တရုတ်နယ်စပ်ဘက် တပတ်ကတ်နဲ့ ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေကို ဖမ်းဆီးမှု ပြန်များလာ

နိုဝင်ဘာ ၂၊ ၂၀၂၅ Shy V (VOM) မြန်မာ – တရုတ်နယ်စပ်၊ တရုတ်ဘက်ခြမ်း ရွှေလီ အပါအဝင် နယ်စပ်ဘက် တပတ်ကတ် (၇ ရက် သက်တမ်းရှိ ယာယီ နယ်စပ်ဖြတ်ကျော်ခွင့် ကတ်) နဲ့ ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေကို အောက်တိုဘာ လကုန်ပိုင်းကစ ဖမ်းဆီးမှု ပြန်များလာနေကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။ “အခုရက်ပိုင်း တပတ်ကတ်တွေ နဲ့ဝင်လာတဲ့ သူတွေကို တအား ပြန်ဖမ်းနေတယ်။ နှစ်ကုန်လာလို့လားမသိဘူး။ တံခါးတွေ လိုက်ခေါက်တာ။ ဖွင့်ပေးလိုက်ရင် တခါတည်းခေါ်သွားတာ။ အပြင်ထွက်ရင်လည်း မရဘူး။ မလုံခြုံဘူး။” လို့ ရွှေလီရောက် ပညာရေးဝန်ထမ်း တယောက်က ပြောပါတယ်။ တပတ်ကတ်နဲ့ ဝင်ရောက် ကိုယ်ပိုင်ကျောင်း​တွေမှာ လာရောက် အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ပညာရေး ဝန်ထမ်း သုံးယောက်လည်း နေထိုင်တဲ့ အခန်းမှာ လာရောက်…

Read More

နမ့်ခမ်းမှာ TNLA က မှတ်ပုံတင် လုပ်ပေး​နေ

နိုဝင်ဘာ ၂၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့မှာ TNLA ကအောက်တိုဘာလ ၂၈ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ မှတ်ပုံတင် လုပ်ပေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မှတ်ပုံတင်ကတော့ မသိပါဘူး။ သူတို့ လုပ်နေတာတော့ ကြာပြီထင်တယ်။ ဘယ်မှာ သုံးမလဲ မသိဘူး။ ပြည်တွင်းတော့ နေရာအစုံ အသုံးမဝင်ဘူး။ မှတ်ပုံတင်၊ ကညနလိုင်စင် အကုန် လုပ်တာ။” လို့ ဒေသခံ အမျိုးသား တ‌ယောက်က ပြောပါတယ်။ နမ့်ခမ်းကတော့ လောလောဆယ် အခြေအနေအေးဆေး ဖြစ်တယ်လို့ သူက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ကနေ ၃၁ ရက်နေ့ အထိ TNLA ထိန်းချုပ် နယ်မြေအတွက် ဒေသခံ အိမ်ထောင်စုစာရင်း…

Read More

လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုကြောင့် CNG ယာဉ်တွေ အခက်ကြုံ

နိုဝင်ဘာ ၂ – ၂၀၂၅ SN (VOM) ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း လျှပ်စစ်မီး ပြတ်တောက်ချိန် ကြာမြင့်ပြီး မော်တော်ယာဥ်သုံး CNG ဂက်စ် လုံလုံလောက်လောက် မရရှိတာကြောင့် အငှားယာဥ်မောင်းနှင်ပြီး ဝင်ငွေရှာဖွေနေကြသူတွေ အနေနဲ့ အခက်ကြုံနေရတယ်လို့ သိရပါတယ်။ လက်ရှိမှာ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် CNG ဓာတ်ငွေ့ ရောင်းချမှုတွေ မကြာခဏဆိုသလို ရပ်ထားရတဲ့အတွက် အရောင်းဆိုင်တွေရှေ့မှာ ကားတန်းအရှည်ကြီးတွေ ဖြစ်ပေါ်နေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ “ဂက်စ်တွေ မရဘူး။ အချိန်အကြာကြီးပေးပြီး တန်းစီနေရတာ တပတ်လောက် ရှိသွားပြီ။ တခါတန်းစီရင် နှစ်နာရီကျော်လောက် ကြာတယ်။ မီးပျက်နေလို့၊ Error တက်နေလို့နဲ့ ကားထဲကို ဂက်စ်ရောက်ဖို့ တော်တော်လေးကို စောင့်ယူရတယ်။ ရပြန်တော့လည်း ဂက်စ်က အမောင်းမခံဘူး။ တရက်၊ တရက်ကို ဂက်စ်တန်းစီနေရတာနဲ့ပဲ အချိန်တော်တော် ကုန်နေတယ်။ အတော်ကို စိတ်ဆင်းရဲရတယ်။…

Read More

လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၂၅)

ဆူးငှက် တစ်ခါသားတော့ ကျွန်တော်အယ်ဒီတာစာပွဲမှာ ရှိနေတဲ့ကာလ ထိုအချိန် ကလျာမဂ္ဂဇင်းတွင် ဒေါ်ဒေါ်လစဉ် ရေးနေသော ““အမေ့ရှေးစကား”” ဆောင်းပါးတွေအတွက် ပြောဖြစ်ကြတာပေါ့။ “ ဒို့ရေးတဲ့ ဆောင်းပါးတွေက လူငယ်တွေနဲ့ ကိုက်ရောကိုက်ရဲ့လားကွယ့်၊ ရှေးအဖွားကြီးက အမြင်တိမ်ပြီး မြည်တွန်တောက်တီးနေတာနဲ့ တူမှာစိုးတာ၊ အဲ့လိုဖြစ်နေရင် အားမနာနဲ့ပြောနော်” ဟု ဒေါ်ဒေါ်က ဆိုသည်။ ကလေးတွေနဲ့ အဟပ်ကွာသွားမှာစိုးလို့ ဟူ၍လည်း ပြောတတ်၏။ တစ်နေ့ဒေါ်ဒေါ်က မနက်ခင်းလမ်းလျှောက်သွားတိုင်း အာဇာနည်လမ်းပေါ်မှာ တွေ့ရသော (ထိုအချိန်) နာမည်ကြီး စတိုးဆိုင်ကြီးတစ်ဆိုင် ရှေ့မှာ ၁၂ရာသီ ထောင်ထားသည့် ဆိုင်းဘုတ်တစ်ခုအကြောင်း မေးသည်။ ဆိုင်းဘုတ်မှာ“ အရောင်းဈေးသည် အမျိုးသမီး ၁၀ဦး အလိုရှိသည်”ဟူသော စာလုံးများကို သင်္ဘောဆေးနှင့်ကို အခိုင်အခန့်ရေး၍ အမြဲထောင်ထားသည်။ “အဲဒီဆိုင်ကြီးက အရောင်းမိန်းကလေးတွေကို အမြဲပဲခန့်နေရအောင် ဆိုင်ခွဲတွေအများကြီးလား” ဟု ဒေါ်ဒေါ်က မေးသည်။ ကျွန်တော်ကလည်း ကျွန်တော့်တူမလေးတွေ အတွေ့အကြုံအရ…

Read More
VOM News

FREE
VIEW