် ကားလမ်းတွေရေလျှံခဲ့ပြီး အသက်ဘေးကလွတ်မြောက်ဖို့အတွက် သစ်ပင် သို့မဟုတ် တံတားများပေါ်တက်ပြီး…
Read MoreThis Day in History
Voice of Myanmarမက်စ်ထရစ်စာချုပ် စတင်သက်ဝင်ခဲ့သည့် ၁၉၉၃ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် ဥရောပသမဂ္ဂကို တရားဝင်တည်ထောင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံထိရှိလာသည်။
Read Moreတိုက်ပွဲတွေကြောင့် မန္တလေး – ဗန်းမော်လမ်းပိုင်း ကားခ ကျပ် သုံးသိန်းကျော်အထိ ဖြစ်လာ
အောက်တိုဘာ ၃၁ – ၂၀၂၄ SS (VOM) စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မန္တလေး – ဗန်းမော်လမ်းပိုင်း ကားခ ကျပ် သုံးသိန်းကျော်အထိ မြင့်တက်လာတယ်လို့ အဲဒီလမ်းပိုင်း အသုံးပြုသူတွေဆီက သိရပါတယ်။ လက်ရှိမှာ နစကတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် အဲဒီလမ်းပိုင်းကို နှစ်ဖက်တပ်ဖွဲ့တွေက ဖြတ်သန်းသွားလာခွင့် ပိတ်ဆို့ထားတဲ့အတွက် ခရီးသည်တင်ကားတွေဟာ ရှောင်ကွင်းလမ်းက မောင်းနှင်နေရပြီး လမ်းတလျှောက် ပေးချေရတဲ့ ဂိတ်ကြေးတွေကြောင့် အခုလို ကားခတွေ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ “အရင်တုန်းကတော့ ဗန်းမော်ကနေ တကောင်းလမ်းအတိုင်း မောင်းရင် မန္တလေးကို တရက်တည်းနဲ့ ရောက်တယ်။ လမ်းကလည်း ကောင်းတယ်လေ။ အခုကတော့ သုံးရက်လောက်ကြာတယ်။ ရွှေဘို – မြစ်ကြီးနား လမ်းမကြီးပေါ်က အင်းတော်ကွင်းလမ်းကနေ ရှောင်ကွင်းပြီးသွားရတာ။…
Read Moreနှစ် ၃၀ အတွင်း အကြီးဆုံးမုန်တိုင်း ထိုင်ဝမ်ကို ဝင်ရောက်တိုက်ခတ်
တိုင်ပေ၊ အောက်တိုဘာ-၃၁-၂၀၂၄ ရတီ(VOM) ထိုင်ဝမ်မှာ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ကောင်ရေးကြောင့် မြို့ကြီးတွေနဲ့ ခရိုင်တွေအားလုံးမှာ စာသင်ကျောင်း၊ အစိုးရရုံးနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ရက်အဖြစ်ကြေညာခဲ့ပြီး လေယာဉ်ခရီးစဉ် ရာပေါင်းများစွာကို ဖျက်သိမ်းခဲ့ရပါတယ်။ ဒီမုန်တိုင်းဟာ နှစ်ပေါင်း ၃၀ အတွင်း ထိုင်ဝမ်ကို တိုက်ခတ်မယ့် အရွယ်အစားအကြီးမားဆုံး မုန်တိုင်းဖြစ်ပြီး မွန်းလွဲပိုင်းမှာ တောင်ထူထပ်ပြီး လူဦးရေနည်းပါးတဲ့ အရှေ့ဘက်ကမ်းရိုးတန်း ကုန်းတွင်းပိုင်းကို စတင်တိုက်ခတ်နေပါတယ်။ မုန်တိုင်းကြောင့် ကျွန်းအားလုံးနီးပါးမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေကို ထိုင်ဝမ် မိုးလေဝသဌာနက သတိပေးထားပြီး အနည်းငယ်အားပျော့သွားပေမယ့်လည်း တနာရီ ကီလိုမီတာ ၂၅၀ ကျော်ထိ တိုက်ခတ်နို်ငတဲ့ အဆင့်လေး ဟာရီကိန်းမုန်တိုင်းနဲ့ အလားတူဖြစ်ပါတယ်။ ထိုင်ဝမ်မိုးလေဝသဌာနကတော့ ထိုင်ဝမ်ကို တိုက်ခတ်မယ့် အားအပြင်းဆုံးမုန်တိုင်းလို့ သတ်မှတ်ထားပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်း အရွယ်အစားအကြီးဆုံး မုန်တိုင်းဖြစ်တယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။ အရှေ့ဘက်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ပြီးနောက် မုန်တိုင်းအားပျော့သွားကာ ထိုင်ဝမ်ရေလက်ကြားကို ဦးတည်မယ်လို့…
Read Moreတနိုင်ငံလုံးက စက်မှုဇုန်တွေအားလုံး တရက် ၄ နာရီသာ အလှည့်ကျ လျှပ်စစ်မီးရရှိမယ်
အောက်တိုဘာ ၃၁ – ၂၀၂၄SN (VOM)တနိုင်ငံလုံးက စက်မှုဇုန်တွေ အားလုံး ဒီကနေ့ အောက်တိုဘာ ၃၁ ရက်ကစပြီး တရက် ၄ နာရီသာ အလှည့်ကျ လျှပ်စစ်မီး ရရှိတော့မှာဖြစ်တယ်လို့ စက်မှုဇုန် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။အခုလို ၄ နာရီအလှည့်ကျ လျှပ်စစ်မီးပေးမယ့်အကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ဇုန်လုပ်ငန်းရှင်တွေဆီကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က စာပို့ အကြောင်းကြားလာတာဖြစ်တယ်လို့ သိရပါတယ်။“ကျွန်တော်တိုဆီ တနေ့က အကြောင်းကြားတာပေါ့။ တရက်ပဲခြားတယ်။ စက်မှုဇုန်တွေသည် မီးလာရင်တော့ ကောင်းတာပေါ့။ မီးမလာဘူး ဆိုရင်တော့ ဆီပေးပေါ့။ ဆီလည်းမပေးဘူး၊ မီးလည်းမလာဘူး ဆိုရင်တော့ ပိတ်ရတော့မှာပေါ့” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။စက်မှုဇုန်တွေကို လက်ရှိ မီးပေးမယ့်စနစ်ကတော့ တရက်ကို မနက် ၉ နာရီမှ နေ့လယ် ၁ နာရီအထိ (ဒါမှမဟုတ်) နေ့လယ် ၁…
Read Moreယူကရိန်းနယ်စပ် ၅၀ ကီလိုမီတာအကွာထိ မြောက်ကိုရီးယားစစ်သားတွေ ရောက်ရှိနေ
ကိဗ်ယက်၊ အောက်တိုဘာ-၃၁-၂၀၂၄မျိုးဆက်(VOM)ရုရှားရှိ မြောက်ကိုရီးယား စစ်သားတွေဟာ ယူကရိန်းနယ်စပ်ကနေ ကီလိုမီတာ ၅၀ အကွာမှာ ရောက်ရှိနေပြီလို့ ယူကရိန်း တာဝန်ရှိသူတယောက်ကို ကိုးကားပြီး ဖိုင်နယ်ရှယ်တိုင်းမ်သတင်းဌာနက ဖော်ပြလာပါတယ်။ရုရှားကို စေလွှတ်ထားပြီးဖြစ်တဲ့ မြောက်ကိုရီးယားစစ်သား ၃၀၀၀ ကို ကာ့စ်ဒေသကနေ အရပ်ဘက်ကားတွေနဲ့ ယူကရိန်းနယ်စပ်အနီးကို လျှို့ဝှက်ပို့ဆောင်ခဲ့တာလို့ ယူကရိန်းထောက်လှမ်းရေးအဖွဲ့ကို ကိုးကားပြီး အဲဒီသတင်းစာက ဖော်ပြထားပါတယ်။ယူကရိန်းနယ်စပ်ကနေ ကီလိုမီတာ ၅၀ အကွာမှာရောက်ရှိနေတဲ့ မြောက်ကိုရီးယားစစ်သားတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ စစ်တန်းလျားတွေမှာ နေရာချထားပေးခဲ့ပြီး စစ်သား ၃၀၀၀ ထဲမှာ အထူးတပ်ဖွဲ့ဝင် ရာဂဏန်းပါဝင်တယ်လို့ ဆိုပါတယ်။ယူကရိန်းအရာရှိတွေကတော့ မြောက်ကိုရီးယားတပ်တွေရဲ့ လုပ်ရည်ကိုင်ရည်နဲပ တိုက်ခိုက်ရေးစွမ်းရည်ကို မေးခွန်းထုတ်ခဲ့ပြီး လက်တွေ့တိုက်ပွဲ တခါမှမတိုက်ဖူးခဲ့တဲ့အတွက် သူတို့ရဲ့ အတွေ့အကြုံဟာ ခေတ်သစ်စစ်ပွဲတွေနဲ့ အလွန်ဝေးကွာတယ်လို့ သုံးသပ်ကြပါတယ်။မြောက်ကိုရီးယား စစ်သားအနည်းငယ်ဟာ ယူကရိန်းပိုင်နက်ထဲရောက်ရှိနေပြီလို့ အနောက်အုပ်စုထောက်လှမ်းရေး သတင်းရင်းမြစ်နှစ်ယောက်ကို ကိုးကားပြီး စီအင်န်အင်န်သတင်းဌာနက ဖော်ပြထားပေမယ့် ဒီကိစ္စအပေါ် အမေရိကန်ကတော့…
Read More