ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅
Shy V (VOM )
ရှမ်းပြည်နယ် မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ရာ ချင်းရွှေဟော်၊ ဝမ်တိန်၊ ကျင်စန်းကျော့ ကနေ မန္တလေးအထိ စားသောက်ကုန်ကား လမ်းစရိတ် သိန်း ၃၀၀ ဝန်းကျင်ရှိနေကြောင်း နယ်စပ်ဒေသခံတွေ ဆီက သိရပါတယ်။
“ဒီ တရုတ်နယ်စပ် ကနေ မန္တေလးထိ လမ်းစရိတ် သိန်း ၃၀၀ လောက် ကုန်တယ် ဆိုတာ လမ်းကြေးတွေ ရော အပါ ဖြစ်မယ်။ တစီးစီး နဲ့ တစီး ကုန်ကျ စရိတ် မတူဘူး။ ကုန်ပေါ်မှာလည်း မူဆယ်တယ်။ ပြီးရင် ဒီကုန်ပေါ်မှာ ဘာ်လောက်ထိ အာမ ခံသလဲ ဆိတဲ့ အပေါ်လည်း မူတည်တယ်” လို့ နယ်စပ် ပို့ကုန် သွင်းကုန် ကိုယ်စားလှယ် တယောက်က ပြောပါတယ်။
၁၀၅ မိုင် ကုန်သွယ် ရေးဇုံမှာ MNDAA, AA နဲ့ TNLA မြောက်ပိုင်း ညီနောင် တပ်ပေါင်းစုတွေကို ဆပ်ကြေး သုံး ရာခိုင်နှုန်း ပေးရပြီး တခါတလေ ကုန်ပေါ်မူတည်ပြီး ကောက်ခံတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် SSPP/SSA, KIA , နစက တပ်ဖွဲ့ တွေအပြင် ရဲ၊ မော်တော်ပီကယ်၊ စုပေါင်းဂိတ်ေတွ စသဖြင့် လမ်းကြောင်း တလျှောက်လုံး ဂိတ်ပေါင်းများစွာကို ဂိတ်ကြေးပေးရပြီး စက်သုံးဆီတွေကလည်း အရင်ကထက် ဈေးများတာကြောင့် ကုန်ကျစရိတ် ပိုများတာလို့ ဆိုပါတယ်။
ကြူကုတ် (ပန်ဆိုင်း) – ဝမ်တိန် တရုတ် နိုင်ငံ သားတွေ စားသောက်ကုန် တနိုင်တပိုင် သယ်ဝင်လို့ရပြီး မြန်မာဘက်ခြမ်းကတော့ လက်ရှိ ကြံ အဓိက တင်ပို့နေတယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
“ဓာတ်မြေဩဇာတွေက အခုချိန်တော့ မဝင်သေးဘူး။ ခါတိုင်းေတာ့ မေလကုန်လောက်မှ ဝင်လာတာမျိုးရှိတယ်။ ဈေးကတော့ အရင်ကထက် ပိုများတာပေါ့။ မနှစ်တုန်းကတော့ တအိတ်ကို ယွမ် ၁၀၀ ကျော် ဈေး ပေါက်တယ်” လို့ ကြူကုတ် (ပန်ဆိုင်း) ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ကျင်စန်းကျော့ဂိတ်၊ ဝမ်တိန်ဂိတ်တွေကနေ ဝင်တာရှိသလို မုံးကိုးဘက် ကနေ ဝင်တာလည်း ရှိတယ်လို့ သူက ပြောပါတယ်။
ချင်းရွှေဟော် နယ်စပ်ဂိတ်ကနေလည်း စားသောက်ကုန်တွေ ဝင်တာရှိပြီး မြန်မာ ဘက်ခြမ်းကနေ ကြံ ကို အဓိက တင်ပို့တယ်လို့ ဆိုပါတယ်။
MNDAA နဲ့ နစက တပ်ဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီကြောင်း တရုတ်ဘက်က အသိပေး ခဲ့ပြီးနောက် MNDAA ထိန်းချုပ် နယ်မြေရှိ တရုတ်မြန်မာ နယ်စပ်ဂိတ် အားလုံးကို တရုတ်ဘက်က ဖွင့်လှစ်ခဲ့ကာ စားသောက်ကုန်စည်တွေ တင်သွင်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
လူ အဝင်အထွက်ကိုတော့ မြန်မာ ဘက်ခြမ်းက တရားဝင် နယ်စပ်ဖြတ်ေကျာ်ခွင့် တံဆိပ် ထုပေးမယ့် ရုံး မရှိတာကြောင့် ဝင်ခွင့် မပြုဘူးလို့ သိရပြီး တရုတ် နိုင်ငံသား နယ်စပ်စပ် ဖြတ်ကျော်ခွင့် စာအုပ်ရှိသုတွေကတော့ တရုတ်ဘက်က အဝင်အထွက် ခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo Crd# ဒေသခံ