သူတို့အိမ် အခန်း – ၃၃

      ကျွန်တော်က ကလေးပါဗျ —————————— ကျွန်တော်က ငယ်စဉ်ကတည်းက လူကောင်သေးသည်။ ပိန်လည်းပိန် ပုလည်းပုသည်။ ထို့ကြောင့် အစ်ကိုတွေ ဦးလေးတွေနှင့် ဗထူးကွင်းလိုက်လျှင် တစ်မတ်တန်း ဝင်ပေါက် ဒလက်တွင် ဘယ်တော့မှ ပိုက်ဆံမပေးဘဲ အတူလာ လူကြီးနှင့် ကပ်ဝင်ရသည်။ အတူလာသော လူကြီးက ပိန်ပိန်ပါးပါးဆို ကိစ္စမရှိ၊ ဗိုက်ပူ လူဝ ဆိုလျှင် ဒလက်မှာ အော်ရဟစ်ရ တော့သည်။ ဒလက်စောင့်ကလည်း လူကြီးနှင့် ကလေးကို ပူး၍ သွင်းရတော့ မတော် ဒလက်အထစ်ရေက ပိုသွားမှာစိုးသည်။ သည်တော့ ကပ်ဝင်တော့မည် ဆိုပါက အဝင်မခံဘဲ ဒလက်အောက်က ငုံ့၍ ဖြစ်စေ၊ ဒလက်ပေါ်က ကျော်ခွ၍ ဖြစ်စေ ဝင်ခိုင်းသည်။   ထိုအခါ ဒလက်ပေါ်က ကျော်ခွဖို့က ကိုယ့်အရပ်နှင့် မနည်းတက်ရသည်။ လူကြီးက ချိုင်းက…

Read More

ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်စားလှယ်လောင်းမိတ်ဆက်ပွဲနဲ့ ရွေးကောက်ပွဲကြေငြာစာတမ်း လူထုထံတင်ပြပွဲ မန္တလေးမှာ ကျင်းပ

မန္တလေး၊ နိုဝင်ဘာ- ၁၆- ၂၀၂၅ Voice Of Myanmar မန္တလေးမြို့လယ်မှာရှိတဲ့ မြို့တော်ခမ်းမမှာ ဒီကနေ့ နိုဝင် ဘာ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုပြီး မန္တလေးတိုင်းအတွင်းက မဲဆန္ဒနယ်အသီးသီးကနေ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စား လှယ်လောင်းတွေကို ပြည်သူလူထုနဲ့ မိတ်ဆက်ပေးခဲ့ပြီး ပါတီရဲ့ ရွေးကောက်ပွဲ ကြေငြာစာတမ်းကိုလည်း လူထုဆီတင်ပြတဲ့ အခမ်းအနားကျင်းပခဲ့ပါတယ်။ ပါတီငယ်တွေနဲ့ တိုင်းရင်းသားပါတီအချို့ သတ်မှတ်ကိုယ်စားလှယ်လောင်း ပြည့်မီရေး ရုန်းကန်နေရ ဒီအခမ်းအနားမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုဥက္ကဋ္ဌ ဦးခင်ရီနဲ့ မန္တလေးတိုင်းကနေ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ် ၉၀ ကျော်တက်ရောက်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ပြည်ခိုင်ဖြိုးပါတီဝင် တွေ တက်ရောက်ခဲ့ပါတယ်။

Read More

Grade 5 ၊ Grade 9 ၊ Grade 11 အတန်းတွေကို အကျစနစ် ကျင့်သုံးမယ်

နိုဝင်ဘာ ၁၇ ၊ ၂၀၂၅ GG (VOM) Grade 5 ၊ Grade 9 ၊ Grade 11 အတန်းတွေကို မအောင်မရှိ စနစ်အစား စာမေးပွဲ အကျစနစ်ကို ကျင့်သုံး အကောင်ထည်ဖော် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပညာရေးအဝိုင်းမှ သိရပါတယ်။ အဆိုပါ အကျစနစ် ကျင့်သုံးမှုကိုတော့ ယခု ပညာသင်နှစ်မှာ စတင်ဆောင်ရွက် သွားမှုရှိမရှိနဲ့ နောက်နှစ် ပညာသင်နှစ်မှာမှ စတင်ကျင့်သုံးမှုရှိမလား ဆိုတာကိုတော့ ပညာရေးဝန်ကြီးဌာန ကတရားဝင်ကြေငြာသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ” ခုနှစ် မစဖြစ်ရင် နောက်ပညာသင်နှစ်တော့စမှာ သေချာပါတယ် ။ အကျစနစ် ကိုလုပ်သင့်တာ ကြာပါပြီ။ ကျွန်တော်တို့ကတော့ အတန်းတိုင်းကို အကျစနစ် လုပ်စေချင်တယ် ။ဒါမှ ကလေးတွေ အမှန်တကယ် တတ်မြောက်မယ် ။အခုက တနှစ်ပြီး အောင်သွားကြတယ်…

Read More

မကြိုက်တဲ့သူ အုပ်ချုပ်တာမခံချင်ရင် ကိုယ်ကြိုက်တဲ့သူကို မဲပေးဖို့လိုတယ်

မန္တလေး၊ နိုဝင်ဘာ- ၁၇ – ၂၀၂၅ SA(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀ – ၅၅ လမ်း၅၆ လမ်းကြားမှာရှိတဲ့ ဖူဆယ်ဘောလုံးကွင်းမှာ ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မနက်ခင်းက ချမ်းအေးသာစံမြို့နယ်ကို ကနေ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း တွေနဲ့ ပြည်သူလူထုကို မိတ်ဆက်တဲ့ အခမ်းအနားမှာ ပါတီအလုပ်အမှုဆောင် ဗဟိုကော်မတီဥက္ကဋ္ဌ ဦးကိုကိုကြီးက အခုလိုပြောခဲ့တာပါ။ အဲ့ဒီပွဲမှာ မန္တလေးတိုင်းဒေသကြီး အတွင်းက မဲဆန္ဒနယ်အသီးသီးကနေ ဝင်ရောက်ယှဥ်ပြိုင် ရွေးကောက်ခံကြမယ့် ကိုယ်စားလှယ်လောင်းတွေ နဲ့ ပါတီဝင် ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ #vom #voiceofmyanmar #mandalay #PP #ပြည်သူ့ပါတီ

Read More

ပြည်သူ့ပါတီမှ ဦးလွင်မြင့်ကို ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းခြင်း ရှိ၊ မရှိ စိစစ်ပြီး အရေးယူမယ်လို့ UEC ပြော

နိုဝင်ဘာ ၁၇ – ၂၀၂၅ SS (VOM) ပြည်သူ့ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းခြင်း ရှိ၊ မရှိ စိစစ်ပြီး အရေးယူမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က အသိပေး ထုတ်ပြန်ထားပါတယ်။ ဦးလွင်မြင့်ဟာ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက် ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲအတွက် ဦးလွင်မြင့်အနေနဲ့ ပြည်သူ့ပါတီရဲ့ TikTok လူမှုကွန်ရက်ကနေ တဆင့် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခဲ့တာမှာ “အရေးတော်ပုံ” ၊ “တော်လှန်ရေး” ဆိုတဲ့ စကားလုံးတွေကို ပြောဆို သုံးနှုန်းခဲ့တယ်လို့ သိရပါတယ်။ မဲဆွယ် စည်းရုံးရေးအတွက် ဦးလွင်မြင့် ပြောဆိုခဲ့တာက “ကျွန်တော်တို့ ပြည်သူ့ပါတီ ဆိုတာဟာ…

Read More

ဖိလစ်ပိုင်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လူသိန်းချီဆန္ဒပြ

မနီလာ၊ နိုဝင်ဘာ-၁၈-၂၀၂၅ ရတီ(VOM) ဖိလစ်ပိုင်နိုင်ငံမှာ ရေကြီးရေလျှံမှု လျှော့ချရေး စီမံကိန်းတွေမှာ အဂတိလိုက်စားမှုစွပ်စွဲချက်တွေကို တာဝန်ယူ တာဝန်ခံဖို့ တောင်းဆိုမှု ဒုတိယနေ့အဖြစ် လူ နှစ်သိန်းကျော်ဟာ ဆန္ဒပြခဲ့ကြပါတယ်။ တနင်္ဂနွေနေ့က စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း လူခြောက်သိန်းကျော် တက်ရောက်ခဲ့ကြပြီး အင်္ဂါနေ့မနက်အထိ ဆန္ဒပြသူတွေဟာ ယာယီတဲတွေမှာ ရှိနေကြဆဲဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲကို အဖွဲ့ဝင် နှစ် သန်းရှိတဲ့ Iglesia Ni Cristo ဘုရားကျောင်းမှ စီစဉ်တာဖြစ်ပါယ်။ “မကောင်းမှု လုပ်ရပ်များကို ဖော်ထုတ်ပါ”၊ “ပွင့်လင်းမြင်သာမှုနှင့် ဒီမိုကရေစီအတွက် ဆန္ဒပြပွဲ” ဆိုတဲ့ ဆိုင်းဘုတ်တွေကို ဆန္ဒပြသူတွေက ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။ နှစ်ရက်တာ ဆန္ဒပြပွဲတွေဟာ အများအားဖြင့် ငြိမ်းချမ်းစွာပြုလုပ်ခဲ့ပေမယ့် အဓိကအခြေခံအဆောက်အအုံ စီမံကိန်းတွေမှာ မသမာမှုတွေကို အရေးယူမှုနဲ့ပတ်သက်ပြီး ထိရောက်မှုမရှိဘူးလို့ ဆန္ဒပြသူတွေက ဝေဖန်ပါတယ်။ “ဒီပုံမှန်မဟုတ်တဲ့ကိစ္စမှာ ပါဝင်ပတ်သက်သူတွေကို ဖုံးကွယ်မထားဘဲ အစိုးရအနေနဲ့ စစ်မှန်ပြီး ရိုးသားတဲ့…

Read More

အမေရိကန်လုပ် F-35 ကိုယ်ပျောက်တိုက်လေယာဉ်တွေ ဆော်ဒီကို ရောင်းမယ်

ဝါရှင်တန်၊ နိုဝင်ဘာ-၁၈-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်ပြည်ထောင်စုဟာ ဆော်ဒီအာရေဗျကို F-35 ကိုယ်ပျောက်တိုက်လေယာဉ်တွေ ရောင်းချပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဆော်ဒီအာရေဗျဟာ မဟာမိတ်နိုင်ငံကောင်းဖြစ်ပြီူ တိုက်လေယာဉ်များ ရောင်းချပေးမယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် အိမ်ဖြူတော် မလာရောက်မီ တရက်အလိုမှာ ထရန့်ကဆိုပါတယ်။ F-35 တိုက်လေယာဉ်တွေကို ဥရောပနေတိုးမဟာမိတ်နိုင်ငံတွေ၊ အစ္စရေးအပါအဝင် အနီးကပ်ဆုံး မဟာမိတ်များကိုသာ အမေရိကန်ပြည်ထောင်စုက ရောင်းချထားပါတယ်။ ဆော်ဒီအာရေဗျဟာ အရှေ့အလယ်ပိုင်းမှာ အစ္စရေးသာပိုင်ဆိုင်တဲ့ F-35 တိုက်လေယာဉ်တွေ ဝယ်ယူဖို့ အချိန်ကြာမြင့်စွာကတည်းက ကြိုးပမ်းနေခဲ့ပါတယ်။ အစ္စရေးတာဝန်ရှိသူတွေကတော့ ဆော်ဒီအာရေဗျကို F-35 တိုက်လေယာဉ်တွေ အမေရိကန်ပြည်ထောင်စုက ရောင်းချမှာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ရဲ့ အိမ်ဖြူတော်ခရီးစဉ်အတွင်း အရပ်ဘက်နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု မူဘောင်တခုအတွက် သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးမယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါပေမာ့် သဘောတူညီချက်ဟာ လက်နက်ပြန့်ပွားမှုကို တားဆီးရေးအတွက် တင်းကြပ်တဲ့…

Read More

ဂါဇာမှာ နိုင်ငံတကာတပ်တွေ ထားရှိရေးပါဝင်တဲ့ အမေရိကန်အဆိုပြုချက် လုံခြုံရေးကောင်စီ အတည်ပြု

ကုလသမဂ္ဂ၊ နိုဝင်ဘာ-၁၈-၂၀၂၅ ရတီ (VOM) ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဂါဇာငြိမ်းချမ်းရေးအတွက် အချက် ၂၀ ပါအစီအစဉ်ကို မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ဗြိတိန်၊ ပြင်သစ်နှင့် ဆိုမာလီယာ အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက ထောက်ခံခဲ့ပြီး ရုရှားနဲ့ တရုတ်တို့က ကြားနေခဲ့ကာ ကန့်ကွက်သူမရှိခဲ့ပါဘူး။ စီအစဉ်မှာတော့ ဂါဇာကမ်းမြှောင်‌ဒေသအတွက် နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ (ISF) တရပ် တည်ထောင်ဖို့ ပါဝင်ပြီး အမည်မဖော်လိုတဲ့ နိုင်ငံများစွာက ပါဝင်ကူညီဖို့ ကမ်းလှမ်းထားကြောင်း အမေရိကန်က ပြောပါတယ်။ ဆုံးဖြတ်ချက်မှုကြမ်းကို အတည်ပြုတာဟာ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေဖို့ အရေးကြီးတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဟားမတ်စ်ကတော့ ဒီဆုံးဖြတ်ချက်ဟာ ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးနဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းဖို့ ပျက်ကွက်တယ်ဆိုကာ ပယ်ချခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသအပေါ် နိုင်ငံတကာ…

Read More

မန္တလေးမှာ ဆိတ်ခြံ မီးလောင်လို့ နေအိမ် ၈ လုံး မီးလောင်ပျက်စီး

မန္တလေး၊ နိုဝင်ဘာ- ၁၈-၂၀၂၅ SA(VOM) မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာ၊ အလယ်ရပ်မှာ ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ မနက်အစောပိုင်း ၂ နာရီ ၅ မိနစ်ခန့်က ဆိတ်ခြံတခုမီးလောင်မှုဖြစ်ပြီး နေအိမ် ၈ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ “ကျနော်တို့ သုံးသပ်ချက်အရတော့ ဆိတ်ကို ခြင်မီးမွှေးပေးရာကနေ ဘေးက ထရံကို မီးကူးဆက်လောင်ကျွမ်းတယ်လို့ ကောက်ချက်ချထားတယ်၊ လူအထိအခိုက်တော့ မရှိဘူး၊ ဆိတ်လေးကောင်သေတယ်၊ လောင်ကျွမ်းမှုဖြစ်စဥ်ကြောင့် အမှုဖွင့်ထားပါတယ်” လို့ အမရပူရမြို့နယ် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ မီးလောင်မှုဖြစ်စဥ်ကြောင့် နေအိမ် ၈ လုံး မီးလောင်ကျွမ်းခဲ့ပြီး ဆိတ် ၄ ကောင်သေဆုံးခဲ့ကာ Level 1 ယာဥ်အုပ်စုနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၃ နာရီ ၂ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ – မြန်မာနိုင်ငံ…

Read More

လောင်းလုံးမှာ ဝေလငါးမန်း သုံးကောင် သောင်တင် သေဆုံး

နိုဝင်ဘာ ၁၈ – ၂၀၂၅ SN (VOM) တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်တွင်းရွာအနီးရှိ ဆင်ထောင့်ကမ်းခြေမှာ ငါးဖမ်းသမားတွေကြောင့် ဝါဇီပျောက် (ပျော့) အမျိုးအစား ဝေလငါးမန်း သုံးကောင် သောင်တင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ငါးဖမ်းလှေတစီးက တခြားငါးတွေကို ပိုက်ဝိုင်းပြီးတော့ ဖမ်းတဲ့အချိန်မှာ ပိုက်ကွန်ထဲမှာ အဲဒီငါးတွေလည်း ပါလာတာပေါ့။ အဲဒီငါးတွေကို ပင်လယ်ထဲ ပြန်မချဘဲ သောင်ပြင်ပေါ်မှာပဲ တင်ခဲ့တဲ့အတွက် သေဆုံးသွားတာပါ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ဝေလငါးမန်း သုံးကောင် ဆင်ထောင့်ကမ်းခြေမှာ သောင်တင် သေဆုံးနေတာကို ဒေသခံတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့၊ နေ့လယ် ၁ နာရီ ဝန်းကျင်လောက်မှာ တွေ့ရှိခဲ့ကြတာ ဖြစ်တယ်လို့ သိရပြီး အဲဒီ ဝေလငါးမန်းတွေဟာ အရွယ်အစားအားဖြင့် တကောင်ကတော့ ၂၈ ပေခန့်…

Read More
VOM News

FREE
VIEW