တရုတ် မြန်မာ နယ်စပ်ဂိတ်မှာ တရုတ်ဘက်က တရုတ်ကားတွေပဲ သုံးလာလို့ မြန်မာကားပိုင်ရှင်နဲ့ ကားသမားတွေ လမ်းကြောင်းပြောင်းနေရ

ဇန်နဝါရီ ၂၄၊ ၂၀၂၅
Shy V VOM
တရုတ် မြန်မာ နယ်စပ်ဂိတ်မှာ တရုတ်ဘက်က တရုတ်ကားတွေပဲ သုံးလာလို့ လတ်တလော မြန်မာ ကားပိုင်ရှင်နဲ့ ကားသမားတွေ လမ်းကြောင်းပြောင်း နေရကြောင်း ယာဉ်မောင်းနဲ့ ယာဉ်ပိုင်ရှင်တွေဆီက သိရပါတယ်။
“ငှက်ပျောခြံတွေက အခုနောက်ပိုင်း မြန်မာကား လုံးဝကို မရှိသလောက်ရှားသွားပြီ။ သူတို့ တရုတ်ကား ပဲ သုံးတော့တာ” လို့ ငှက်ပျောကုန်တင် ယာဉ်‌မောင်း တယောက်က ပြောပါတယ်။
နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်သက်တမ်း ရှိသေးပေမယ့် ငှက်ပျောတင်ဖို့ မြန်မာကား မခေါ်တော့တာကြောင့် ကားသမားတွေ မောင်းစရာ ကားမရှိတော့ပဲ အလုပ်ရှားသွားတာကြောင့် လမ်းကြောင်းပြောင်းပြီး ကုန်တင်ကားတွေ မောင်းနေရတယ်လို့ သူက ပြောပါတယ်။
“ငှက်ပျောကားတွေက တရုတ်ကားတွေကြီးပဲ။ ခါတိုင်းက ကျနော်တို့ ဗမာပြည်က ကားနဲ့တိုက်ရတယ်။ အခုက ကျနော်တို့ ဗမာပြည်က ကားအလုပ်မရှိတော့ဘူး။ သူတို့ ကားကြီးပဲ။ ကျနော့်ကားတွေ ‌ေတာင် အကုန်လုံးပြန်ဆင်းလာပြီ။ တရုတ်ကားတွေ ဝင်တော့ ကျနော်တို့က အဆင်မပြေဘူး။” လို့ ကုန်တင်ယာဉ်ပိုင်ရှင် တဦးက ပြောပါတယ်။
ကချင်ပြည်နယ်မှာလည်း တရုတ်ကားတွေ ဝိုင်းမော် အထိ ဝင်ရောက်နေပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း တရုတ်ကားတွေ သီပေါအထိ ဝင်ရောက် လာတယ်လို့ သူက ပြောပါတယ်။
မြန်မာဘက် တိုက်ပွဲဖြစ်တာ တရုတ်အတွက် တိုက်ပေးနေသလို ဖြစ်နေပြီး တရုတ်ကပဲ အကျိုးအမြတ် ပိုရသွားတယ်လို့ သူက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ် တလျှောက်မှာလည်း တရုတ်လုပ်ငန်းရှင်တွေရဲ့ ကြံတွေကို တရုတ်ကားတွေနဲ့ပဲ တင်ခွင့်ပြုတာ တွေ့ရပါတယ်။
တရုတ် – မြန်မာနယ် စပ်တလျှောက်က နယ်စပ် ဂိတ်တွေကို လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW