ဗန်းမော်မှာ တိုက်ပွဲ ပြန်လည် ပြင်းထန်

ဇန်နဝါရီ ၂၄၊ ၂၀၂၅
Shy V VOM
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲ ပြန်လည် ပြင်းထန်နေကြောင်း ဒေသခံ‌ေတွဆီက သိရပါတယ်။
“ဗန်းမော် မနေ့က မနက်ကစ အပြင်းအထန် ပြန်ချနေကြတယ်။ ဒီနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၆ နာရီ ၁၅ မိနစ်ကစပြီး ဗန်းမော် မြို့ထဲ Y12 နဲ့ လေယာဉ် ဗုံးကြဲနေတာ။” လို့ ဒေသခံ တ‌ေယာက်က ပြောပါတယ်။
ယမန်နေ့ ည ၇ နာရီ ၄၈ မိနစ် အထိလည်း ဗန်းမော်မြို့ထဲ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲနေတာ ကြားရပြီး ဘယ်သူ့အိမ်တွေ ထိမှန်သလဲ ဆိုတာ တော့ မသိရဘူးလို့ ဆိုပါတယ်။
ဗန်းမော်မြို့ရဲ့မြစ် တဖက်ကမ်းကနေ မြို့ထဲ မီးခိုးတလူလူ မြင်တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယမန်နေ့ မနက် ၆ နာရီ ခန့်မှာလည်း တံတားဦး လေတပ်မှ Yak – 130 Fighter Jet တစီးနဲ့ ဗန်းမော်မြို့ကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း လေကြောင်းရန် စောင့်ကြည့်နေတဲ့ National Air Scout (NAS) ဆိုတဲ့ လူမှုကွန်ယက် မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
“စကခ ၂၁ က နစက တပ်ဖွဲ့တွေတော့ ဆုတ် မလို ဆုတ်မလို ရှိနေတယ်။ ရိက္ခာ ခက်ခဲ သွားပြီ လို့ကြားတယ်။ တက္ကသိုလ် ကျောင်းဝင်းမှာတော့ အဆင်ပြေ နေ‌ကြတယ် လို့ကြားရတယ်” လို့ KIA အသိုင်း အဝိုင်းနဲ့ နီးစပ်သူ တယောက်က ဆိုပါတယ်။
KIA ဘက်ကလည်း ထိခိုက်မှုများတယ်လို့ သိရကြောင်း သူက ပြောပါတယ်။
နစက နဲ့ နီးစပ် သူတယောက် ကလည်း ဗန်းမော် စကခ – ၂၁ ထဲက အရာရှိနဲ့ ဒဏ်ရာရသူတွေကို လေကြောင်းက ခေါ်ထုတ်သွားကြောင်း ပြောပါတယ်။
ဗန်းမော်မြို့ထဲ တချို့ နေရာတွေမှာ ဒရုန်း၊ လေကြာင်းတွေနဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က အကြိမ် ၄၀ ခန့် ဗုံးကြဲ တိုက်ခိုက်ခံရပြီး ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း လေကြောင်းနဲ့ ၄ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဗန်းမော်နဲ့ မံစီမြို့တွေကို KIA နဲ့ ပူးပေါင်း တပ်ပေါင်းစုတွေက ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလ ၄ ရက်နေ့ကစ တပြိုင်ထဲ ထိုးစစ်ဆင်တိုက်ခိုက်နေရာ မံစီမြို့ရှိ နစက တပ်စခန်းတွေ အားလုံးကို ဇန်နဝါရီလ ၈ ရက် နေ့ မနက်မှာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW