ဇန်နဝါရီ ၂ – ၂၀၂၅
SN (VOM)
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့မှာ မနေ့ ဇန်နဝါရီလ ၁ ရက်နေ့ ညနေပိုင်းက ရဲဝန်ထမ်းတယောက်က ဇနီးဖြစ်သူကို သေနတ်နဲ့ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ မနေ့ ညနေ ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လင်မယားချင်း စကားများရန်ဖြစ်ရာကနေ လူသတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“ပစ်ခတ်မှုဖြစ်ခဲ့တာ မှန်ပါတယ်။ ကိုယ်တွေလည်း ဒီမနက်ကမှ သိတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ဘာပြဿနာကြောင့်ရယ်လို့တော့ တိတိကျကျ မသိရသေးပါဘူး။ သာဝတ္ထိက ဆရာမရဲ့ အမေအိမ်မှာ အခင်းဖြစ်တာ။ ပစ်ခတ်မှုဖြစ်တော့ သေသွားတဲ့ ဆရာမရဲ့ညီမလေးကိုတောင် သေနတ်ရှပ်ထိသွားတယ်ပြောတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြစ်မှုကျူးလွန်ခဲ့တဲ့ ရဲဝန်ထမ်းဟာ အေလာမှာ တာဝန်ကျနေသူဖြစ်ပြီး သူ့ရဲ့ ဇနီးဖြစ်သူကတော့ ကျောင်းဆရာမတယောက် ဖြစ်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်ကလည်း နေပြည်တော်မှာ ဆရာဝန် ဒုဗိုလ်မှူးကြီးတယောက်က ဇနီးဖြစ်သူကို သတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Photo:CJ
Related posts
-
၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲနိုင်ရေး အမျိုးညီလာခံမှာ ပါဝင်ခဲ့သူ ၂၄၉ ယောက်ကို လူမှုထူးချွှန်ဆု ချီးမြှင့်
ဇန်နဝါရီ ၄ – ၂၀၂၅ GG (VOM) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရန်... -
နစက လွတ်ငြိမ်းချမ်းသာမှာ ကချင်ဝန်ကြီးချုပ်ဟောင်း ဦးခက်အောင် လွတ်မြောက်လာ၊ နိုင်/ကျဉ်း ၆၀၀ သာပါဝင်တဲ့အပေါ် ဝေဖန်မှုရှိ
ဇန်နဝါရီ ၄ – ၂၀၂၅GG (VOM )နစကရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တဲ့အကျဥ်းသား ၆၀၀၀... -
NCA အဖွဲ့တချို့ ကတိချိုးဖောက်မှုရှိနေ၊ လာမယ့် ရွေးကောက်ပွဲ အနိုင်ရအစိုးရကို အာဏာလွှဲမယ်လို့ နစက ဥက္ကဌ ပြော
ဒီဇင်ဘာ ၄ – ၂၀၂၅KKO(VOM)လက်ရှိကျင်းပမယ့် ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရကိုလည်း နိုင်ငံ့တာဝန်တွေ လွှဲပေးမယ်လို့...