ဆူးငှက် အဘလက်ရာ အိမ်ကလေး ——————————– အသစ်ဆောက်လိုက်သည့် အိမ်ကလေးမှာ အနောက်ဖက် ခေါင်းရင်းခန်းက ထိုစဉ်က အပျိုဘ၀ ပန်တျာကျောင်းသူ ဖြစ်သော မမခင်ဝင်း အခန်းဖြစ်သည်။ သူ့မြောက်ဘက် အခန်းက မမခင်လှတို့ မိသားစု အခန်းဖြစ်သည်။ မမခင်ဝင်း အခန်းပေါက်မှာ အဘ ရိုက်ထားသော ကွပ်ပျစ်တစ်ချပ်က ခန်းလုံးပြည့် ဖြစ်သည်။ မမခင်လှတို့ အခန်းပေါက်ဘက်မှာတော့ ထမင်းစားပန်ကန်နှင့် အသုံးအဆောင်တချို့ ထည့်ထားသည့် ကြောင်အိမ် ရှိသည်။ အခန်းဆိုလို့ အကျယ်ကြီး မမှတ်စေချင်။ ၈ပေ ပတ်လည်လောက်ရှိသည့် အခန်းလေးတွေပဲ ဖြစ်သည်။ အိမ်ရှေ့ဇောင်းလေးထဲမှာက တောင်ဘက်ခြမ်း အိမ်ဦးခန်းမှာ ကြမ်းစင်ပေါ် ကွပ်ပျစ်တစ်ချပ် ထပ်ဆင့်ပြီး အဘတို့ အိပ်ရာရှိသည်။ ကျွန်တော်က ၈တန်းကျောင်းသားဖြစ်သည်အထိ အဘတို့ အိပ်ရာမှာ အိပ်ဆဲဖြစ်သည်။ ကွပ်ပျစ်ခြေရင်း မှာက မီးဖိုချောင် ဖြစ်ပါ၏။ အိမ်လေးက တဲလေးတစ်လုံးထက်…
Read MoreDay: November 9, 2025
မိုးကုတ်မြို့ကနေ ထွက်ခွာသူများလို့ မိုးကုတ် – မန္တလေး ကားခ အဆမတန်မြင့်တက်ပြီး ကားငှားလို့ မရဖြစ်နေ
နိုဝင်ဘာ ၉ ၊ ၂၀၂၅ GG (VOM) မိုးကုတ်မြို့ကနေ တိမ်းရှောင်သူ များပြားလာမှုကြောင့် မိုးကုတ် – မန္တလေး ကားခမှာ လူတယောက်ကို ကျပ် ငါးသိန်းမှ ခြောက်သိန်းငါးသောင်းကျပ် အထိ စျေးပေါက်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။ အရင် အောက်တိုဘာလ တုန်းကဆိုရင် မိုးကုတ် – မန္တလေး ခရီးစဥ်အတွက် ကားခမှာ ကားအမျိုးအစားအပေါ် လိုက်ပြီး လူတယောက်ကို နှစ်သိန်းကျပ်မှ လေးသိန်းကျပ်သာ စျေးပေါက်တာ ဖြစ််တယ်လို့သိရပါတယ်။ ” အရင်က လိုက်ထရပ်တို့ ခွေးဘီလူးကား တို့နဲ့ဆိုရင် ခေါင်းခန်းက နှစ်သိန်းငါးသောင်းကျတယ်။နောက်ခန်းက နှစ်သိန်းပါ ။ 4wheelကားနဲ့ဆိုရင် ခေါင်းခန်းလေးသိန်းပါ။ နောက်ခုံက သုံးသိန်းငါးသောင်းပါ။နောက်ကန့်မှာလိုက်ရင်နှစ်သိန်းပါ ။ အခုကတော့ ခြောက်သိန်းငါးသောင်း လောက်အထိဖြစ်နေတယ်။ လိုက်ချင်သူများတော့ ကားတချို့က စျေးခေါ်တင်ကြတာပေါ့။ ကားတွေက ခုရက်ပိုင်း အကုန်…
Read Moreရခိုင်ပြည် မြို့သုံးမြို့မှာ လေကြောင်း တိုက်ခိုက်ခံရမှုတွေ ဆက်တိုက်ဖြစ်ပွားပြီး ရှစ်ယောက် သေဆုံး
နိုဝင်ဘာ ၉ – ၂၀၂၅ SS (VOM) ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တော မြို့နယ်တွေမှာ မနေ့ နိုဝင်ဘာ ၈ ရက်၊ တရက်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ရှစ်ယောက် သေဆုံးခဲ့တယ်လို့ မြေပြင်အခြေစိုက် လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ မနေ့ နေ့လယ် ၂ နာရီဝန်းကျင်ကနေ စတင်ကာ နာရီဝက်အတွင်း အဲဒီ မြို့သုံးမြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တာလို့ သိရပြီး လူသေဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရသူ ငါးယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။ “အရင်ဆုံး ရသေ့တောင်မှာ လေကြောင်း တိုက်ခိုက်မှု စဖြစ်တာ။ ပြီးတော့ ပုဏ္ဏားကျွန်းကို ဆက်သွားတယ်။ အဲဒီကနေမှ ပေါက်တောကို ရောက်သွားတာ။ မနေ့ကဖြစ်စဉ်မှာ လေကြောင်း တိုက်ခိုက်တာအပြင် မြေပြင်မှာလည်း ပစ်ခတ်မှုတွေ…
Read Moreတနှစ်ကျော်ကြာ ပိတ်ထားတဲ့ လားရှိုး – ရန်ကုန် Express တွေ ပြန်လည်ပြေးဆွဲ
နိုဝင်ဘာ ၉၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း တနှစ်ကျော်ကြာ ပိတ်ထားတဲ့ လားရှိုး – ရန်ကုန် Express တွေ ပြီးခဲ့တဲ့ အောက်တိုဘာလ လကုန်ပိုင်းကစ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လားရှိုး – ရန်ကုန်ကားက အောက်တို ဘာလ ၂၇ ရက်နေ့က စထွက်တာပါ။ ပြည်ထောင်စု လမ်းမကြီးကနေပဲ သွားတယ်။” လို့ ကားဂိတ်နဲ့ နီးစပ်သူ အမျိုးသမီး တယောက်က ပြောပါတယ်။ ရွှေလားရှိုး ဂိတ်က ရိုးရိုးကားက ကားခ ၁၅၀,၀၀၀ ဖြစ်ပြီး အထူးကားက ၁၈၀,၀၀၀ ဖြစ်ကာ တနေ့ကို တစီးစီပဲထွက်တယ် လို့ သူက ပြောပါတယ်။ လားရှိုး – ရန်ကုန် နေ့လယ် ၁၂ နာရီ ထွက်ပြီး…
Read Moreတရားမဝင် ကုန်သွယ်မှုနဲ့ ဖမ်းခံထားရတဲ့ ကုန်ပစ္စည်းအများစုကို ဒဏ်ကြေးနဲ့ ပြန်ထုတ်ခွင့်ပြုမယ်
နိုဝင်ဘာ ၉ ၊ ၂၀၂၅ GG (VOM) တရားမဝင် ကုန်သွယ်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ ကုန်ပစ္စည်းတွေထဲကအများစုကို ဒဏ်ကြေးရိဆောင်ပြီး ပြန်ရွေးနိုင်မယ့်အစီအစဥ် အကောက်ခွန်ဦးစီးဌာနက ခွင့်ပြုလိုက်တယ်လို့ ကုန်သည်တွေ ဆီကသိရပါတယ်။ ပြီးခဲတဲ့ ဇူလိုင်လ ၁၄ ရက်မှ စက်တင်ဘာလ ၃ ရက်အထိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အထူးအဖွဲ့တွေနဲ့ အကောက်ခွန်ဦးစီးဌာနတို့က ဖမ်းဆီးရမိခဲ့တဲ့ လိုင်စင်မဲ့/ အကောက်ခွန်မဲ့ ကုန်ပစ္စည်းတွေနဲ့ ပိတ်ပင်တားမြစ်ကုန်ပစ္စည်းတင် မော်တော်ယာဉ် ၄၇၀ ပေါ်မှ ကုန်ပစ္စည်းအချို့ကို ဒဏ်ကြေးနဲ့ ရွေးယူခွင့် ပြုမှာဖြစ်တယ်လို့ သိရပါတယ် ။ ” ဒဏ်ကြေးဆောင်ပြီး ပစ္စည်းတွေ ပြန်ရွေးခွင့်ပြုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော့် အသိတွေထဲတော့ ပြန်ရွေးတာမျိုး မကြားမိသေးဘူး ။ ဒီလိုရှိတယ်ဗျ ။ ပြန်ရွေးရမယ့် နူန်းနဲ့ ပစ္စည်းတန်ဖိုးကို တွက်ပြီး စျေးကွက်…
Read Moreကလောမှာ ဖြိုးရတနာအောင် ခရီးသည်တင်ကား တိမ်းမှောက်လို့ ကလေးအပါ သုံးယောက် သေပြီး ၁၄ ယောက်ဒဏ်ရာရ
နိုဝင်ဘာ ၉ ၊ ၂၀၂၅ CC (VOM) ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနဲ့ မကွေ ကျေးရွာကြား ၊ မိုင်တိုင်အမှတ် (၅၆/၆)မှာ ဒီနေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်က ခရီးသည်တင် ကားတစီး တိမ်းမှောက်ပြီး လူသုံးယောက်သေဆုံးကာ ၁၄ ယောက်ထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ ကလောမြို့နယ် မီးသတ်ဦးစီးဌာနမှသိရပါတယ်။ ခရီးသည်ကားက ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း ၊ သေဆုံးသူသုံးယောက်မှာ အမျိုးသမီး နှစ်ယောက်နဲ့ ကလးငယ်တယောက်တို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိ သူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတွေ ရှိနေတယ်လို့သိရပါတယ်။ ” သေတဲ့အထဲက ကလေးလေးက ယောကျ်ားလေးပါ။အသက် ၇ နှစ် ၊ ၈ နှစ်အရွယ်လောက်ပါ ။ ဒဏ်ရာရတဲ့ အထဲမှာ စိုးရိမ်ရတာက သုံးယောက်လောက်ရှိမယ် ။ ” လို့…
Read Moreဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်တို့ အောင်မြေသာစံမြို့နယ်မှာ မဲဆွယ်စည်းရုံး
မန္တလေး ၊နိုဝင်ဘာ ၉-၂၀၂၅ Voice Of Myanmar အစိုးရတပ်မတော်မှာ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်ကနေ အငြိမ်းစားယူပြီး မန္တလေး အောင်မြေသာစံမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးတေဇကျော်နဲ့ လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ဒီနေ့နိုဝင်ဘာ ၉ရက် မွန်းလွဲပိုင်းက မန္တလေး အောင်မြေသာစံမြို့နယ် လူထုတွေ့ဆုံပွဲ အခမ်းအနားလုပ်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ကိုယ်စားလှယ်လောင်းတွေကို လူထုနဲ့ မိတ်ဆက်ပေးခဲ့သလို မဲပေးရမယ့်အဆင့်ဆင့်တွေရှင်းလင်းပြပြီး ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတေဇကျော်နဲ့ လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်တို့က သူတို့ နိုင်ရင်လုပ်ပေးမယ့် ကတိကဝတ်တွေကို ရှင်းပြခဲ့တာတွေ့ရပါတယ်။
Read Moreမန္တလေးတိုင်း ပုသိမ်ကြီးမှာ ပြည်သူ့ပါတီရဲ့ မြို့နယ် အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ
မန္တလေး၊ နိုဝင်ဘာ- ၉- ၂၀၂၅ VOICE OF MYANMAR မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်မှာ နိုဝင်ဘာ ၈ ရက်နေ့က ပြည်သူ့ပါတီရဲ့ ပုသိမ်ကြီးမြို့နယ် အောင်နိုင်ရေး ဆိုင်ဘုတ်ဖွင့်ပွဲ ကျင်းပခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာ ပြည်သူ့ပါတီရဲ့ မန္တလေးတိုင်းဥက္ကဋ္ဌဖြစ်တဲ့ ဦးပါပါလွင်နဲ့အတူ မန္တလေးမြို့က သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တက်ရောက်ခဲ့ပါတယ်။ ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၄ ကနေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP) အဖြစ် ဦးဘီးလ်ဗဟာဒူး(ခ)ဦးသိန်းဇော်၊ မဲဆန္ဒနယ် အမှတ် ၃ မှာ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်း(FPTP) အဖြစ် ဦးဟိန်းထူးလှိုင်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်ပူဂျားတို့က ပြည်သူ့ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် အောင်နိုင်ရေး ဆိုင်းဘုတ်တင်ပွဲမှာ…
Read Moreမြင်းခြံ- ညောင်ဦး – ကျောက်ပန်းတောင်း – မိတ္ထီလာလမ်းပိုင်း အတော်ပျက်စီးနေပေမယ့် လမ်းကြေးယူတဲ့ ကုမ္ပဏီ ပြုပြင်ခြင်းမရှိ
နိုဝင်ဘာ ၇ – ၂၀၂၅ SS (VOM) “မြတ်နိုးသူ” ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ လုပ်ပိုင်ခွင့်ရထားတဲ့ ညောင်ဦး – ကျောက်ပန်းတောင်း – မိတ္ထီလာလမ်းပိုင်း ဆိုးရွားစွာ ပျက်စီးနေတဲ့အတွက် သွားလာရေး အခက်တွေ့နေရတယ်လို့ အဲဒီလမ်းပိုင်း အသုံးပြုနေသူတွေက ပြောပါတယ်။ ကုမ္ပဏီအနေနဲ့ မြင်းခြံ – ပုဂံ – ညောင်ဦး လမ်းပိုင်း၊ ပုဂံ – ညောင်ဦး – ကျောက်ပန်းတောင်း – မိတ္ထီလာလမ်းပိုင်းတွေကို နှစ် ၃၀ BOT စနစ် (Build, Operate and Transfer) နဲ့ ယူထားတာဖြစ်ပြီး လက်ရှိအချိန်မှာ စံချိန်တင်လောက်အောင် ကားတွေ ဖြတ်သန်းသွားလာလျက် ရှိတာကြောင့် လမ်းကြေး များစွာ ရရှိနေတာဖြစ်ပေမယ့် လမ်းပိုင်း ပျက်စီးမှုအတွက်တော့ ထိရောက်တဲ့ ပြန်လည် ပြင်ဆင်မှုတွေ…
Read Moreမြစ်ကြီးနား – ပူတာအိုလမ်း ပိတ်ထားဆဲဖြစ်လို့ ခရီးသွားတွေ အခက်ကြုံ
နိုဝင်ဘာ ၇၊ ၂၀၂၅ Shy V (VOM) မြစ်ကြီးနား – ပူတာအိုလမ်း လက်ရှိထိ ပိတ်ထားဆဲ ဖြစ်လို့ ခရီးသွားတွေ အခက်ကြုံနေကြရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကားတွေက မသွားခိုင်းဘူးလေ။ ပိတ်ထားတုန်း။ မဆွမ်ဇွပ် ဂိတ်မှာပဲ။ ကားတော်တော်များတယ် ခုချိန်ထိ သွားလို့ မရဘူး ဟုတ်တယ်။ အကုန်လုံး အဲမှာပဲ စောင့်နေကြတယ်။ အဆင်းလည်း မရဘူး သူက အတက်လည်း မရဘူး။” လို့ ဂိတ် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။ အရင်တလောက ကားတွေ လွှတ်ပေးတယ်ဆိုတာ လွှတ်ပေးချင်တဲ့ ကားပဲ လွှတ်ပြီး မလွတ်ပေးချင်တဲ့ကားကျတော့လည်း အကြောင်း အမျိုးမျိုးပြပြီး ပိတ်ထားတယ်လို့ သူက ပြောပါတယ်။ ပိတ်မိနေတဲ့ ကားတွေကတော့ လေး၊ ငါးဆယ်လောက်ရှိနိုင်တယ်လို့ သူက ပြောပါတယ်။ “ကားလမ်းပိတ်သွားတော့ အခက်အခဲ ကတော့…
Read More