နေပြည်တော် ဧပြီ ၇ – ၂၀၂၆
KKL(VOM)
ဒီကနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့မှာ သမ္မတက တင်ပြထားတဲ့ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးရေနဲ့ခန့်အပ်မယ့်သူတွေရဲ့ အမည်စာရင်း နဲ့ ပြည်ထောင်စုကောက်ပွဲကော်မရှင် ဥက္ကဌနဲ့အဖွဲ့ဝင်တွေ အမည်တင်သွင်းထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်က ဒီကနေ့အတည်ပြုခဲ့ပါတယ်။
ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးဌာနေတွနဲ့ ပြည်ထောင်စုဝန်ကြီး ဦးရေ သတ်မှတ်ခဲ့တဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ထောက်ခံ အကြံပြု ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်တွေအပေါ်၊ သမတက ပြန်လည်ရှင်းလင်းမယ့် အစီအစဥ်ကို လွှတ်တော်ဥက္ကဌဆီကိုပေးပို့ထားတဲ့အတွက် လွှတ်တော် ဥက္ကဌက ဖတ်ကြားတင်ပြခဲ့ပြီး ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက် အမည်သတ်မှတ်ချက် တွေကို လွှတ်တော်ရဲ့အဆုံးအဖြတ်နဲ့ အတည်ပြုခဲ့ပါတယ်။
လွှတ်တော်က အတည်ပြုခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးတွေကတော့
၁။ ဦးခင်မောင်ရီ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
၂။ ဦးအောင်ကျော်ဟိုး နိုင်ငံတော်သမ္မတရုံး
၃။ ဦးတင်အောင်စန်း ပို့ဆောင်ရေး
၄။ ဦးမြထွန်းဦး ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်သွယ်ရေး
၅။ ဗိုလ်ချုပ်ကြီး ထွန်းအောင် ကာကွယ်ရေး
၆။ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ပြည်ထဲရေး
၇။ ဦးတင်မောင်ဆွေ နိုင်ငံခြားရေး
၈။ ဒေါက်တာကံဇော် ဘဏ္ဍာရေးနဲ့အခွန်
၉။ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နယ်စပ်ရေးရာ
၁၀။ ဦးသန်းမောင် တိုင်းရင်းသားလူမျိုးများရေးရာ
၁၁။ ဒေါက်တာသီတာဦး ဥပဒေရေးရာ
၁၂။ ဒေါက်တာချောချောစိန် ပညာရေး
၁၃။ ဒေါက်တာမျိုးသိမ်းကျော် သိပ္ပံနဲ့ နည်းပညာ
၁၄။ ဒေါက်တာသက်ခိုင်ဝင်း ကျန်းမာရေး
၁၅။ ဒေါက်တာသက်သက်ဇင် အမျိုးသမီးရေးရာ
၁၆။ ဦးထိန်ဝင်း ပြန်ကြားရေး
၁၇။ ဦးတင်ဦးလွင် သာသနာရေး
၁၈။ ဦးမင်းနောင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း
၁၉။ ဦးမျိုးဇော်သိန်း သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေး
၂၀။ ဦးဆန်းဦး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
၂၁။ ဦးကိုကိုလွင် လျှပ်စစ်နဲ့စွမ်းအင်
၂၂။ ဒေါက်တာချာလီသန်း စက်မှုနှင့် အသေးစား၊ အငယ်စား၊အလတ်စား ဖွံ့ဖြိုးတိုးတက်ရေး
၂၃။ ဦးမြင့်ကြိုင် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန
၂၄။ ဦးခင်မောင်စိုး အလုပ်သမားဝန်ကြီး
၂၅။ ဦးထွန်းအုံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး
၂၆။ ဦးရဲမြင့်ထွန်း အားကစားရေးရာ
၂၇။ ဒေါက်တာမောင်သင်း လူငယ်ရေးရာ
၂၈။ ဦးမျိုးသန့် ဆောက်လုပ်ရေး
၂၉။ ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ နေရာချထားရေး
၃၀။ ဦးမောင်မြင့် ဟိုတယ်ခရီးသွားနဲ့ ယဥ်ကျေးမှု
တို့ဖြစ်ပါတယ်။
အဲ့ဒီနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေရဲ့အမည်စာရင်းတင်ပြခဲ့ပါတယ်။
ဒေါက်တာခင်နိုင်ဦးကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌခန့်ပြီး ကျန်အဖွဲ့ဝင်တွေကတော့
၂။ ဦးဇော်မြင့်နိုင်
၃။ ဦးသက်ထွန်းအောင်
၄။ ဒေါက်တာစန္ဒာဦး
၅။ ဒေါက်တာယဥ်အေး
၆။ ဦးတင်မြင့်
၇။ ဒေါက်တာလှညွန့်
၈။ ဒေါက်တာဇော်ဦး
၉။ ဒေါက်တာဖြူဖြူအိ တို့ဖြစ်ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်အမည်စာရင်းတွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးသင့်တဲ့ ပုဂ္ဂိုလ်များရဲ့ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၀၊ နည်းဥပဒေခွဲ (က) နှင့်အညီ လွှတ်တော်သို့ ဖတ်ကြားတင်ပြပါတယ်။
၁။ ဒေါက်တာခင်နိုင်ဦး
၂။ ဦးဇော်မြင့်နိုင်
၃။ ဦးသက်ထွန်းအောင်
၄။ ဒေါက်တာစန္ဒာဦး
၅။ ဒေါက်တာယဥ်အေး
၆။ ဦးတင်မြင့်
၇။ ဒေါက်တာလှညွန့်
၈။ ဒေါက်တာဇော်ဦး
၉။ ဒေါက်တာဖြူဖြူအိ တို့ဖြစ်ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ ဥက္ကဌကို ဦးစိုးသိန်းကိုရွေးချယ်ခန့်အပ်ဖို့တင်ပြခဲ့ပြီး အဖှဲ့ဝင်တွေကတော့
၁။ ဦးစိုးသိန်း
၂။ ဦးကျော်ဝင်းသိန်း
၃။ ဒုတိယရဲချုပ်ကြီး ဝင်းဇော်မိုး
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသော အဖွဲ့ဝင် (၃) ဦး
၁။ ဒေါက်တာထွန်းထွန်းဦး
၂။ ဦးလွန်းဘော်
၃။ ဦးကျော်စိုးညွန့်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသော အဖွဲ့ဝင် (၃) ဦး
၁။ ဦးတိုးရီ
၂။ ဦးတင်အောင်ဝင်း
၃။ ဦးမင်းဟန် တို့ဖြစ်ပါတယ်။
အထက်က တင်ပြခဲ့တဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေရဲ့အမည်စာရင်းတင်သွင်းမှုနဲ့ပတ်သက်ပြီး ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေနဲ့ ကန့်ကွက်လိုတဲ့ ကိုယ်စားလှယ်ရှိရင် အမည်စာရင်းတင်သွင်းဖို့ တောင်းခံထားပါတယ်။
