ဆူးငှက် ကျွန်တော်ငယ်စဉ်က အိမ်ရှေ့စကားဝိုင်းတွင် အဖေက သူတို့ ဆင်နွှဲခဲ့ကြသည့် ရွာ အရပ်ဇာတ်အကြောင်း ပြောပြသည်။ အဖေပြောပြမှ ထိုစဉ်က ဝါတွင်း ဥပုသ်နေ့ အနောက်ပြင် တောင်သမန်တိုက်က သဖန်းကျောင်း ရောက်တိုင်း ကျောင်းအောက်ထပ် အနောက်ဘက်နံရံမှာ ချိတ်ဆွဲထားသော ဓာတ်ပုံတွေကို သတိရတော့သည်။ ၂ပေခွဲ သုံးပေလောက်ရှိသည့် မှန်ဘောင်ကြီးထဲတွင် ဓာတ်ပုံတွေကို ပိုစတာဒီဇိုင်းပမာ ကျနစွာ ပြင်ဆင်ထားပြီး ပုံတိုင်း၏ အောက်မှာက သပ်ရပ်သော လက်ရေးနှင့် ပုံစာတွေလည်း ရေးထိုးထား၏။ ဇော်ဂျီ အဝတ်အစားနှင့် အပေါ်ပိုင်းတစောင်းပုံ အောက်မှာ ရေးထိုးထားသည့် စာက မင်းသားချော ရတနာပုံစိန်လှိုင် တဲ့။ ရှမ်းခေါင်းပေါင်း ရှမ်းတိုက်ပုံနှင့် ကိုယ်တပိုင်း တစောင်းပုံ အောက်မှာ ကျမိုင်းစော်ဘွားလေး မောင်ကျော် တဲ့။ နောက်တစ်ပုံတွင် ကျမိုင်းစော်ဘွား မောင်ကျော် က ဓားဖြင့် အပေါ်က…
Read MoreMonth: February 2025
အမေရိကန် နုတ်ထွက်မှုကြောင့် WHO ရဲ့ ရန်ပုံငွေ လျှော့ချရဖွယ်ရှိနေ
ဂျီနီဗာ၊ ဖေဖော်ဝါရီ-၆-၂၀၂၅ ရတီ(VOM) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကနေ အမေရိကန်နုတ်ထွက်မှုကြောင့် အဖွဲရဲ့ ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ရန်ပုံငွေကို ဒေါ်လာသန်း ၄၀၀ လျှော့ချနို်ငဖွယ်ရှိကြောင်း သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။ အမေရိကန်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြီးဆုံးအလှူရှင်ဖြစ်ပြီး ဇန်နဝါရီလမှာ သမ္မတရာထူးရယူခဲ့တဲ့ ဒေါ်နယ်ထရန့်လက်ထက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ နုတ်ထွက်ဖို့ အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဖွဲ့ ရန်ပုံငွေနဲ့ အခြားကိစ္စတွေအတွက် အစည်းအဝေးတရပ်ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာပြုလုပ်ခဲ့ကြပါတယ်။ အဖွဲ့ရဲ့ လုပ်ငန်းတွေအတွက် နှစ်နှစ်အတွင်း ရန်ပုံငွေကို ၄ ဒသမ ၉ ဘီလီယံထိ လျှော့ချဖို့ အစည်းအဝေးမှာ အဆိုပြုခဲ့ပြီး ကနဦးလျာထားချက်ကနေ ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံဖြစ်ပါတယ်။ အကြီးဆုံးငွေကြေးပံ့ပိုးသူ အဖွဲ့ကနေ ထွက်ခွာခြင်းကြောင့် ပုံမှန်အတိုင်း လည်ပတ်လုပ်ကိုင်ဖို့ မဖြစ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ လက်ရှိမှာတော့ ဝန်ထမ်းသစ်ခေါ်ယူမှုကို ခေတ္တရပ်ဆိုင်းဖို့ ၊ ခရီးသွားစရိတ်တွေဖြတ်တောက်ဖို့နဲ့…
Read Moreထာဝရ ငြိမ်းချမ်းရေးအမွေ လက်ဆင့်ကမ်းနိုင်ဖို့ အတူပါဝင်ကြရန် ကေအိုင်အိုဥက္ကဌ တိုက်တွန်း
ဖေဖော်ဝါရီ ၆၊ ၂၀၂၅ Shy V (VOM) နောင်လာနောက်သားတွေကို စစ် မဟုတ်ပဲ ထာဝရ ငြိမ်းချမ်းရေး အမွေ လက်ဆင့်ကမ်းနိုင်ဖို့ အတူ ပါဝင်ကြရန် ကေအိုင်အို ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကေအိုင်အို/ ကေအိုင်အေ ရဲ့၆၄ နှစ်မြောက် တော်လှန်ရေးနေ့မှာ တိုက်တွန်း ပြောဆိုထားပါတယ်။ စစ်ပွဲ မဟုတ်ပဲ ထာဝရငြိမ်းချမ်းရေးအမွေ အဖြစ် ပြောင်းလဲကာ သားစဉ် မြေးဆက် လက်ဆင့်ကမ်း ပေးနိုင်ဖို့ အစဉ်တစိုက် ကြိုးပမ်း တာမှာ အားလုံး အတူတကွ ပါဝင်ကြဖို့ ကေအိုင်အို/ ကေအိုင်အေ ရဲ့၆၄ နှစ်မြောက် တော်လှန်ရေးနေ့ မိန့်ခန်းမှာ ထည့်သွင်း ပြောကြားထားပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို စစ်မြေပြင်မှာ မရှာသင့်ကြောင်းလည်း သူကပြောပါတယ်။လက်ရှိမှာတော့ ဗန်းမော်မှာ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပြီး ကေအိုင်အေ နဲ့ ပူးပေါင်း…
Read Moreဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာရဲ့မိသားစုအိမ် မြေတူးစက်နဲ့ ဖြိုချဖျက်ဆီးခံရ
ဒါကာ၊ ဖေဖော်ဝါရီ-၆-၂၀၂၅ ရတီ(VOM) ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြသူတွေဟာ ရာထူးကနေ ပြုတ်ကျပြီးနို်ငငံကနေ ထွက်ပြေးသွားရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာနီနာရဲ့ မိသားစုအိမ်နဲ့ သူ့ပါတီက အခြားသူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီး မီးရှို့ခဲ့ကြပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဟာစီနာဟာ အိန္ဒိယနိုင်ငံမှ ခိုလှုံနေပြီး လူမှုကွန်ရက်ကတဆင့် ဘင်္ဂလားဒေ့ရှ်ပြည်သူတွေကို မိန့်ခွန်းပြောမယ်ဆိုတဲ့ သတင်းကြောင့် မငြိမ်မသက်မှုတွေဖြစ်ပေါ်နေပြီးနောက် ဖျက်ဆီးမှုနဲ့ မီးရှို့မှုတွေ ဖြစ်ပွားခဲ့တာပါ။ မနေ့ကညနှောင်းပိုင်းမှာတော့ ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်ဟောင်း ဟာစီနာရဲ့ ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တည်ထောင်သူ သမ္မတ ရှိတ်မူဂျီဘာရာမန်ရဲ့ နေအိမ်ကို မြေတူးစက်နဲ့ ဖြိုချဖျက်ဆီးခဲ့ပါတယ်။ ဒီနေအိမ်ကို ပြတိုက်အဖြစ် ပြန်လည်ပြင်ဆင်ထားတာဖြစ်ပါတယ်။ ဒါအပြင် အဝါမီလိဂ်ပါတီ ထိပ်တန်းခေါင်းဆောင်တွေရဲ့ နေအိမ်နဲ့စီးပွားရေးလုပ်ငန်းတွေလည်း ဖျက်ဆီး ၊ မီးရှိုခံခဲ့ရပြီး အာဏာပို်ငတွေကတော့ ရဲတပ်ဖွဲ့ ဒါဇင်များစွာ ဖြန့်ကြက်ချထားပါတယ်။ ဟာစီနာရဲ့ ဖခင်ဟာ လွတ်လပ်ရေးသူရဲကောင်းတယောက်အဖြစ် ကျယ်ကျယ်ပြန့်ပြန် ရှုမြင်ခံထားရသူဖြစ်ပေမယ့်…
Read Moreတရုတ်သမ္မတနဲ့ ထိုင်းဝန်ကြီးချုပ်တို့ လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း နှိမ်နင်းရေး တွေ့ဆုံဆွေးနွေး
ပေကျင်း၊ ဖေဖော်ဝါရီ-၆-၂၀၂၅ မျိုးဆက်(VOM) တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာတို့ဟာ အွန်လိုင်းလိမ်လည်မှုနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဒီကနေ့ ပေကျင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟာ ဖေဖော်ဝါရီ ၅ ရက်ကနေ ၇ ရက်ထိ တရုတ်နိုင်ငံကို တရားဝင် အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ဝန်ကြီးချုပ်တာဝန်ရယူပြီးနောက် ပထမဆုံးတရုတ်ခရီးစဉ်ဖြစ်ပါတယ်။ နှစ်ဖက်တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံကုန်သွယ်မှုတွေနဲ့ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ပြီး အမေရိကန်က တရုတ်နိုင်ငံအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံမှု စတင်ပြီးနောက် တရုတ်သမ္မတနဲ့ ထိုင်းဝန်ကြီးချုပ် တို့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။ မကြာသေးမီက တရုတ်ရုပ်ရှင်သရုပ်ဆောင် Wang Xing ကို မြန်မာနယ်စပ်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက လူကုန်ကူး ဖမ်းဆီးခံရပြီးနောက်မှာ တရုတ်နိုင်ငံဟာ နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုတွေကို နှိမ်နင်းဖို့ တရုတ်နိုင်ငံ အရှိန်အဟုန်နဲ့ လုပ်ဆောင်လာပါတယ်။ တရားမဝင် လောင်းကစားနဲ့…
Read Moreဘုရားကြီး မြို့မစျေးမှာ မီးလောင်မှုဖြစ်၊ ဆိုင်ခန်း ရှစ်ခန်း မီးလောင်ဆုံးရှုံး
ဖေဖော်ဝါရီ ၆ – ၂၀၂၅ SS (VOM) ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့မစျေးမှာ ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက်၊ မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ရှစ်ခန်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဘုရားကြီးမြို့၊ အမှတ် (၃) ရပ်ကွက်၊ ရန်ကုန် – မန္တလေး ကားလမ်းမပေါ်ရှိ မြို့မဈေးမှာ ဒီနေ့ မနက်အစောပိုင်း ၁၂ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်ကြောင့် ဈေးမျက်နှာတန်းရှိ လူသုံးကုန်၊ စားသောက်ကုန် စတဲ့ ဆိုင်ခန်း ရှစ်ခန်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ “လျှပ်စစ်ပစ္စည်းဆိုင်၊ ဘီယာတွေရောင်းတဲ့ဆိုင်၊ လက်ဖက်ရည်ဆိုင် အပါအဝင် ဆိုင်ခန်း ရှစ်ခန်း မီးထဲပါသွားတယ်ပေါ့။ လူနေတဲ့ နေရာတွေလည်းပါတယ်။ ဒီဖြစ်စဉ်မှာ လူ၊ တိရစ္ဆာန်…
Read Moreဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀ ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြို့တော်စတော့ဟုမ်းအနောက်ဘက် ကီလိုမီတာ ၂၀၀ အကွာ အိုရီဘရိုမြို့ရှိ စာသင်ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုဟာ ဆွီဒင်သမိုင်းမှာ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် တိုက်ခိုက်မှုဖြစ်တယ်လို့ ဆွီဒင်ဝန်ကြီးချုပ်က ပြောပါတယ်။ ကျူးလွန်သူအမျိုးသားဟာလည်း သေဆုံးသတွေထဲမှာ ပါဝင်တယ်လို့ ယုံကြည်ရပြီး ယခင်က ပြစ်မှုမှတ်တမ်းမရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောဆိုထားပြီး တိုက်ခိုက်မှုကို တယောက်တည်းကျူးလွန်ခဲ့တာဖြစ်ကာ ရည်ရွယ်ချက်ကိုတော့ ရှင်းလင်းစွာ မသိရသေးဘူးလို့ ဆိုပါတယ်။ ဒဏ်ရာရသူအများပြားကို ဆေးရုံတင်ထားရပြီး လေးဦးကို ခွဲစိတ်ကုသမှုတွေ ပြုလုပ်နေပေးနေကာ သေဆုံးသူအရေအတွက် တိုးလာနို်ငကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီကျောင်းဟာ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် သင်္ချာ၊ သိပ္ပံ၊ အခြားဘာသာရပ်တွေနဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေအပြင် ဆွီဒင်ဘာသာစကားပါ သင်ကြားပေးပါတယ်။ သေဆုံးသူ မည်သူမည်ဝါတွေဆိုတာကို…
Read Moreဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက စစ်ရှောင် ဒေသခံပြည်သူ ၃၀၀၀ လောက်အထိ အရေပြားရောဂါ ဆိုးရွားစွာကူးစက်ခံနေရပြီး ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေ ဆီကသိရပါတယ်။ အရေပြားရောဂါကူးစက်ခံထားရတဲ့အထဲမှာ ကလေးငယ်တွေက ပိုများပြီး လူဦးရေ၂၀၀၀ လောက်ရှိကြောင်း ၊ ဆေးဝါးမလုံလောက်မှုတွေကြောင့် ရောဂါဖြစ်ပွားမှုနူန်းကလည်း အချိန်တိုအတွင်းမှာ လူထောင်ချီတဲ့အထိ ဖြစ်ပွားလာတာဖြစ်တယ်လို့သိရပါတယ်။ “အခုစစ်ပွဲတွေဖြစ်ပြီးနောက်ပိုင်းမှဖြစ်တာကိုအခုပွားလာတာပေါ့။စစ်ရှောင်ရင်းနဲ့ဖြစ်ကြတာ။ခုလောလောဆယ်ဖြစ်နေတဲ့လူနာက ၃၀၀၀ လောက်ရှိပါတယ်။ရွာတွေက အကုန်လိုလိုပါပဲ။ စစ်ရှောင်နေတဲ့ရွာတွေမှာ။ လူကြီးကလေးအကုန်ဖြစ်တာကို ကလေးတွေမှာပိုဆိုးတာပေါ့။ ” လို့ အရေပြားရောဂါ ခံစားနေရတဲ့ပြည်သူတွေကို အကူအညီပေးနေသူတယောက်ကပြောပါတယ်။ လက်ရှိ ဂွမြို့နယ်ကို AA ကထိန်းချုပ်ထားတာဖြစ်တဲ့အတွက် နစကဘက်မှလည်း ေဝါးပစ္စည်းတွေသယ်ယူခွင့်ကန့်သတ်ထားတာကြောင့် ဂွမြို့နယ် အတွင်း ဆေးဝါးဝယ်ယူရခက်ခြင်း၊ဆေးဝါးစျေးနူန်းတွေအဆမတန်မြင့်ခြင်း၊ ဆေးဝါးဝယ်ယူဖို့ငွေကြေးအင်းအားလိုအပ်ချက်ရှိခြင်း စတဲ့အခက်အခဲတွေကြောင့် အရေပြားရောဂါ ကုသဖို့အတွက်ဆေးဝါးတွေမလုံလောက်မှုဖြစ်ပေါ်နေရပါတယ်။ ဒါကြောင့် စစ်ဘေးရှောင် အရေးကူညီဆောင်ရွက်နေသူတွေက အရေပြားရောဂါ ခံစားနေရသူတွေအတွက်…
Read Moreကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနဲ့ ပါလက်စတိုင်းဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂကူညီရေးအဖွဲ့တွေကနေ နုတ်ထွက်မှာဖြစ်ပြီး ယူနက်စကိုမှာ အမေရိကန်ရဲ့ ပါဝင်မှုကိုလည်း ပြန်လည်သုံးသပ်မယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး မျှော်လင့်ချက်ကြီးကြီးမားမားရှိထားပေမယ့် လုပ်ငန်းတွေ ကောင်းကောင်းမလည်ပတ်ကြသလို ရိုးသားမှုနဲ့ အလုပ်ကောင်းကောင်းမလုပ်ကြဘူးလို့ သူက ဝေဖန်ပြောဆိုပါတယ်။ အချိုးအစားမညီတဲ့ အမေရိကန်ရဲ့ ထောက်ပံ့မှုတွေကို လျှော့ချင်သင့်တယ်လို့ ထရန့်ကပြောပါတယ်။ ထရန့်ရဲ့ ပထမသက်တမ်းမှာတော့ အမေရိကန်ဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနဲ့ ယူနက်စကိုတို့ကနေ နုတ်ထွက်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ ပါလက်စတိုင်းတွေအပေါ် ဘက်လိုက်ပြီး အစ္စရေးနဲ့ပတ်သက်ပြီး ကြားနေမှုမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ယခင်သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်မှာတော့ ထရန့်လက်ထက်က နုတ်ထွက်ခဲ့တဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။ လက်ရှိမှာတော့ အမေရိကန်အစိုးရသစ်ဟာ နိုင်ငံတကာအကူအညီပေးမှုတွေကို ရက် ၉၀ ရပ်ဆိုင်းထားပြီး ကမ္ဘာတဝန်းမှာ…
Read Moreတမူး – ကလေး ကားလမ်းမှာ နေ့စဥ် တိုက်ပွဲတွေကြောင့် လမ်းတွေပိတ်ထားရ
ဖေဖော်၀ါရီ၊ ၅ ၊၂၀၂၅ ကျော်ဟိန်း ( VOM) စစ်ကိုင်းတိုင်း ၊ ကလေး – တမူးး နယ်စပ်ကုန်သွယ်ရေး ကားလမ်းမှာ နေ့စဥ်နီးပါး တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ကားလမ်းတွေပိတ်ထားပြီး ကုန်သွယ်ရေး လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ မုံရွာမြို့ခံ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းရှင် တယောက်က်ဆီက သိရပါတယ် ။ ” ကလေး – တမူးး ကားလမ်းက ၂၀၂၄ အောက်တိုဘာက စပြီး ပိတ်ထားတယ် ၊ လမ်းတွေ စတင်ပိတ်ထားတုန်းက ကွင်းလမ်းတွေက ရှောင်ကွင်းသွားလာလို့ ရသေးတယ် ၊ အခု အခြေအနေက လုံး၀ကို သွားလို့မရတော့ဘူး၊ အဲဒါကြောင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ ရပ်နားထားရတယ် ” လို့ မုံရွာမြို့ခံ မိုးရေးကုန်သည် တယောက်က်က ပြောပါတယ်။ တမူးး – ကလေး…
Read More