ပြည်သူ့လွှတ်​တော် ပထမပုံမှန်အစည်းအ​ဝေး ရပ်နားပြီ

နေပြည်တော် ဧပြီ ၈ – ၂၀၂၆
KKL(VOM)
ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်ဖို့နဲ့ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်စွာ လျှောက်လှမ်းနိုင်ဖို့အတွက် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ ကြိုးပမ်းဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ဒီ​နေ့ကျင်းပတဲ့ ပြည်သူ့လွှတ်​တော်အစည်းအ​ဝေးမှာ လွှတ်​တော်ကိုယ်စားလှယ်​တွေကိုမှာကြားပါတယ်။
​ ” ပြည်သူ့အကျိုးဖော်ဆောင်ရန် မိမိတို့ ရွေးကောက်ခံရတဲ့ နယ်မြေအသီးသီးမှာ ပြည်သူ့အသံကို နားထောင်ပြီး ပြည်သူ့အကျိုးကို ဆောင်ရွက်ကြဖို့၊ တည်ဆဲဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို အမြဲမပြတ် လေ့လာနေဖို့ ဥပဒေပြုရေး မဏ္ဍိုင်မှာ ပါဝင်နေသူများဖြစ်တာကြောင့် စဉ်ဆက်မပြတ် လေ့လာနေဖို့၊
ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်စေဖို့အတွက် စိတ်ကောင်းစေတနာ အရင်းခံပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်ဖို့ ” မှာကြားသလို
မကြာမီ ကျရောက်တော့မယ့် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်သစ်ကူး အခါသမယမှာ အားလုံးပဲ ပျော်ရွှင်ကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သခဲ့ပြီး၊ ဒုတိယပုံမှန်အစည်းအဝေးမှာ ပြန်လည်ဆုံတွေ့ကြဖို့ ဆန္ဒပြုကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါတယ်။

တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့မှာ စတင်ခဲ့ပြီး ဒီနေ့ ဧပြီလ ၈ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။
လွှတ်တော်ကျင်းပခဲ့တဲ့ကာလမှာ အဓိက ဆောင်ရွက်ခဲ့တာတွေကတော့ အစည်းအဝေးကာလအတွင်း လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနဲ့ ပြည်ထောင်စုအဆင့် ​ကော်မတီအဖွဲ့ဝင်များကို ရွေးချယ်တင်မြှောက်ခြင်းနဲ့ ဥပဒေပြုရေးနဲ့ ထိန်းကျောင်းရေး၊ ပြည်သူလူထုကို ကိုယ်စားပြုပြီး ဥပဒေပြုခြင်း၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းတွေကို အပြန်အလှန် ထိန်းကျောင်းခြင်းတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW