ပို့ကုန်ရငွေ ပြန်မသွင်းလို့ ဦးတေဇနဲ့ သားဖြစ်သူအပြင် ကုမ္ပဏီ ၂၈၇ ခုက လုပ်ငန်းရှင်တွေကို အမည်ပျက်စာရင်းသွင်း

ဧပြီ ၅ – ၂၀၂၆ SN (VOM) ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ မတ်လကုန်အထိ ပြည်ပကို ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိနေတဲ့ ကုမ္ပဏီ ၂၈၇ ခုနဲ့ လုပ်ငန်းရှင်တွေကို အမည်ပျက်စာရင်း (Blacklist) ထည့်သွင်းလိုက်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မနေ့ ဧပြီ ၄ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။ ဗဟိုဘဏ်က ထုတ်ပြန်လာတဲ့ အမည်ပျက်စာရင်းထဲမှာ ထူးထရေးဒင်းကုမ္ပဏီလည်း ပါဝင်လာတာတွေ့ရပြီး ဥက္ကဋ္ဌ ဦးတေဇနဲ့ ဒါရိုက်တာ အဖွဲ့ဝင်တွေဖြစ်တဲ့ သားဖြစ်သူ ဦးပြည့်ဖြိုးတေဇအပြင် ဦးမိုးသက်တင်၊ ဦးသီဟ၊ ဦးရာဇာထွေးတို့ကိုလည်း Blacklist ထည့်သွင်းထားပါတယ်။ ဒါနဲ့ပတ်သက်လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က “အလုပ် လုပ်တဲ့အခါမှာ အမှန်တကယ် အခက်အခဲ ရှိနေလို့ ပို့ကုန်ရငွေ ပြန်မဝင်နိုင်တာလည်း ရှိပါတယ်။ ဒါပေမယ့် တချို့ကျတော့လည်း…

Read More

သူတို့အိမ် အခန်း (၈၄)

ဆူးငှက် ၁၀တန်း မအောင်မချင်း သည်မြေ မနင်း ————————————- တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာများလည်း တင်ပြီးပြီ။ ထို့အတူ ပညာသင် ထောက်ပံ့ကြေး လျှောက်လွှာကိုလည်း လိုအပ်သော ထောက်ခံစာများနှင့် အတူ တင်ပြီးပြီ။ ထို့ကြောင့် တက္ကသိုလ် အိပ်မက်နှင့် စိတ်ကူးယဉ်ဖို့ပဲ ရှိသည်။ ကျွန်တော်သည် ၁၀တန်းမအောင်ခင်က မန္တလေးတက္ကသိုလ်ဝင်းထဲ အလည်အပတ်သွားဖို့ အခွင့်အရေးကြုံပါသည်။ သို့သော် ၁၀တန်းမအောင်ဘဲ ဘယ်တက္ကသိုလ်မြေမှ ခြေမချဟု သန္နိဋ္ဌာန် ချထားသည်။ ဒါက ရည်မှန်းချက် ယုံကြည်ချက်ဖြင့် မဟုတ်။ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်ဖြင့် ခြေမချရဲ မဝင်ရဲခြင်း ဖြစ်သည်။ သို့သော် ငယ်စဉ်ကာလ ၇နှစ်သားလောက်က မန္တလေးတက္ကသိုလ်ဝင်းထဲသို့ အမေနှင့် တစ်ခေါက်တော့ ရောက်ဖူးပါ၏။ ပင်မဆောင်ကြီး အရှေ့တောင်ဘက်ရှိ တက္ကသိုလ်ဆရာမကြီး တစ်ယောက်ထံသို့ အမေက ဆီသွားပို့စဉ် လိုက်သွားခြင်းဖြစ်သည်။ အခု ပြန်စဉ်းစားလိုက်တော့ ဈေးချို အနောက်ဘက်…

Read More

မနက်ဖြန် ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနအရေအတွက်၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်နဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အမည်စာရင်းတွေ တင်သွင်းမယ်

နေပြည်တော်၊ ဧပြီ – ၅ – ၂၀၂၆ KKL(VOM) မနက်ဖြန် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ က ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေမှာ တာဝန်ပေးအပ်ဖို့ အဖွဲ့အစည်းတစ်ခုခြင်းအလိုက် တာဝန်ပေးအပ်မယ့်ပုဂ္ဂိုလ်ရဲ့အမည်၊ ဌာနအရေအတွက်၊ ဦးရေသတ်မှတ်ချက်၊ဥက္ကဌ စတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအတွက် အချက်အလက်တွေကို တင်သွင်းမှာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံပုဂ္ဂိုလ် က ပြည်ထောင်စုရှေ့နေချုပ် တရားသူကြီးများဦးရေသတ်မှတ်နိုင်ရေးနဲ့ ပြည် ထောင်စု တရားသူကြီးချုပ်အဖြစ် ခန့်အပ်မယ့်ပုဂ္ဂိုလ်အမည်၊ပြည်ထောင်စု အစိုးရဝန်ကြီးဌာန အရေအတွက် အမည်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးရေ သတ်မှတ်ချက်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးရေ ဥက္ကဌ စာရင်းတွေကို ပြည်ထောင်စုလွှတ်တော်မှာ တင်ပြမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ အဖွဲ့ဝင်တွေရဲ့ အမည် စာရင်း၊ ပြည်ထောင်စုရှေ့နေချုပ်တာဝန်ကိုခန့်အပ်တာဝန်ပေးသွားမယ့်ပုဂ္ဂိုလ်ရဲ့အမည်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်တဲ့ပုဂ္ဂိုလ်ရဲ့ အမည်စာရင်းတွေကို တင်ပြမှာ ဖြစ်ပါတယ်။ သက်ဆိုင်တဲ့ အစီအစဥ်…

Read More

လက်ဘနွန်မှာ ကျဆုံးသွားတဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို အင်ဒိုနီးရှား ပြန်လည်လက်ခံရရှိ

ဧပြီ ၅-၂၀၂၆ MT(VOM) ​လက်ဘနွန်မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် (UNIFIL) အင်ဒိုနီးရှား စစ်သည် ၃ ဦးရဲ့ ရုပ်အလောင်းတွေကို မနေ့က (ဧပြီလ ၄ ရက်၊ ၂၀၂၆) မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဆိုကာနို-ဟတ်တာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြန်လည်လက်ခံရရှိခဲ့ပါတယ်။ ဒီအခမ်းအနားကို သမ္မတ ပရာဘိုဝို ဆူဘီယန်တို ကိုယ်တိုင်တက်ရောက်ပြီး ကျဆုံးစစ်သည်တွေကို ဂုဏ်ပြုခဲ့သလို မိသားစုဝင်တွေနဲ့အတူ ထပ်တူဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။ ​အင်ဒိုနီးရှားအစိုးရကတော့ ဒီတိုက်ခိုက်မှုတွေဟာ “ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး” လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး၊ ဒီဖြစ်ရပ်ကို သေချာစုံစမ်းစစ်ဆေးဖို့နဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေအတွက် ပိုကောင်းတဲ့ လုံခြုံရေးအာမခံချက်တွေပေးဖို့ တောင်းဆိုထားပါတယ်။ ​ ​ကျဆုံးစစ်သည်များမတ်လကုန်ပိုင်းက လက်ဘနွန်မှာ တိုက်ခိုက်ခံရမှုကြောင့် အင်ဒိုနီးရှားစစ်သည် ၃ ဦး ကျဆုံးခဲ့ရတာပါ။ သူတို့ကို ရာထူးတိုးမြှင့်ပြီး နိုင်ငံတော်အဆင့် စစ်ရေးအရ ဂုဏ်ပြုခဲ့ပါတယ်။…

Read More

သမ္မတဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံခြားတိုင်းပြည်တချို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်၊ ပါတီ၊ အသင်းအဖွဲ့တွေ ကြိုဆို

ဧပြီ ၄ – ၂၀၂၆ SS (VOM) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရခြင်းကို နိုင်ငံတကာကတချို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်၊ ပါတီ၊ အသင်းအဖွဲ့တွေက ကြိုဆို ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာတွေ အသီးသီး ပေးပို့ခဲ့ကြတာ​တွေ့ရပါတယ်။ နိုင်ငံ​တော်သမ္မတ ရွေးချယ် တင်မြှောက်ခံရခြင်းအတွက် ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၊ တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကို၊ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးနဲ့ နီကာရာဂွါသမ္မတနိုင်ငံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ အသီးသီး ပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါအပြင် ရှမ်းနီအမျိုးသားများ ညီညွတ်ရေးကောင်စီ (SNCU)၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ မိုင်းလားတပ် (NDAA)၊ ‘ဝ’တပ်ဖွဲ့ (UWSA)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီနှင့် ဒေသခံတိုင်းရင်းသားများ အဖွဲ့စသဖြင့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ အသီးသီး ပေးပို့ခဲ့ကြတာ​တွေ့ရပါတယ်။…

Read More
VOM News

FREE
VIEW