ရုရှားရဲ့ဓါတ်ငွေ့တွေ ယူကရိန်းကိုဖြတ်ပြီး အီးယူနိုင်ငံတွေကို တင်ပို့မှု ရပ်ဆိုင်း



ကိဗ်ယက်၊ ဇန်နဝါရီ-၂-၂၀၂၅
မျိုးဆက်(VOM)

ရုရှားဓါတ်ငွေ့တွေကို ယူကရိန်းကတဆင့် ဥရောပနိုင်ငံတွေကို ဖြန့်ဝေမှု ငါးနှစ်သဘောတူညီချက် ကုန်ဆုံးပြီးနောက် ဆယ်စုနှစ်များစွာ လုပ်ဆောင်ခဲ့တဲ့ ဒီပေးပို့မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။

ယူကရိန်းပြည်သူတွေရဲ့သွေးတွေနဲ့ရင်းပြီး ရုရှားအတွက် နောက်ထပ် ဘီလီယံများစွာ ဝင်ငွေတွေကို ခွင့်မပြုတော့ဘူးလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ပိုလန်အစိုးရကတော့ ဒီလိုဖြတ်တောက်နိုင်မှုဟာ ရုရှားအပေါ် နောက်ထပ်အောင်ပွဲလို့ ဆိုပါတယ်။

အီးယူကတော့ ဒီအပြောင်းအလဲအတွက် ပြင်ဆင်ထားပြီး ဥရောပနိုင်ငံအများစု ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးထားပါတယ်။ အီးယူအဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့မော်လ်ဒိုဗာနိုင်ငံဟာလည်း ဓါတ်ငွေ့ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ရုရှားဟာ လက်ရှိမှာတော့ ပင်လယ်နက်ကိုဖြတ်ပြီး တာ့ခ်စထရင်းပိုက်လိုင်းကတဆင့် ဟန်ဂေရီ၊ တူရကီနဲ့ ဆားဘီးယားတို့ကို ဓါတ်ငွေ့တင်ပို့နိုင်ပါသေးတယ်။ ရုရှားကုမ္ပဏီ ဂတ်ဇ်ပရွမ်ကလည်း ဒီဇင်ဘာ ၁ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီမှာ ဓါတ်ငွေ့တင်ပို့မှုတွေ ရပ်တန့်ခဲ့တာကို အတည်ပြုထုတ်ပြန်ထားပါတယ်။

ရုရှားဟာ ၁၉၉၁ ခုနှစ်ကတည်းက ယူကရိန်းကိုဖြတ်ပြီး ဥရောပနိုင်ငံတွေကို ဓါတ်ငွေ့တင်ပို့ ရောင်းချခဲ့ပါတယ်။ ယူကရိန်းရဲ့ ပိတ်ပင်မှုကြောင့် ရုရှားအနေနဲ့ အရေးပါတဲ့ စျေးကွက်ကို ဆုံးရှုံးခဲ့ရပေမယ့်လည်း ဒါဟာ အီးယူနိုင်ငံအများစုကို နစ်နာစေတယ်လို့ ပူတင်ကပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် အီးယူဟာ ရုရှားဓါတ်ငွေ့တင်သွင်းမှုကို သိသိသာသာလျှော့ချခဲ့ပေမယ့် အရှေ့ပိုင်းအဖွဲ့ဝင်နိုင်ငံအများအပြားသည် ရုရှားဓါတ်ငွေ့အပေါ် မှီခိုနေရဆဲဖြစ်ပါတယ်။ အီးယူက ရုရှားဓါတ်ငွေ့တင်သွင်းမှုဟာ ၂၀၂၁ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်းရှိခဲ့ရာက ၂၀၂၃ ခုနှစ်မှာတော့ ၁၀ ရာခိုင်နှုန်းအောက်သာရှိခဲ့ပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW