ဓါးစာခံ သုံးယောက် ဟားမတ်စ်တို့လက်မှ လွတ်မြောက်လာပြီး အစ္စရေးကလည်း ပါလက်စတိုင်းအကျဉ်းသား ၉၀ ပြန်လွှတ်

ဂါဇာစီးတီး၊ ဇန်နဝါရီ-၂၀-၂၀၂၅
မျိုးဆက်(VOM)
အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရတဲ့ အပစ်အခတ်ရပ်စဲရေးရဲ့ တစိတ်တပိုင်းအဖြစ် အစ္စရေးဟာ ပါလက်စတိုင်းကအကျဉ်းသား ၉၀ ကိုလွှတ်ပေးခဲ့တယ်လို့ အစ္စရးအကျဉ်းထောင် အာဏာပိုင်တွေက အတည်ပြုပါတယ်။
အပြန်အလှန်အားဖြင့် ဟားမတ်စ်တို့ကလည်း အစ္စရေးဓါးစာခံ သုံးယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဟားမတ်စ်တို့ လွှတ်ပေးလိုက်တဲ့ အသက် ၃၁ နှစ်အရွယ် Doron Steinbrecher ၊ ဗြိတိန်-အစ္စရေးနိုင်ငံသား ခံယူထားတဲ့ ၂၈ နှစ်အရွယ် Emily Damari နဲ့ ၂၄ နှစ်အရွယ် Romi Gonen တို့ဖြစ်ပြီး တဲလ်အဗစ်ဆေးရုံမှာ အခြေအနေတည်ငြိမ်တယ်လို့ ဆိုပါတယ်။
Emily Damari ကတော့ လက်ချောင်းနှစ်ချောင်း ဆုံးရှုံးတဲ့အခြေအနေမျိုးနဲ့ ပတ်တီးတွေမြင်တွေ့ရပါတယ်။ ဟားမတ်စ်တို့ကတော့ ပါလက်စတိုင်းအကျဉ်းသား ၃၀ လွှတ်ပေးတိုင် ဖမ်းဆီးထားတဲ့ အစ္စရေးဓါးစာခံ တယောက်ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်။
ဂါဇာကမ်းမြှောင်ဒေသ အပစ်အခတ်ရပ်စဲရေး စတင်သက်ဝင်လာပေမယ့် နေရပ်ပြန်သူတွေကတော့ သူတို့ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လာမယ့် သီတင်းပတ်အတွင်းမှာ ဟားမတ်စ်တို့ဟာ ဓါးစာခံအမျိုးသမီးလေးယောက်ကို ထပ်လွှတ်ပေးဖို့ရှိတယ်လို့ အစ္စရေးစစ်တပ်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့က အတည်ပြုပြောဆိုထားပါတယ်။
ဒါဟာ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်ဖြစ်ပြီး ဒုတိယအဆင့်ကိုတော့ လာမယ့် သီတင်းပတ်အတွင်း စတင်နိုင်ဖွယ်ရှိကာ တတိယအဆင့်နဲ့ နောက်ဆုံးအဆင့်တွေမှာတော့ ထာ၀ရအပစ်ရပ်ရေးနဲ့ ဂါဇာဒေသ ပြန်လည်ထူထောင်ရေးတွေနဲ့ အစ္စရေးတပ်တွေ အပြီးတိုင်ရုပ်သိမ်းရေးတို့ ပါဝင်ပါတယ်။
Ref:BBC
Photo:AP/Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW