အောက်တိုဘာ ၂၂၊ ၂၀၂၅ Shy V (VOM) ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ လုမြန်ရွာဘက်မှာ ဒီနေ့အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ပြင်းထန်ကြောင် ဒေသခံတွေဆီက သိရပါတယ်။ “လေယာဉ် ဗုံးကျသံတွေက တဝုန်းဝုန်းနဲ့ ပြန်ပတ် လှည့်လာပြီး ကြဲကြဲသွားတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ဝိုင်းမော် လုမြန်ဘက် ဒီမနက် ၇ နာရီ ၄၀ မိနစ် လောက်ကတည်းက လေကြောင်း ဗုံးကြဲနေတာ မနက် ၉ နာရီခွဲကျော် အထိ မနားတမ်း ဆက်တိုက် ကြဲနေသံကြားရပြီး ဗုံး အလုံး ၄၀ လောက် ရှိမယ်လို့ သူက ပြောပါတယ်။ “ဒရုန်းလည်း ၇ စီးလောက် ဝဲနေတယ်။ အသံလည်း သိပ်မထွက်ဘူး။ ခါတိုင်းနေ့က…
Read MoreDay: October 22, 2025
မကွေးမှာ ထောက်ပို့တပ် ဆီဘောက်ဆာကားနဲ့ လိုက်ထရပ် တိုက်မိပြီး ဒုတပ်ကြပ် အပါဝင် ငါးယောက်သေဆုံးကာ လေးယောက်ဒဏ်ရာရ
အောက်တိုဘာ ၂၂ ၊ ၂၀၂၅ CC (VOM) မကွေးမြို့ နတ်မောက်လမ်း ကံလှကျေးရွာအနီးမှာ ဒီကနေ့ အောက်တိုဘာ ၂၂ ရက် ၊နေ့လယ် ၁ နာရီ ၄၅ မိနစ်က ဆီဘောက်ဆာကားနဲ့ Light Truck ကားမျက်နှာချင်းဆိုင်တိုက်မိပြီး ဒုတပ်ကြပ်အပါအဝင် ငါးယောက်သေဆုံးပြီး လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဆီဘောက်ဆာကားက မိတ္ထီလာထောက်ပို့တပ်မှ ကားဖြစ်ပြီး ယာဥ်တိုက်မှုကြောင့် ကားပေါ်ရှိ ယာဥ်မောင်း ဒုတပ်ကြပ်နဲ့ မိတ္ထီလာ ချည်မျှင်နဲ့ အထည်စက်ရုံမှ ယာဥ်နောက်လိုက်အမျိုးသား တို့သေဆုံးခဲ့ပြီး အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ နောက်ထပ် သေဆုံးသူ သုံးယောက်ကတော့ လိုက်ထရပ်ကားပေါ်မှ အသက် ၂ နှစ်အရွယ် ကလေး ၊အသက်ကြီးပိုင်း အမျိုးသမီးကြီးတယောက်နဲ့ အမျိုးသားတယောက်တို့ ဖြစ်တယ်လို့သိရပါတယ် ။ လိုက်ထရပ်ပေါ်မှာ နောက်ထပ် အမျိုးသားတယောက်နဲ့ အမျိုးသမီးနှစ်ယောက်လည်းထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ” ညှပ်နေတဲ့ အလောင်းတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်ခဲ့ရပါတယ်။…
Read Moreထိုင်း-မြန်မာနယ်စပ်ရှိ Starlink ဂြိုဟ်တုအင်တာနက် ၂၅၀၀ ကျော် ပိတ်သိမ်းခံရ
ဝါရှင်တန်၊ အောက်တိုဘာ-၂၂-၂၀၂၅ မျိုးဆက်(VOM) ထိုင်း-မြန်မာ နယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း( ကျားဖြန့်) တွေအသုံးပြုနေတဲ့ ဂြိုဟ်တု အင်တာနက် Starlink စက်ပေါင်း ၂၅၀၀ ကျော်ကို ဝန်ဆောင်မှုဖြတ်တောက်လိုက်ကြောင်း Starlink ကုမ္ပဏီဒုဥက္ကဋ္ဌက ဒီကနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ နယ်စပ်တလျှောက်မှာ ကျားဖြန့်အဖွဲ့တွေ အခြေစိုက်ပြီး လိမ်လည်မှုတွေ ပြုလုပ်မှုဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပိုမိုဆိုးရွားလာပါတယ်။ ဖေဖော်ဝါရီလက စတင်ပြီး ထိုင်း၊ မြန်မာနဲ့ တရုတ်တို့ ပူးပေါင်းပြီး ပြင်းပြင်းထန်ထန် ဖြိုခွင်းမှုမှာ အလုပ်သမား ၇၀၀၀ ကျော်ကို ကျားဖြန့်စင်တာတွေကနေ နေရပ်ပြန်ပို့ခဲ့ပြီး ထိုင်းကလည်း နယ်စပ်ဖြတ်ကျော် အင်တာနက်ကို ဖြတ်တောက်ခဲ့ပါတယ်။ ဒါပေမယ့် ယခုလအတွင်း AFP က စုံစမ်းစစ်ဆေးမှုအရ မြ၀တီရှိ KK Park မှာ အဆောက်အအုံတွေ တည်ဆောက်မှုနဲ့ Starlink အသုံးပြုမှုတွေနဲ့အတူ ကျားဖြန့်လုပ်ငန်းတွေ…
Read Moreဆိုင်သိမ်းပြီး ပြန်လာတဲ့ကား လမ်းဘေးဓာတ်တိုင် ဝင်တိုက်လို့ ၁၅ ယောက်ဒဏ်ရ
အောက်တိုဘာ ၂၁ ၊ ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း ၊ တောင်ဥက္ကလာမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ် နဲ့ ၉ ရပ်ကွက် ၊ ကျော်သူ ၂၅ လမ်းထိပ်မှာ ဒီနေ့ အောက်တိုဘာ ၂၁ ရက်နေ့ မနက်အစောပိုင်းက ဆိုင်သိမ်းပြန်လာတဲ့ကားက ဓာတ်တိုက်ဝင်တိုက်မိပြီး ၁၅ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။ ဖြစ်စဥ်က မနက်အစောပိုင်း ၃ နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေက အမျိုးသား.ခုနှစ်ယောက်နဲ့ အမျိုးသမီး ရှစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။ “ကားအရှိန်မပြင်းဘူး။ကားခေါင်းထဲမှာ ကားမောင်းတဲ့ကောင်လေးနဲ့ ကောင်မလေးလိုက်ပါစီးတယ်။ သူတို့ပြောတာ ကားခေါင်းထဲက ကောင်မလေးကို သရဲပူးပြီး ကားသမားကလည်းမထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်တာလို့သိရတယ်။သူတို့က ထမင်းကြော်ဆိုင်သိမ်းပြီးပြန်လာကြတာလို့သိရတယ်။ဒဏ်ရာတွေကမစိုးရိမ်ရပါဘူး။ ” လို့ ဖြစ်စဥ်ကို မျက်မြင်တွေ့ရှိသူတယောက်ကပြောပြပါတယ်။ ကားပေါ်လိုက်ပါလာသူအားလုံးက ဆိုင်ဝန်ထမ်းတွေဖြစ်ကြောင်း ၊ ဒဏ်ရာရရှိသူတွေကိုတော့ လူမှုကူညီရေးအသင်းတွေက လူနာတင်ယာဉ်ခြောက်စီးနဲ့ မြောက်ဥက္ကလာ ဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ အလားတူ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်(၃)၊…
Read Moreရန်ကုန်မှာ မီးလောင်မှု သုံးကြိမ်ဖြစ်ပွားပြီး တယောက် သေဆုံး
အောက်တိုဘာ ၂၁ – ၂၀၂၅ SN (VOM) ရန်ကုန်မြို့မှာ မနေ့ အောက်တိုဘာ ၂၀ ရက်၊ ညနေပိုင်းကနေစပြီး ဒီကနေ့ အောက်တိုဘာ ၂၁ ရက်၊ မနက်ပိုင်းအထိ မီးလောင်မှု သုံးကြိမ်ဖြစ်ပွားခဲ့ကာ တယောက် မီးလောင်ကျွမ်း သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ မနေ့ ညနေ ၆ နာရီ ၁၆ မိနစ်ဝန်းကျင်က တောင်ဥက္ကလာပမြို့နယ်၊ (၅) ရပ်ကွက်၊ ပါရမီလမ်းမှာ မီးလောင်မှု စတင် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်ခန်း ကိုးခန်း မီးလောင် ဆုံးရှုံးခဲ့တယ်လို့ သူက ပြောပါတယ်။ “ဆိုင်ခန်းအမှတ်တော့ ကျွန်တော် မမှတ်မိဘူး။ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ဝါယာကြိုးကနေ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု စတင် ဖြစ်တာပါ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မြို့မရဲစခန်းကဘအရေးယူ ဆောင်ရွက်နေပါတယ်။…
Read Moreအလုပ်သမားရေးလှုပ်ရှားသူ ကိုသက်နှင်းအောင်နဲ့STUM မှဒေါ်မျိုးမျိုးအေးတို့အပါအဝင် လေးယောက် ထောင်ကပြန်လွတ်လာ
အောက်တိုဘာ ၂၁ ၊၂၀၂၅ GG (VOM) အလှုပ်သမားအရေးလှုပ်ရှားသူတွေဖြစ်တဲ့ ကိုသက်နှင်းအောင် နဲ့ ဒေါ်မျိုးမျိုးအေးတို့ အပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူ လေးယောက် မနေ့က အောက်တိုဘာ ၂၀ ရက်နေ့မှာ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက် လာပြီလို့သိရပါတယ်။ လက်ရှိ စွဲဆိုထားတဲ့ အမှုအားလုံးကို အထူးအမိန့်နဲ့ရုတ်သိမ်းပြီး ထောင်ကနေလွှတ်ပေးလိုက်တာ ဖြစ်ကြောင်း ၊ နှစ်ယောက်လုံး မနေ့က ညပိုင်းကတည်းက နေအိမ်ကိုပြန်လည်ရောက်ရှိပြီဖြစ် ကြောင်းသိရပါတယ်။ ကိုသက်နှင်းအောင်က မြန်မာနိုင်ငံ စက်မှု လက်မှု နဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ပြီး ထောင်ကနေ လွတ်မြောက်ပြီး ပြန်လည်ရောက်ရှိလာကြောင်းကို MICS-TUsF ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ ဒေါ်မျိုးမျိုးအေးကတော့ သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) ရဲ့ ဦးဆောင်သူ ဒါရိုက်တာဖြစ်ပြီး ထောင်ကနေ ပြန်လည်လွတ်မြောက်ပြီး နေအိမ်ရောက်ရှိကြောင်းကို…
Read Moreဂျပန်ရဲ့ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် တာကာအိချိ ရွေးချယ်ခံရ
တိုကျို၊ အောက်တိုဘာ-၂၁-၂၀၂၅ ရတီ(VOM) ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် တာနာအဲ တာကာအိချိကို ဒီကနေ့မှာ ပါလီမန်က ရွေးချယ်လိုက်ပြီး သူမဟာ ဂျပန်ရဲ့ ပထမဆုံးသော အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ ရှေးရိုးစွဲဝါဒီဖြစ်တဲ့ အသက် ၆၄ နှစ်အရွယ် တာကာအိချိဟာ ဂျပန်နိုင်ငံရဲ့ သံမဏိအမျိုးသမီးအဖြစ် လူသိများပြီး ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာကို လေးစားအားကျသူဖြစ်ကာ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ လူရင်းတယောက်လည်း ဖြစ်ပါတယ်။ ဒါဟာ ဝန်ကြီးချုပ်ဖြစ်ရေး တတိယအကြိမ် ကြိုးပမ်းမှုဖြစ်ပြီး အကျင့်ပျက်ချစားမှုအပါအဝင် အရှုပ်တော်ပုံတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီပါမှာ ငါးနှစ်အတွင်း လေးယောက်မြောက် ဝန်ကြီးချုပ်ပါ။ ထရန့်ကတော့ သူမဟာ အလွန်လေးစားစရာကောင်းတဲ့ ဉာဏ်ပညာရှိသူလို့ အစောပိုင်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် တာကာအိချီရင်ဆိုင်ရမှာတွေကတော့ နှေးကွေးနေတဲ့ ဂျပန်စီးပွားရေးကို မြှင့်တင်ဖို့၊ အဆင်မချောသေးတဲ့ အမေရိကန်-ဂျပန်ဆက်ဆံရေးအပြင် အာဏာရပါတီရဲ့ အကွဲအပြဲတွေကို ဖြေရှင်းပြီး ပါတီကို…
Read Moreလက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၂၀)
ဆူးငှက် တကယ်တော့ ကျွန်တော်က ကျွန်တော့်အထက်က အစ်မ (ဒေါ်ခင်ဝင်းနွယ်) နှင့် ပတ်သက်၍ လူထုတိုက်သို့ ၁၉၇၀ကျော်ကာဝန်းကျင် ကတည်းက ထုံ့ပိုင်းထုံ့ပိုင်း ရောက်ဖူးပြီးနောက် ၁၉၈၀၀န်းကျင် ရောက်ပါမုှ ကိုငြိမ်းချမ်း (ဆရာညီပုလေး) ဖိတ်ခေါ်မှုဖြင့် ဒေါ်ဒေါ် လူထုဒေါ်အမာ၏ အသက် ၇၀ ပြည့် မွေးနေ့ (၁၉၈၅ ခု နိုဝင်ဘာလ ၂၉ရက်) မှ စ၍ အမရပူရ တောင်သမန်အင်းစောင်း တောင်လေးလုံးကျောင်းတွင် မွေးနေ့ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အစကနဦးမှာတော့ မန္တလေး၊ အမရပူရ၊ တံတားဦး၊ အင်းဝ၊ စစ်ကိုင်း၊ မုံရွာ က စာရေးဆရာတွေ ရောက်လာကြသည်။ အလွန်သာယာအေးချမ်းကြည်နူးဖွယ်ကောင်းလှသော တောင်လေးလုံးကျောင်း ပရိဝုဏ်မှာ စာရေးဆရာ ဆရာတော် ဦးပညာ(အမရပူရ)၏ မေတ္တာရိပ်မှာ ခိုလှုံပြီး တွေ့ကြဆုံကြ၊ စာအကြောင်း ပေအကြောင်း အနုပညာအကြောင်း ပြောဆိုကြရင်း နှိုင်းမရသည့် ပီတိတွေ…
Read Moreပစ္စည်းခိုးတယ်ဆိုကာ အမျိုးသမီးတယောက်ကို ရိုက်နှက်ပြီး ဓာတ်တိုင်မှာ ကြိုးနဲ့တုပ်မှု ပါဝင်သူအားလုံးကို ရဲစခန်းမှာ စစ်ဆေးနေ
အောက်တိုဘာ ၂၁ – ၂၀၂၅ SS (VOM) ရန်ကုန်တိုင်း၊ လှိုင်ယာသာမြို့နယ်ရှိ အထည်ဆိုင်တဆိုင်မှာ ပစ္စည်းခိုးယူတယ်လို့ စွပ်စွဲခံရပြီး ကလေးချီထားတဲ့ အမျိုးသမီးတယောက်ကို ရိုက်နှက်ပြီး ဓာတ်တိုင်မှာ ကြိုးနဲ့တုပ်ခဲ့တဲ့ ဖြစ်စဉ်မှ ပါဝင်ပတ်သက်သူ အကုန်လုံးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေး မေးမြန်းနေတယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။ “လက်ရှိက ဆိုင်ရှင်မိသားစုရယ်၊ ခိုးတယ်လို့ အစွပ်စွဲခံရတဲ့ မိသားစုရယ်က လှိုင်သာယာ ရဲစခန်းမှာပါ။ ပြဿနာတွေ ဖြေရှင်းနေတုန်းပါ။ အထည်ဆိုင်ဘက်က ဆိုင်ရှင်ရော၊ ကြိုးတုပ်သူနဲ့ ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်ပေါ်တင်သူ အကုန်လုံး ပါပါတယ်။ ဒီမနက်ကပဲ ခေါ်အမေးခံနေရတာပါ” လို့ သူက ပြောပါတယ်။ အဲဒီဖြစ်စဉ်ဟာ လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး TikTok လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်အရ ပစ္စည်းခိုးတယ်လို့ စွပ်စွဲတဲ့ ဆိုင်ရှင်ဆိုသူ အမျိုးသမီးတယောက်က…
Read More