လက်ဖက်ရည် ၁ခွက် ၃ယောက် —————————— ဒီကနေ့ လက်ဖက်ရည် တစ်ခွက်ကို ဆိုင်သောက် ၁၀၀၀ကျပ်၊ ပါဆယ် ၁၃၀၀ လောက်ဖြစ်နေတော့ ကိုယ့် ပါးစပ်ကို မသထာချင်တော့ပေ။ သည်အချိန်မှာ ကျွန်တော်တို့ ငယ်ငယ်က ဦးလေးခ ၏ လက်ဖက်ရည်ကို သတိရနေသည်။ တကယ်တော့ ထိုစဉ်ကာလက လက်ဖက်ရည် တစ်ခွက် တစ်ကျပ်တော့ ဖြစ်နေပါပြီ။ ဒါပေမယ့် ဦးလေးခ က နို့ဆီကို အစိုးရခွဲတမ်းပါမစ်ရသည်။ တစ်နေ့ ၂ပိဿာတဲ့။ ထိုပါမစ်ကို လက်လွှဲရောင်းလိုက်လိုက်လို့ ရသည်။ ဦးလေးခ က လက်လွှဲမရောင်း။ ရပ်ကွက်ထဲက လူတွေ လက်ဖက်ရည်ကို ဈေးသက်သက်သာသာနှင့် သောက်နိုင်ဖို့ ပါမစ်ရ နို့ဆီနှင့် သူ့အိမ်မှာပဲ လက်ဖက်ရည် ရောင်းသည်။ သူ့အိမ်က စိုင်ပြွန်ဝင်း အနောက်ဘက် မိကျောင်းတံတား၏…
Read More