ဒု သမ္မတရွေးချယ်ရာမှာ ပြည်သူ့လွှတ်တော်က ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမင်းအောင်လှိုင်၊အမျိုးသားလွှတ်တော်က ဒေါ်နန်းနီနီအေး
တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးညိုစော တို့ကို တင်မြှောက်ထားပါတယ်။
သူတို့၃ဦးကို ပြည်ထောင်စုလွှတ်တော်မှာ တင်ပြပြီး သမ္မတ၊ ဒုသမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ကြရဦးမှာပါ။
လွှတ်တော် ၂ရပ်ပေါင်းကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူ့လွှတ်တော်က အရပ်သားကိုယ်စားလှယ် ၂၆၃ ယောက်၊ အမျိုးသားလွှတ်တော်မှာ အရပ်သားကိုယ်စားလှယ်က ၁၆၈ ယောက်ရှိပြီး လွှတ်တော် ၂ရပ်ပေါင်း တပ်မတော်သားကိုယ်စားလှယ်က ၁၆၆ ယောက် ရှိပါတယ်။
ဒီတော့ သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးငြိမ်း ဦးမင်းအောင်လှိုင်က ရရှိမှာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ကိုယ်စားလှယ်ဦးရေများတဲ့ ပြည်သူ့လွှတ်တော်ကနေ တင်မြှောက်ထားလို့ပါ။
ဒုသမ္မတ(၁) ကတော့ ကိုကိုးကျွန်းကနေ ပြည်သူ့လွှတ်တော်အတွက် အနိုင်ရခဲ့တဲ့ ဦးညိုစောက ဖြစ်နိုင်ပါတယ်။ တပ်မတော်သား အစုအဖွဲ့က ၁၆၆ ယောက်ရှိပြီးဖြစ်သလို တခြားအရပ်သားကိုယ်စားလှယ်တွေဆီကလည်း မဲရနိုင်တာမို့ ဒုသမ္မတ(၁) နေရာကတော့ ဦးညိုစော သေချာသလောက်ပါဘဲ။
ဒေါ်နန်းနီနီအေးကတော့ ဒုသမ္မတ(၂) နေရာကနေ အစိုးရတာဝန်တွေ ထမ်းဆောင်ရမှာပါ။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကနေ အနားယူတဲ့ ဗိုလ်ချုပ်ကြီးစိုးဝင်းကတော့ ပြည်ထောင်စုအတိုင်ပင်ခံနေရာကနေ ပါလာနိုင်ကြောင်း သုံးသပ်ရပါတယ်။
