တိုင်းဒေသကြီးအဆင့် ဝန်ကြီး အမည်စာရင်းတွေကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်း

မန္တလေး၊ ဧပြီ- ၇- ၂၀၂၆
SA(VOM)
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင် ဝန်ကြီးတွေရဲ့ နာမည်စာရင်းကို ဒီကနေ့ ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုမှန် အစည်းအဝေး (ဆဋ္ဌမနေ့)အခမ်းအနားမှာ တင်ပြခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လှမြင့်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် အဖြစ် ဦးလှသိန်း၊ မန္တလေး တိုင်းဒေသကြီး စာရင်းစစ်ချုပ်ဝန်ကြီးချုပ် ဒေါ်ခင်ခင်သီ တို့ကို ဦးမျိုးအောင် က အမည်စာရင်းတင်သွင်းခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးအဆင့် ဝန်ကြီးတွေ အဖြစ် ဗိုလ်မှူးကြီး နေလင်းစိုး လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး
ဦးသိန်းဌေး စီမံကိန်း၊ စီးပွား​​ေရးနဲ့ ဘဏ္ဍာရေးဝန်ကြီး
ဦးလှကြွယ် လူမှု​ရေးရာဝန်ကြီး
ဦးကျော်မိုးသက် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးလှမျိုး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး
ဒေါ်သိင်္ဂီအောင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး
ဦးခင်မောင်အေး စည်ပင်သာယာရေးဝန်ကြီး
ဦးစိုင်းအောင်ကြည် ရှမ်းတိုင်းရင်းသား​လူမျိုးရေးရာဝန်ကြီး
တို့ကို ဝန်ကြီးချုပ်အဖြစ်တင်မြှောက်ခံထားရတဲ့ ဦးမျိုးအောင်က မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ အဆိုပြုအမည်စာရင်းတင်သွင်းထားတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးတွေအဖြစ် ဦးမြင့်ဆန်း၊ ဒေါ်ခင်စန်းမြင့်၊ ဒေါ်ကြည်ကြည်စိမ်း၊ ဒေါ်ခင်သစ်ဆွေ၊ ဦးသန်းထွန်းအောင်၊ ဦးစောမျိုးမျိုး တို့ကို ဝန်ကြီးချုပ်အဖြစ်တင်မြှောက်ခံထားရတဲ့ ဦးမျိုးအောင်က မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ အဆိုပြုအမည်စာရင်းတင်သွင်းခဲ့ပါတယ်။
ဒီအစည်းအဝေးမှာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်၊ မန္တလေး တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးတွေရဲ့ အမည်စာရင်းတွေကို မန္တလေး တိုင်းဒေသကြီးလွှတ်တော်မှာ အမည်စာရင်းတင်သွင်းမှာဖြစ်ပြီး အမည်စာရင်းတွေနဲ့ စပ်လျဥ်းပြီး လွှတ်တော်ရဲ့အတည်ပြုချက်ရယူသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW