အောင်လံမှာ ရဲတပ်ကြပ်နဲ့အမျိုးသားတယောက်ကို အိမ်ရှင်က ဓားနဲ့ခုတ်သတ်မှုဖြစ်ပွား

ဖေဖော်ဝါရီ ၁၆ -၂၀၂၅
GG (VOM)
မကွေးတိုင်း ၊အောင်မြို့၊မကျည်းကုန်းရပ်ကွက်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရဲတပ်ကြပ်နဲ့အမျိုးသားတို့ကို အိမ်ရှင်ကဓားနဲ့ခုတ်သတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဓားနဲ့ခုတ်ပြီးသတ်ခံရတဲ့ ရဲတပ်ကြပ်ကြီးက အောင်လံမြို့မရဲစခန်းမှ ရဲတပ်တပ်ကြပ်ကြီးကျော်သူရဆိုသူဖြစ်ပြီး အတူပါအမျိုးသားကတော့ အသက် ၅၀ အရွယ် ကိုထွန်းဆိုသူဖြစ်တယ်လို့သိရပါတယ်။
” မနေ့ကညနေမှာ သူတို့ကလာခေါ်ချိန် အဲဒီအိမ်က ကောင်လေးက အရင်ရက်က စစ်မှုထမ်းဖို့ဆိုပြီး အခေါ်ခံရပြီးပါသွားတာ။ပြီးတော့ပြန်ပြေးလာတာပေါ့။အဲဒါကို ရဲတွေက ပြန်လာခေါ်တာမှာ ဟိုကခုတ်လွှတ်လိုက်တာ။စစ်မှုထမ်းဖို့လာခေါ်ခံရတဲ့ကောင်လေးက အသက် ၃၃ နှစ်ရှိမယ်။ သူတို့က ညီအစ်ကိုလေးယောက်ရှိတာ။အခုသေသွားတဲ့ရဲကတော့ သူ့အိမ်မှာ နာရေးပြင်ထားတာတွေ့တယ်။ ” လို့ ဒေသခံကပြောပါတယ်။
ရဲတပ်ကြပ်ကြီးတို့နှစ်ယောက်ကို ဓားနဲ့ခုတ်သတ်ခဲ့တဲ့အိမ်ရှင်မိသားစုကတော့ လက်ရှိမှာ မိသားစုလိုက် ထွက်ပြေး တိမ်းရှောင်သွားတာကြောင့် ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ ဒေသခံပြောပြချက်အရသိရပါတယ်။
အသတ်ခံရတဲ့ ရဲတပ်ကြပ်ကြီးနဲ့ အမျိုးသားတို့ကို မနက်ဖန် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ မီးသဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်တိုင်း ၊ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်ထဲမှာ လည်း ဖေဖော်ဝါရီ ၁၂ ရက်နေ့က ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းလာကောက်တဲ့ ရာအိမ်မှူး၊ဆယ်အိမ်မှူးနဲ့ဘော်လန်တီယာပါဝင်သူအမျိုးသမီးတို့ကို အိမ်ရှင်အမျိုးသားက ဓာတ်ဆီနဲ့ပက်ပြီး ရှို့မှုဖြစ်ပွားခဲ့ပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW