နေပြည်တော် ဧပြီ ၉ – ၂၀၂၆ KKL(VOM) ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ပြည်သူကိုအကျိုးပြုဖို ရွေးကောက်ပွဲကြေငြာစာတမ်းထုတ်ပြန်ထားတဲ့အတိုင်း နှစ်အလိုက် တဆင့်ပြီးတဆင့် အောင်မြင်အောင် အကောင်အထည်ဖော်သွားမယ်လို့ဆိုတာအပြင် သမ္မတတွေနဲ့ ဝန်ကြီးတွေကို ပြည်ခိုင်ဖြိုးပါတီက ရွေးချယ်ခဲ့တာကြောင့် ပြည်သူကို လျှစ်လျှူရှုထားမှာမဟုတ်ဘူးလို့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြောခွင်ရသူ အမရပူရ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက VOM ကိုပြောပါတယ်။
Read MoreDay: April 10, 2026
မန်းသင်္ကြန် MRCCI မဏ္ဍပ်မှာ ဖျော်ဖြေရေးနဲ့ စတုဒီသာအပြင် လုပ်ငန်းရှင်တွေက ရွှေကလစ်တွေ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်လက်ဆောင်တွေ ပေးဝေမယ်
မန္တလေး ဧပြီ ၉-၂၀၂၆ SA(VOM) မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း MRCCI အသင်းကြီးက ကြီးမှူးပြီး မန္တလေးနန်းရှေ့ ၆၆လမ်း ၂၂လမ်းနဲ့ ၂၃လမ်းကြား ကျုံးဘေးမှာ လမ်းလျှောက်သင်္ကြန် မဏ္ဍပ်ကျင်းပမှာဖြစ်ပါတယ်။ MRCCI မဏ္ဍပ်မှာ ရိုးရာရေကစားတာအပြင် နာမည်ကြီးအဆိုတော်တွေနဲ့ ဖျော်ဖြေပြီး သနပ်ခါးနဲ့ လက်ဖက်ကို စတုဒီသာအဖြစ်နေ့တိုင်း ဧည့်ခံမယ်လို့ ပွဲစီစဥ်သူတွေကပြောသလို ရွှေဆိုင်ပိုင်ရှင်က ရွှေကလစ်တွေမဲလက်မှတ်နဲ့ကျဲပြီး တခြားလုပ်ငန်းရှင်တွေက သူတို့ထုတ်ကုန်တွေ ဝေငှသွားမယ်လို့ ပြောပါတယ်။ မန္တလေး မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်မှာ ငလျင်ကြောင့် စိတ်ရောလူပါ ပင်ပမ်းခဲ့သမျှ ပြေပျောက်ဖို့ ရည်ရွယ်တဲ့အကြောင်းကို ကြီးမှူးကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်လတ်နဲ့ ပူးပေါင်းပါဝင်တဲ့ လုပ်ငန်းရှင်တွေက ပြောကြားထားတာကို ရှုစားနိုင်ပါပြီ။
Read Moreသူတို့အိမ် အခန်း (၈၉)
ဆူးငှက် မုံရွာ မိုးထိဗိမာန်က “အောင်ဘရားသား” မှာ ————————————————– ကျွန်တော်သည် မုန့်ဖိုးထဲမှ စု၍ မဂ္ဂဇင်း ၂အုပ်ကို လစဉ် ဝယ်ဖြစ်ပါသည်။ မှတ်မှတ်ရရ ကျွန်တော် မုံရွာက မမခင်ဝင်းတို့အိမ်တွင် အချိန်တော်တော်ကြာ နေဖြစ်ခိုက် ဈေးသစ် ဘုန်းကြီးလမ်းရှိ မမခင်ရီတို့ အောင်ရတနာရွှေဆိုင်က အပြန် မြင်းမူလမ်းပေါ် မိုးထိဗိမာန်တိုက်အောက်ထပ်က အောင်ဘရားသားစာအုပ်ဆိုင် သို့ ဝင်ကြည့်ဖြစ်သည်။ စာအုပ်ဆိုင် ကောင်တာတွင် မိုးဝေမဂ္ဂဇင်း အသစ်ကိုတွေ့၍ ယူကြည့်သောအခါ ဒဂုန်တာရာ၏ ပန်းနုရောင် နှစ်ကာလများ ဟူသော အခန်းဆက် ဆောင်းပါးကို တွေ့လိုက်ရတော့ ဝမ်းသာသွား၏။ ကျွန်တော်က ဒဂုန်တာရာကို ကြိုက်သည်။ မမခင်ဝင်းတို့အိမ်ရောက်ပြီး ယောက်ဖဦးဇော်ဝင်း (ဇော်ပုလဲ) ၏ စာအုပ်စင်ကို မွှေပြီး ဒဂုန်တာရာ၏ စာပေသဘောတရား၊ စာပေဝေဖန်ရေးနှင့် စာပေလှုပ်ရှားမှု ဟူသော မျက်နှာဖုံးက မိုးပြာရင့်တွင် စာရေးဆရာ၏ ပုံတူ…
Read Moreပြည်ထောင်စုအဆင့်အဖွဲ့အစည်း ၇ ခု နဲ့ ဝန်ကြီးတွေစာရင်း ပြည်ထောင်စုလွှတ်တော်အတည်ပြု
နေပြည်တော် ဧပြီ ၉ -၂၀၂၆ KKL(VOM) ဒီနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပဥ္စမနေ့ မှာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ၇ ခုရဲ့အမည်စာရင်းတွကို လွှတ်တော်ကသဘောတူခဲ့ကြပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ စတဲ့ကော်မတီဖွဲ့စည်းမှု ၂ ခုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေအဖြစ် ခန့်အပ် တာဝန်ပေးသင့်တဲ့ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသင့်တဲ့ ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်တဲ့ပုဂ္ဂိုလ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန် ပေးသင့်တဲ့ ပုဂ္ဂိုလ်များ ၊မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတွေနဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေအဖြစ် ခန့်အပ်တာဝန်ပေးသင့်တဲ့ ပုဂ္ဂိုလ်များ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စတဲ့ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ၇ ခုမှာပါရှိတဲ့ အမည်စာရင်းတင်ပြခဲ့ကြတာတွေကို ကန့်ကွက် အမည်စာရင်းများ တင်သွင်းတာ မရှိခဲ့ကြတဲ့အတွက်…
Read Moreအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် တကယ် အလုပ်လုပ်နိုင်မှာလား
ဧပြီ ၉ – ၂၀၂၆ SN (VOM) နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက အဆိုပြုတင်ပြထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ကန့်ကွက်သူ မရှိတာကြောင့် သဘောတူကြောင်း ဒီကနေ့ ဧပြီ ၉ ရက်မှာ ကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမနေ့ အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အတည်ပြု ကြေညာခဲ့ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ကိုးယောက်အနက်မှ ဦးစိုးသိန်းကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး ဦးကျော်ဝင်းသိန်း၊ ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး၊ ဒေါက်တာထွန်းထွန်းဦး၊ ဦးလွန်းပေါ်၊ ဦးကျော်စိုးညွှန့်၊ ဦးတိုးရီ၊ ဦးတင်အောင်ဝင်းနဲ့ ဦးမင်းဟန်တို့ကို အဖွဲ့ဝင်တွေအဖြစ် တာဝန်ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ အဂတိ ကင်းစင်စေချင်သူ တယောက်က “အခုဖွဲ့စည်းလိုက်တဲ့ ကော်မရှင်က တကယ် အလုပ် လုပ်နိုင်မယ့်သူတွေ ပါဝင်လာတယ်လို့ ယူဆရပါတယ်။…
Read More