မန္တလေး၊ ဇန်နဝါရီ – ၂၉- ၂၀၂၆
VOICE OF MYANMAR
မန္တလေးမြို့မှာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) နဲ့ မန္တလေးတိုင်း စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) အသင်းတို့ ပူးပေါင်းကျင်းပတဲ့ Advance Computer Office Course သင်တန်း ဆင်းပွဲ အခန်းအနားကို 34 လမ်း 78 လမ်းထောင့် က Yandanarbon super center မှာရှိတဲ့ MRCCI ရုံးမှာ ကျင်းပခဲ့ပါတယ်။
ဒီသင်တန်းကို ငလျင်ပြီးတဲ့အချိန်မှာ စီးပွားရေး ပြန်လည်ထူ ထောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လုပ်ငန်းခွင်သုံး ကွန်ပြူတာသင်တန်း မှာ သင်တန်းသား / သူ စုစုပေါင်း ၂၈ ယောက် တက်ရောက်ခဲ့ပြီး ၂၈ ယောက်လုံး သင်တန်းဆင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို သင်ကြားမှုတွေပါဝင်မလဲ MRCCI အနေနဲ့ ဘယ်လိုသင်တန်းတွေ ပေးခဲ့ပြီးပြီလဲ နောက်ထပ်ရော ဘယ်လိုသင်တန်းတွေ လုပ်ဆောင်ပေးဖို့ရှိသလဲ ဆိုတာတွေကို MRCCI ဥက္ကဋ္ဌ ဦးတင်လတ်နဲ့ ဦးနေဝင်းအောင် ဥက္ကဋ္ဌ မြန်မာနိုင်ငံ ကွန်ပြူတာပညာရှင်များအသင်း(မန္တ လေး) တို့ကို VOM အယ်ဒီတာချုပ် ဦးနေလင်း က တွေ့ဆုံ မေးမြန်းထားပါတယ်။
