WHO ကနေ လာမယ့်နှစ် ဇန်နဝါရီလမှာ အမေရိကန်နုတ်ထွက်မယ်လို့ ကုလထုတ်ပြန်

ဝါရှင်တန်၊ ဇန်နဝါရီ-၂၄-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် တရားဝင်နုတ်ထွက်မှာဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ကပ်ရောဂါနဲ့ အခြားနိုင်ငံတကာကျန်းမာရေး အကျပ်အတည်းတွေကို လွဲမှားစွာကိုင်တွယ်နေတယ်လို့ ဒေါ်နယ်ထရန့်က စွပ်စွဲထားပြီး သမ္မတကျန်းသစ္စာကျိန်ဆိုပြီး နာရီပိုင်းအကြာမှာပဲ အဖွဲ့ကနေ နုတ်ထွက်မလို့ ကြေညာခဲ့ပါတယ်။
နုတ်ထွက်ဖို့ကို တနှစ်ကြိုတင်အကြောင်းကြားရမှာဖြစ်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အကြီးမားဆုံး ဘဏ္ဍာရေးထောက်ပံ့မှုတွေပေးနေတဲ့ နိုင်ငံဖြစ်ပြီး စုစုပေါင်းရန်ပုံငွေရဲ့ ၁၈ ရာခိုင်နှုန်းကို ပံ့ပိုးပေးနေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ နုတ်ထွက်ရေးဆိုင်ရာ စာတစောင်ကို လက်ခံရရှိထားတာကို အတည်ပြုကြောင်းနဲ့ နုတ်ထွက်ရေးဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်ထိ တနှစ်မှာ အကြုံးဝင်မှာဖြစ်တယ်လိုပ ကုလသမဂ္ဂရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်က ပြောပါတယ်။
အမေရိကန်ရဲ့ နုတ်ထွက်မှုဟာ အထူးသဖြင့် တီဘီရောဂါ၊ ကူးစက်ရောဂါနဲ့ အိတ်ချ်အိုင်ဗီ ၊ အေအိုင်ဒီအက်စ်နဲ့ အခြားသော ကျန်းမာရေးဆိုင်ရာ အခြေအနေတွေအတွက် အဖွဲ့ရဲ့အစီအစဉ်တွေကို ထိခိုက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
နုတ်ထွက်ရေး လုပ်ငန်းတွေလုပ်ဆောင်နေချိန်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကပ်ရောဂါဆိုင်ရာ ဆွေးနွေးမှုတွေရပ်ဆိုင်းထားမှာဖြစ်တယ်လို့ ထရန့်ရဲ့အမိန့်မှာ ဆိုပါတယ်။ အမေရိကန်အစိုးရဝန်ထမ်းတွေကိုလည်း ပြန်လည်ခေါ်ယူမှာဖြစ်ပြီး အစိုးရအတွက် လိုအပ်တဲ့ ကျန်းမာရေးလုပ်ငန်းတွေအတွက် မိတ်ဖက်တွေကို ရှာဖွေသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW