အီရတ်နဲ့ ဆီးရီးယားမှာ လှုပ်ရှားနေတဲ့ အိုင်အက်စ်ထိပ်တန်းခေါင်းဆောင် သေဆုံး

ဘဂ္ဂဒက်၊ မတ်-၁၅-၂၀၂၅
ရတီ(VOM)
အီရတ်နဲ့ ဆီ.ရီးယားမှာ လှုပ်ရှားနေတဲ့ အိုင်အက်စ်အဖွဲ့ ထိပ်တန်းခေါင်းဆောင်တယောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ အီရတ်ဝန်ကြီးချုပ်က အတည်ပြုပြောဆိုလိုက်ပါတယ်။
အဘူခါဒီဂျာ လို့လူသိများတဲ့ အိုင်အက်စ်ခေါင်းဆောင်ဟာ အီရတ်နဲ့ ကမ္ဘာမှာ အန္တရာယ်အရှိဆုံး အကြမ်းဖက်သမားတယောက်အဖြစ် သတ်မှတ်ခံထားရသူဖြစ်တယ်လို့ ဝန်ကြီးချုပ် မိုဟာမက်အယ်လ်ဆူဒါနီက ပြောပါတယ်။
ဒီစစ်ဆင်ရေးကို အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့တွေနဲ့ အီရတ်အမျိုးသားထောက်လှမ်းရေးအဖွဲ့တွေ ပူးတွဲ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ချီးကျူးပြောဆိုထားပါတယ်။ စစ်ဆင်ရေးကို အီရတ်အနောက်ပိုင်း အယ်လ်အန်ဘာပြည်နယ်မှာ မနေ့က ပြုလုပ်ခဲ့တာပါ။
သေဆုံးသွားတဲ့ အိုင်အက်စ်ခေါင်းဆောင်ဟာ အိုင်အက်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်တဲ့ ထိပ်တန်းအဖွဲ့မှာ အကြီးအကဲဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ အိုင်အက်စ်တို့ရဲ့ စစ်ဆင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ အစီအစဉ်တွေကို တာဝန်ယူသူဖြစ်တယ်လို့ အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ်က ပြောပါတယ်။
သူဟာ အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာငွေ လည်ပတ်မှုတွေကိုလည်း စီမံခဲ့သူလည်းဖြစ်ပြီး အခြား အိုင်အက်စ် စစ်ဆင်ရေးမှူးတယောက်နဲ့အတူ သေဆုံးခဲ့တာပါ။ နှစ်ယောက်စလုံးဟာ မပေါက်ကွဲသေးတဲ့ အသေခံဝတ်စုံကို ဝတ်ဆင်ထားပြီး လက်နက်တွေလည်း ပါတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ယခင်က သူ့ကိုဝင်ရောက်စီးနှင်းစဉ် လက်မတင်လွတ်မြောက်ခဲ့ချိန်က ရရှိခဲ့တဲ့ ဒီအင်န်အေနဲ့ ယခုဒီအင်န်အေကို တိုက်ဆိုင်စစ်ဆေးပြီး အိုင်အက်စ်ခေါင်းဆောင်ဖြစ်ကြောင်း အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။
အီရတ်မှာ အိုင်အက်စ်တို့ကို နှိမ်နှင်းနိုင်ပြီလို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှာ အီရတ်နဲ့ အမေရိကန်က ကြေညာခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အိုင်အက်စ်တွေ နောက်ဆုံးခြေကုပ်ယူရာနေရာကနေ တိုက်ထုတ်ခဲ့ကြပေမယ့် စစ်သွေးကြွတွေဟာ နိုင်ငံတွင်းမှာ ဆက်လက်လှုပ်ရှားနေကြပြီး အကြမ်းဖက်တို်ကခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW