မြ၀တီ နယ်စပ်ဒေသတွေကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ဖို့ ထိုင်းအစိုးရ စီစဉ်

ဘန်ကောက်၊ ဇန်နဝါရီ-၂၅-၂၀၂၅
မျိုးဆက်(VOM)
ထိုင်းနိုင်ငံဟာ ဆိုက်ဘာရာဇဝတ်မှုတွေကို ဖြိုခွင်းဖို့ အားထုတ်မှုအဖြစ် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာနယ်စပ်မြို့ ဒေသတွေကို လျှပ်စစ်ဓါတ်အားပေးတာတွေကို ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက ဖြတ်တောက်ထားတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး ဖွမ်သမ်ဝီချာရာချိုင်းက မနေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ကရင်ပြည်နယ် မြ၀တီ ရွှေကုက္ကိုလ်နဲ့ KK Park တို့လို ကာစီနိုနဲ့အွန်လိုင်း လောင်းကစားတွေနဲ့ ရာဇဝတ်မှုထူပြောရာနေရာတွေမှာ ဒီလုပ်ငန်းတွေအဆင်ပြေစေဖို့ အိမ်နီးချင်းနိုင်ငံက လျှပ်စစ်နဲ့ အင်တာနက်တွေ ရရှိနေတယ်လို့ မြန်မာဘက်က ပြောဆိုပြီးနောက် ဒီကိစ္စအပေါ် ထိုင်းကာကွယ်ရေးဝန်ကြီးက ငြင်းဆိုထားပါတယ်။
ထိုင်းနိုင်ငံဟာ အမှတ် ၂ ချစ်ကြည်ရေးတံတား၊ မြ၀တီနယ်စပ် မဲရမက်နဲ့ မဲဆောက်ခရိုင်တို့ကို အရင်က လျှပ်စစ်မီးပေးခဲ့ပေမယ့် တရုတ်သရုပ်ဆောင်တယောက် လူကုန်ကူး အဖမ်းခံရမှုအပါအဝင် အွန်လိုင်း ကျားဖြန့်လုပ်ငန်းတွေရဲ့ ခြိမ်းခြောက်မှုတွေ တိုးပွားလာပြီးနောက် ဒီလုပ်ငန်းတွေကို ပစ်မှတ်ထား ဖြတ်တောက်လိုက်တာလို့ ထိုင်းကာကွယ်ရေး ဝန်ကြီးကပြောပါတယ်။
ဒါအပြင် နှစ်နိုင်ငံနယ်စပ်မှာ တရားမဝင်အင်တာနက် ဆက်သွယ်ရေးကြိုးတွေနဲ့ ကိရိယာတွေကိုလည်း ဖျက်သိမ်းခဲ့ပြီး အင်တာနက်ကုမ္ပဏီတွေနဲ့ ပူးပေါင်းကာ မြန်မာနယ်စပ်မြို့တွေကို အင်တာနက်ဆက်သွယ်ရေးတွေ မကြခင်ဖြတ်တောက်ဖို့ စီစဉ်နေတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးက အတည်ပြု ပြောဆိုပါတယ်။
ချစ်ကြည်ရေးတံတားနဲ့ မြ၀တီနယ်စပ်မှာ ဒေသသုံးအတွက် လျှပ်စစ်ဓါတ်အား ခွင့်ပြုထားပေမယ့် မဲရမက်နဲ့ မဲဆောက်ခရိုင်ကနေ ဖြတ်ကျော်ပေးတဲ့ နယ်စပ်ဒေသတွေကို ပြီးခဲ့တဲ့နှစ် ဇွန် ၅ ရက်ကတည်းက ဓါတ်အားဖြတ်တောက်ထားတယ်လို့ သူကဆိုပါတယ်။
ပြသနာကို ဖြေရှင်းဖို့အတွက် တရုတ်၊ မြန်မာ၊ ထိုင်းတို့ပူးပေါင်းပြီး ရွှေကုက္ကိုလ်သို့ သွားရောက်မယ့်သူတွေကို လူဝင်မှုကြီးကြပ်ရေး လုပ်ထုံးလုပ်နည်းတွေ တင်းကြပ်ဖို့ လိုအပ်တယ်လို့လည်း သူက ထောက်ပြပြောဆိုထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW