လေးကေ့ကော် စွယ်တော်ကုန်းနဲ့ ရှုခင်းသာကို အစိုးရတပ် ပြန်ထိန်းချုပ်ပြီး KK Park ကိုလည်း စီးနင်းဝင်ရောက်

အောက်တိုဘာ ၂၀ – ၂၀၂၅ SS (VOM) ထိုင်း – မြန်မာနယ်စပ်၊ မြဝတီမြို့နယ်ရှိ စစ်ရေးအရ အချက်အချာကျတဲ့ လေးကေ့ကော်မြို့သစ်၊ စွယ်တော်ကုန်းစခန်းနဲ့ ရှုခင်းသာစခန်းကို အစိုးရတပ်က ပြန်လည် ထိန်းချုပ်လိုက်ပြီး KK Park ကိုလည်း စီးနင်း ဝင်ရောက်ခဲ့တယ်လို့ မနေ့ အောက်တိုဘာ ၁၉ ရက်က သတင်း ထုတ်ပြန်ထားပါတယ်။ အစိုးရတပ်ဟာ လေးကေ့ကော်မြို့သစ်နဲ့ စွယ်တော်ကုန်း ဗျူဟာကုန်းစခန်းကို ပြန်လည် ရယူနိုင်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ ထိုးစစ် ဆင်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် အောက်တိုဘာ ၁၇ ရက်နေ့မှာ ရှုခင်းသာစခန်းကို သိမ်းပိုက်ခဲ့ပြီး မနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာတော့ ပွိုင့် (၁၀၇၈) စွယ်တော်ကုန်း စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့…

Read More

လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၁၉)

ဆူးငှက် ထိုစဉ်ထိုကာလ မဂ္ဂဇင်းတွေမှာ ဒေါ်ဒေါ်နှင့်လည်း ရင်းနှီးသော ကျွန်တော်တို့ကလည်း လေးစားတန်ဖိုးထားသော စာရေးဆရာကြီးတစ်ဦး၏ အတွေ့အကြုံနှင့် သူ့ဆွေစဉ်မျိုးဆက် မှတ်တမ်းမှတ်ရာဆိုင်ရာ ဆောင်းပါးတွေ ဆက်တိုက်ပါရှိသည်။ အကြောင်းအရာအားလုံးကောင်းသည်။ အရေးအသား အတင်အပြ ရဲရင့်သည်။ ကျွန်တော်တို ကြိုက်နှစ်သက်သည်။ သို့သော် တစ်ခါတစ်ရံ အရေးအသားတွေက တစ်မျိုး တစ်မည်ဖြစ် နေ၏။ အနီရောင်ဆိုင်းဘုတ်ကြီးတွေမှာ..၊ မနက် မိုးလင်းမိုးချုပ် နားမဆံ့ အော်ဂလီဆန်အောင် ရေဒီယိုတွေ၊ ဗွီစီဒီခွေတွေမှာ တွေ့ရ ကြားရသော အယူအဆမျိုး လေသံတွေမျိုးကို ကျွန်တော်တို့ လေးစားသော ပုဂ္ဂိုလ်ကြီး၏ ဆောင်းပါးတွေမှာ အမြဲလိုလို ပါလာတတ်၏။ ထိုအကြောင်းအရာကို ဒေါ်ဒေါ်က ““ဘယ်လောက်အဖိုးတန်တဲ့ နတ်သုဒ္ဓါဖြစ်ပါစေကွယ် အဲဒီထဲမှာ မစင်တစ်စက် ပါလိုက်တာနဲ့ ပစ်လိုက်ရတာပါပဲ””ဟု တစ်ချက်တည်း သုံးသပ်ပြသွားသည်။ ဒေါ်ဒေါ်က ဆက်၍““စာဖတ်ပရိသတ်က သိပ်အကင်းပါတယ်နော်. . . ၊ ဘယ်ဟာ နတ်သုဒ္ဓါ…

Read More
VOM News

FREE
VIEW