အသက်မပြည့်သေးတဲ့ ကျောင်းသား ၁၇ယောက်ကို အဓမ္မပြုကျင့်တဲ့ ကျောင်းအုပ်​ ဖမ်းဆီးစစ်ဆေးခံရ

ဇန်နဝါရီ ၂၄ – ၂၀၂၅
GG (VOM)
ပဲခူးမြို့ ၊ မုက္ကလကျေးရွာ (အလက-ခွဲ) မုက္ကလစာသင်ကျောင်းရဲ့ ကျောင်းအုပ်ဆရာက ကျောင်းသား၁၇ ယောက်ကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့​​ဖြစ်စဥ်​နဲ့ပတ်သက်​ပြီး လက်ရှိမှာကျောင်းအုပ်ကို ရဲစခန်းကဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီဖြစ် တယ်လို့သိရပါတယ်။
ကျောင်းသားမိဘတွေရဲ့တိုင်ကြားချက်ကြောင့် ကျောင်းအုပ်ဆရာကို မနေ့ကဇန်နဝါရီ ၂၃ ရက်နေ့မှာ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး လက်ရှိမှာစစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။
” မနေ့ကဖမ်းသွားတာဟုတ်တယ်။သတင်းကလည်းမှန်ပါတယ်။တကယ်ကျူးလွန်မလွန်ကိုတရားရုံးကဆုံးဖြတ်ပါလိမ့်မယ်။သူကယာယီခန့်ထားတဲ့ကျောင်းအုပ်ပါ” လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူဒေသခံကပြောပါတယ်။
မုက္ကလ အလယ်တန်းကျောင်းခွဲ မှယာယီကျောင်းအုပ်ဆရာက ၄တန်းကျောင်းသားတယောက်ကိုဇန်နဝါရီ ၁၅ ရက်နေ့နဲ့၁၆ ရက်နေ့တွေမှာ နှစ်ရက်ဆက်တိုက် ကျောင်းအုပ်ရုံးခန်းအတွင်းမှာ အဓမ္မပြုကျင့်ခဲ့တာကြောင့် မိဘတွေကရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အဲဒီနောက်မှာမှ အဓမ္မပြုကျင့်ခံရတဲ့ ကျောင်းသားရဲ့ထုတ်ဖော်ပြောကြားချက်အရ ကျောင်းအုပ်ဆရာက နောက်ထပ်ကျောင်းသား၁၆ ယောက်ကိုပါ အဓမ္မပြုကျင့်ခဲ့ကြောင်းကိုသိရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
” ဒါမျိုးက ဘယ်လိုမှလက်ခံလို့မရဘူး။ကလေးတွေကတော့ မဟုတ်ဘဲလိမ်မပြောဘူး။နောက်၁၆ ယောက်ဆိုတာလည်း စိုင်တီကသူ့အိမ်မှာပဲခေါ်ပြီးမဖွယ်မရာတွေလုပ်တာ။
ထိထိရောက်ရောက်အရေးယူပေးဖို့လိုတယ်။ဟိုလိုလိုဒီလိုလို နဲ့ရောချလို့တော့မရဘူး။ကလေးတွေကို မလုပ်သင့်မလုပ်အပ်တာတွေလုပ်တာ။ဒီလိုလူမျိုးကကျောင်းဆရာဆိုတော့ ခက်တာပေါ့။အခုဖမ်းသွားပြီဘယ်လိုအရေးမလဲစောင့်ကြည့်ရမယ်။ကလေးမိဘတွေကိုယ်တိုင် တိုင်ထားတာ။” လို့ ဒေသခံကပြောပါတယ်။
အဓမ္မပြုကကျင့်ခံခဲ့ရတဲ့ကျောင်းသားတွေကတော့ အသက် ၇ နှစ်မှ ၁၄ နှစ်အရွယ်တွေဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW