အောက်တိုဘာ ၁၈ – ၂၀၂၅ SS (VOM) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းက AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို နလအတပ်က ဆက်တိုက်ဆိုသလို ထိုးစစ်ဆင်နေပြီး လက်ရှိမှာ စစ်ကြောင်းဟာ အဲဒီမြို့ပေါ်နဲ့ ၁၂ မိုင်အကွာကို ရောက်ရှိနေပြီဖြစ်ကာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ကျောက်ဖြူမြို့နယ်မှာ နှစ်ပတ်ခန့်ကြာ တိုက်ပွဲ ရပ်နေခဲ့ရာမှ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှ စတင်ကာ နလအတပ်က နောက်တကြိမ် ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေတာလို့ သိရပါတယ်။’ “လက်ရှိ စစ်ကြောင်းက ကျောက်ဖြူမြို့ပေါ်နဲ့ ၁၂ မိုင်လောက်ပဲဝေးတဲ့ ကုလားဘာကျေးရွာ တောင်ဘက်ပိုင်းအထိ ရောက်နေပြီလို့ သိရတယ်။ AA ဘက်ကတော့ တန်ပြန် ထိုးစစ်ဆင်တာ မရှိသေးဘူး။ နောက်ဆုတ်ပေးနေရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ တိုက်ပွဲ နှစ်ပတ်လောက်…
Read More