သူတို့အိမ် အခန်း – ၃၅

      ငချိပ်ပေါင်း၊ စားတော်ပဲ၊ ဘယာကြော် —————————————– ငယ်ငယ်က မနက်လင်းလျှင် စားဖြစ်သော အစားအသောက်ထဲက ငချိပ်ပေါင်းနှင့် ဘယာကြော်ကို အတော်ကြိုက်သည်။ မနက်လင်းသည်နှင့် ပဲဝင်းက လာနေကျ ပဲသည် ဒေါ်ရီရောက်လာသည်။ ဒေါ်ရီက ဘီလူးမ ညောင်ပင်အနီး ပဲဝင်းက ဖြစ်သည်။ ကျွန်တော် မှတ်မိသည့်အရွယ် ကတည်းက ဒေါ်ရီ ၏ ကောက်ညှင်းပေါင်း ငချိပ်ပေါင်း စားတော်ပဲ အကြော်စုံက မနက်လင်းသည်နှင့် ရောက်လာသည်။ သူက ဝတ်တာစားတာက အစ သပ်ရပ်သည်။ ပဲတောင်း အကြော်ဗန်းကအစ သန့်ရှင်းသည်။ ကျွန်တော်ကြိုက်တာက ငချိပ်ပေါင်း ဖြစ်သည်။ ငချိပ်ပေါင်းကို ချိန်ခွင်နှင့် ချိန်ရောင်းသည်။ ထို့အတူ စားတော်ပဲကိုလည်း ချိန်ခွင်နဲ့ပဲပေါ့။   အမေက ဒေါ်ရီထံက ငချိပ်ပေါင်း စားတော်ပဲ နှင့် ဘယာကြော်ကို ဝယ်သည်။ ငချိပ်ပေါင်းနှင့်…

Read More
VOM News

FREE
VIEW