မနက်ဖြန် ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနအရေအတွက်၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်နဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အမည်စာရင်းတွေ တင်သွင်းမယ်

နေပြည်တော်၊ ဧပြီ – ၅ – ၂၀၂၆
KKL(VOM)
မနက်ဖြန် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ က ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေမှာ တာဝန်ပေးအပ်ဖို့ အဖွဲ့အစည်းတစ်ခုခြင်းအလိုက် တာဝန်ပေးအပ်မယ့်ပုဂ္ဂိုလ်ရဲ့အမည်၊ ဌာနအရေအတွက်၊ ဦးရေသတ်မှတ်ချက်၊ဥက္ကဌ စတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအတွက် အချက်အလက်တွေကို တင်သွင်းမှာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံပုဂ္ဂိုလ် က ပြည်ထောင်စုရှေ့နေချုပ် တရားသူကြီးများဦးရေသတ်မှတ်နိုင်ရေးနဲ့ ပြည် ထောင်စု တရားသူကြီးချုပ်အဖြစ် ခန့်အပ်မယ့်ပုဂ္ဂိုလ်အမည်၊ပြည်ထောင်စု အစိုးရဝန်ကြီးဌာန အရေအတွက် အမည်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးရေ သတ်မှတ်ချက်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးရေ ဥက္ကဌ စာရင်းတွေကို ပြည်ထောင်စုလွှတ်တော်မှာ တင်ပြမှာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ အဖွဲ့ဝင်တွေရဲ့ အမည် စာရင်း၊ ပြည်ထောင်စုရှေ့နေချုပ်တာဝန်ကိုခန့်အပ်တာဝန်ပေးသွားမယ့်ပုဂ္ဂိုလ်ရဲ့အမည်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်တဲ့ပုဂ္ဂိုလ်ရဲ့ အမည်စာရင်းတွေကို တင်ပြမှာ ဖြစ်ပါတယ်။
သက်ဆိုင်တဲ့ အစီအစဥ် အဖွဲ့အစည်း တစ်ခုခြင်းအတွက် အမည်စာရင်းတင်သွင်းရမယ့်ကိစ္စရပ်တွေကို ဆွေးနွေးလိုတဲ့ ကိုယ်စား လှယ်တွေနဲ့ ကန့်ကွက်လိုတဲ့ကိုယ်စားလှယ်တွေရှိရင် အမည်စာရင်းတင်သွင်းရမည့် အစီအစဥ်လည်း ပါရှိပါတယ်။
လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီဖွဲ့စည်းတဲ့ကိစ္စရပ်ကို လွှတ်တော်ရဲ့အတည်ပြုချက်ရယူပြီး ကော်မတီဖွဲ့စည်းကြောင်းကြေငြာသွားမယ့်အစီအစဥ်တစ်ခုလည်းပါရှိပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW