မန္တလာ ဆရာမျိုး သတိမပြုမိသော ကျန်းမာရေးအန္တရာယ် ယနေ့ခေတ် လူနေမှုဘဝတွင် ပလပ်စတစ် (Plastic – ပလတ်စတစ်) သည် နေရာတိုင်းတွင် တွေ့မြင်ရသော ပစ္စည်းတစ်မျိုးဖြစ်လာသည်။ စျေးဝယ်သည့်အခါ အသုံးပြုသော အိတ်မှအစ၊ ရေသန့်ဘူး၊ အစားအသောက်ဘူး၊ ခွက်၊ ဇွန်း၊ ပန်းကန်၊ အစားအသောက်ထုပ်ပိုးပစ္စည်းများအထိ ပလပ်စတစ်ကို နေ့စဉ်မပြတ် အသုံးပြုနေကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ဟင်းရည်၊ ဆီပြန်ဟင်း၊ ကြာဇံဟင်းခါး၊ လက်ဖက်ရည်ပူ၊ ကော်ဖီပူ၊ ပဲပြုတ်၊ အသားဟင်း စသည့် ပူပူနွေးနွေး အစားအသောက်များကို ပလပ်စတစ်အိတ်ထဲ တိုက်ရိုက်ထည့်ပေးခြင်းသည် သာမန်မြင်ကွင်းတစ်ခု ဖြစ်နေပြီဖြစ်သည်။ လူအများစုက တစ်ခါတလေထည့်တာပဲ ဘာမှမဖြစ်နိုင်ဘူးဟု ထင်မြင်ကြသော်လည်း သိပ္ပံပညာရှင်များကမူ ပလပ်စတစ်အမျိုးအစား၊ အပူချိန်၊ အသုံးပြုသည့်အချိန်နှင့် အစားအသောက်၏ အမျိုးအစားပေါ် မူတည်၍ ပလပ်စတစ်ထဲရှိ ဓာတုပစ္စည်းအချို့သည် အစားအသောက်ထဲသို့ ရွှေ့ပြောင်းဝင်ရောက်နိုင်ကြောင်း (Chemical…
Read MoreDay: August 3, 2026
သူတို့အိမ် အခန်း (၁၈၄)
ဆူးငှက် တောင်လေးလုံး နှင့် ဟင်းလေးချက် ———————————– တောင်လေးလုံးကျောင်းပေါက်ရောက်တော့ စက်ဘီးလေးရပ်ပြီး အဝင်ပေါက် ဘယ်ဘက်ဘေးက တမာပင်လေး အရိပ်မှာ ထိုးလိုက်သည်။ အသံကြားလို့ ဆရာတော်ဦးပညာ ၏ ညီ ဖြစ်သူ ကိုစိန်ထွန်းက ကျောင်းဆောင်ပြတင်းက ခေါင်းပြူကြည့် ရင်း “ဟာ.. ကိုဆူး.. လာဗျ၊ နောင်တော်က ဒီမှာ ဆွမ်းဘုန်းပေးနေတာ၊ ဝင်ခဲ့ပါ..” ဟု ခေါ်သည်။ ကျွန်တော်က လက်အုပ်ချီကာ ကျောင်းထဲ ဝင်၍ ဆွမ်းဘုန်းပေးနေသော ဆရာတော်ကို ကန်တော့သည်။ ဆရာတော်က ရတယ်၊ ရတယ်။ ဆူးငှက် သက်သက်သာသာ နေ၊ ထမင်းစားပြီးမှ ပြန် ဖြည်းဖြည်းပေါ့၊ ဟင်းလေးချက်တွေ ရှိတယ်။ ဦးဝင်းတင် ထောင်ဝင်စာဖို့ ကိုမောင်မောင်ခင်နဲ့ သူကြိုက်တဲ့ ဟင်းလေးချက် ထည့်ပေးလို့ အများကြီးချက်ထားတာ ဟု ဆရာတော်က ဆွမ်းကို လက်စသတ်ရင်း မိန့်သည်။…
Read More