သရုပ်ဆောင် သင်ဇာဝင့်ကျော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာ

ဇန်နဝါရီ ၄ – ၂၀၂၅
GG (VOM)
ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော် ဒီနေ့ ဇန်နဝါရီ ၄ရက် ၊လွတ်လပ်ရေးနေ့မှာ အင်းစိန်ထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာပြီဖြစ်တယ်လို့ နီးစပ်သူတွေနဲ့အနုပညာအသိုင်းအဝိုင်းကသိရပါတယ်။
ထောင်ဒဏ် ငါးနှစ်ချခံထားရတဲ့သင်ဇာဝင့်ကျော်ဟာ ထောင်ထဲမှာ နှစ်နှစ်ကျော် အကျဥ်းကျခံရပြီးနောက်မှာ နစကရဲ့ ၂၀၂၅ ခုနှစ် လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးတဲ့အကျဥ်းသားတွေထဲမှာ ပါဝင်လာတာဖြစ်တယ်လို့သိရပါတယ်။
” အစ်မပြန်လွတ်ပါပြီ။အိမ်ရောက်ပြီပြောတယ်။အင်းစိန်ထောင်ကနေပြန်လွတ်လာတာပါ ။ ” လို့ မိသားစုနဲ့နီးစပ်သူကအတည်ပြုပြောပါတယ်။
သင်ဇာဝင့်ကျော် ပြန်လွတ်လာတဲ့အပေါ် ကို အနုပညာရှင်အများအပြားနဲ့ ရုပ်ရှင်အသိုင်းအဝိုင်းကလည်းဝမ်းသာကြောင်း သူတို့ရဲ့လူမှုကွန်ယက်စာမျက်နာကနေ ရေးသားဖော်ပြနေကြပါတယ်။
သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ – (က) နဲ့အမှုဖွင့်တရားစွဲဆိုခံခဲ့ရပါတယ်။
အဲဒီနောက် ဒီဇင်ဘာလမှာ သင်ဇာဝင့်ကျော်ကို အင်းစိန်အကျဉ်းထောင်တွင်းတရားရုံးက ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး နစကဘက်မှသတင်းထုဆ်ပြန်ခဲ့တာကတော့ သင်ဇာဝင့်ကျော်ဟာ ၂၀၂၁ ခုနှစ်မှာလိင်အသားပေးမော်ဒယ် ရှင်ယွန်းမြတ်ရဲ့ ချိတ်ဆက်ပေးမှုနဲ့ အမေရိကန်နိုင်ငံမှာ နေထိုင်သူ ဦးစီး လုပ်ကိုင်တဲ့ ညစ်ညမ်းဝက်ဆိုဒ်မှာ အခကြေးငွေရယူပြီး လိင်အသားပေး ဓါတ်ပုံ၊ဗီဒီယို ဖိုင်တင်ခဲ့တာကြောင့်ဖြစ်တယ်လို့သိရပါတယ်။
သင်ဇာဝင့်ကျော်နဲ့အတူ ဖမ်းဆီးခံခဲ့ရပြီး ထောင်ကျနေတဲ့ မော်ဒယ်နန်းမွေစံလည်း လွတ်ငြိမ်းချမ်သာခွင့်နဲ့ပြန်လည်လွတ်မြောက်ကြောင်းသတင်းထွက်နေပေမယ့် အမှန်တကယ်လွတ်မြောက်လာခြင်းရှိမရှိကိုတော့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
နစကဟာ ဒီနေ့ကျရောက်တဲ့ ဇန်နဝါရီ ၄ ရက်၊၂၀၂၅ ခုနှစ် ၊ (၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ယောက်ကို လွတ်ငြိမ်းခွင့်ပေးပြီး ပြစ်ဒဏ်အချို့အရ ထောင်ဒဏ်တသက် ကျခံနေရသူတွေကိုလည်း ထောင်ဒဏ် (၁၅) နှစ်ကို လျှော့ချပေးခဲ့တာဖြစ်ပါတယ်။
ဒီထဲမှာ မန္တလေးတိုင်းအတွင်း မန္တလေး အိုးဘိုထောင်က ၆၉၅ယောက်၊ မြင်းခြံထောင်က၃၆ယောက် ၊
မိထ္တီလာထောင်က ၆၉ ယောက်၊ ရမည်းသင်းထောင်က ၉၉ ယောက်၊ ညောင်ဦး ၄၉ ယောက်
ထောင်ပေါင်း ၅ထောင် စုစုပေါင်း ၉၄၈ ယောက်နဲ့ အလုပ်စခန်း ၇ ခုက ၁၉၃ ယောက် အားလုံးပေါင်းရင် ၁၁၄၁ ယောက် မန္တလေးတိုင်းက လွတ်မြောက်ခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW