စိတ်မနှံ့တဲ့ မိခင်ဖြစ်သူက ၅ နှစ်အရွယ် သမီးငယ်ကိုသတ်ပြီး သူကိုယ်တိုင် ကြိုးဆွဲချအဆုံးစီရင်သွားခဲ့မှု နေပြည်တော်မှာ ဖြစ်ပွား

ဇန်နဝါရီ ၂ဝ – ၂ဝ၂၅
KKO(VOM)
စိတ်မနှံ့တဲ့ မိခင်ဖြစ်သူက ၅ နှစ်အရွယ်သမီးငယ်ကိုသတ်ပြီး သူကိုယ်တိုင် ကြိုးဆွဲချအဆုံးစီရင်သွားခဲ့တဲ့ဖြစ်စဉ်တခု နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းက ရွာသစ်ကျေးရွာမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“ကလေးလည်းသေဆုံးသွားတယ်၊ မိခင်လည်းသေဆုံးသွားပါတယ်။ သားအမိနှစ်ယောက်နဲ့အတူ အဘွားအိုတယောက်နေပါတယ်။ အဘွားအိုကလည်းစိတ်မနှံ့တဲ့သူလို့ပြောတယ်။ မိခင်က စိတ်ကမမှန်တဲ့သူ စိတ်ကမနှံ့တဲ့ စိတ်ကျန်းမာရေးရောဂါသည်ပေါ့၊သူက ကလေးကို ဓါးနဲ့လည်ပင်းဒဏ်ရာရ‌အောင်လုပ်တယ်။ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာရအောင်လုပ်တယ်။အဲဒီဒဏ်ရာတွေနဲ့ ကလေးငယ်ကသေဆုံးသွားတယ်။ကလေးကို သေလောက်တဲ့ နေရာတွေကိုဓါးနဲ့ထိုးပြီးတော့မှ မိခင်ဖြစ်သူက သူ့ကိုယ်သူ ကြိုးဆွဲချအဆုံးစီရင်သွားတာပါ။ DeadBody က ကလေးတယောက်၊ လူကြီးတယောက်ပါ”လို့ နယ်ခံ လူမှုကူညီရေးသမားတယောက်က VOM ကို ပြောပါတယ်။
ယခုဖြစ်စဉ်ဟာ ဒီနေ့ ဇန်နဝါရီ ၂ဝ ရက်၊မွန်းလွဲ ၂ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပြီး မိခင်ဖြစ်သူ ဒေါ်—— စိတ် ကျန်းမာရေးမကောင်းသူ​ဟာ သမီးဖြစ်သူ
(၅)နှစ်အရွယ် မ——-ကို လည်ပင်လှီးဖြတ်၊ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတွေနဲ့ ကွယ်လွန်စေခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်——- သည်လည်းမိမိကိုယ်တိုင် ကြိုးဆွဲချအဆုံးစီရင်သွားခဲ့တာ ဖြစ်တယ်လို့ ကရုဏာရှင် လူမှူကူညီရေးပရဟိတအသင်းရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။
“သားအမိနှစ်ယောက်ထဲနေတဲ့ အိမ်ဆိုပေမယ့်၊ အဲဒီအိမ်မှာအဘွားဖြစ်သူလည်းရှိပါတယ်။အဘွားဖြစ်သူကလည်းသူ့ဘာသူနေတာပါပဲ။ အဲဒီအိမ်ထဲမှာပဲအတူနေကြတယ်ပြောတယ်။ဒါပေမဲ့ အဘွားဖြစ်သူလည်း စိတ်မနှံ့ဘူးလို့ ပြောပါတယ်။ဖြစ်စဉ် ဖြစ်တာက ဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာဖြစ်တာပါ။စိတ်ရော ဂါသည်မိခင်ဖြစ်သူက အသက် ၄ဝ ဝန်းကျင်လောက်တော့ရှိပါမယ်။ ကလေးက ၅ နှစ်၊အဘွားကတော့ အသက် ၈ဝ လောက်ရှိမယ်လို့ မှန်းရပါတယ်”လို့ နယ်ခံ လူမှုကူညီရေးသမားတယောက်က ထပ်လောင်း ပြောပြခဲ့ပါတယ်။
ယခုဖြစ်စဉ်ကြောင့် ကွယ်လွန်သူ သားအမိနှစ်ယောက်အတွက်   လိုအပ်တဲ့ စစ်ဆေးမှုတွေကိုဆောင်ရွက်နိုင်ဖို့ နယ်မြေခံ ကရုဏာရှင်လူမှူကူညီရေးပရဟိတအသင်းက နေပြည်တော်ပြည်သူ့ဆေးရုံကြီးကုတင်(၁ဝဝဝ)သို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။
Photo – ကရုဏာရှင် လူမှူကူညီရေးပရဟိတအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW