ဓာတ်ပြားတစ်ပြား ဖွင့်ကာနေတော့မယ်

  ဆူးငှက်       တစ်လောက သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တော့မေးတယ်။ “ဘယ်အချိန်အခါ ရောက်ရင်  မင်းအဖေကို သတိရဆုံးဖြစ်သလဲ”တဲ့။ သူကလည်း ဒီလိုပါ။ ငယ်စဉ်ကတည်းက အိမ်ကို အလည်လာတိုင်း အဖေနဲ့ချည်းတွေ့ နေတာကိုး။ အမေနဲ့က ဆယ်ခါ့ရံတစ်ခါမှ တွေ့ဖြစ်တာ။ အမေက ဈေးထွက်နေရတာလေ။ အဖေနဲ့ အမြဲလိုလို တွေ့ဖြစ်နေတော့ အဖေပြောတာဆိုတာ၊ နေတာ ထိုင်တာ မှတ်မိနေတော့ အဲဒီကတည်းက ကျွန်တော့ကိုလည်း “မင်းက မင်းအဖေနဲ့ တော်တော်တူတာပဲ”လို့ ပြောတတ်တယ်။ဒါကြောင့် အခု ပြန်တွေ့ကြလို့ ရှေးဟောင်း နှောင်းဖြစ်တွေ ပြန်ပြောကြရင်း ကျွန်တော့အဖေအကြောင်း ရောက်သွားလို့ သူကအခုလို တစ်ခုတ်တရ ပြန်မေးတာပါ။   ဟုတ်ပါတယ်။ ကျွန်တော်ကလည်း အခု ဒီနှစ်ဆိုရင် အဖေဆုံးတာ ၃၅နှစ် ပြည့်ပေမယ့် အိမ်မက်ထဲမှာထိ အဖေနဲ့ တွေ့ဆဲပါ။ တစ်နေ့ညကပဲ အိပ်မက်မက်တော့…

Read More

ပေါက်တောမြို့ကို အေအေ ထိန်းချုပ်ပြီလို့ သတင်းထွက်ပေါ်

ရန်ကုန်၊ နိုဝင်ဘာ ၁၆ – ၂၀၂၃ GG(VOM) ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို AA က ဝင်ရောက်တိုက်ခိုက်ပြီး ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ ပေါက်တောမြို့ဒေသခံတွေဆီကသိရပါတယ်။ AA က ပေါက်တောမြို့ကို နိုဝင်ဘာလ ၁၅ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ကာ ထိန်းချုပ်လိုက်တာဖြစ်ပြီး ပေါက်တောရဲစခန်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးရမိခဲ့တာရှိတယ်လို့သိရပါတယ်။ အဲ့ဒီနောက် ဒီနေ့နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာတော့ စစ်တပ်ဘက်က ပေါက်တောမြို့ပေါ်ကို လေယာဥ်နဲ့ ဗုံးလာကျဲတာတွေရှိသလို ရေကြောင်းကနေ စစ်သင်္ဘောတွေလည်းရောက်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်မှုတွေပြုလုပ်နေကြတယ်လို့သိရပါတယ်။ ” ဟုတ်တယ် အခု AA က ပေါက်တောရဲစခန်းကိုလည်းထိန်းချုပ်လိုက်ပြီ မြို့ကိုလည်းထိန်းချုပ်လိုက်ပြီ၊မနက်က လေယာဥ်နဲ့ ဗုံးလာကျဲတယ် ​ပြီးတော့ ထပ်မလာဘူး။ခနပဲလာပြီးပစ်သွားတယ်။ပေါက်တောရဲစခန်းကတော့ ညထဲက သူတို့ကိုလက်နက်ချခိုင်းတာကို အကြီးပိုင်းနှစ်ယောက်က လက်နက်မချဘူးဆိုလို့ ကြာနေရင်းက AA က ဝင်သိမ်းလိုက်တာ ၊ မနက်ကလေယာဥ်လာပစ်တာရယ်၊စစ်ရေယာဥ်တွေလာနေလို့ ဒေသခံတွေအကုန်ရှောင်နေကြပြီ၊…

Read More

ထီးချိုင့်မှာ တိုက်ပွဲတွေကြောင့် အရပ်သား ၃၀ နီးပါး သေဆုံး

နိုဝင်ဘာ ၊ ၁၅ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကစလို့ ဒီကနေ့ထိ ခြောက်ရက်ကြာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၀ နီးပါးသေဆုံးသွားပြီလို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ နိုဝင်ဘာ ၁၄ ရက် ၊ တရက်တည်းမှာ အလယ်တောရွာနဲ့ အင်းတိန်ရွာ ၊ ပိန္နဲရွာ (ရေဝ) ဘက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံ ၁၁ ယောက် သေတယ် ၊ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက သခွတ်ချောင်း ဘုန်းကြီးကျောင်းမှာ လက်နက်ကြီး ပေါက်ကွဲလို့ တိုက်ပွဲရှောင် ကလေးတယောက်နဲ့ အမျိုးသမီး တယောက် ထိမှန် သေတယ် ၊ ပြီးခဲ့တဲ့…

Read More

မူဆယ်မှာ စားသောက်ကုန်မပြတ်ဖို့ တရုတ်ဘက်ကနေ တင်သွင်းခွင့်ပြုပေးတာနဲ့ ရှမ်းမြောက်က အခြေအနေ

နိုဝင်ဘာ ၁၅၊၂၀၂၃ Shy V( VOM) မူဆယ်မြို့နယ်မှာ လတ်တလော လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက် နေတာကြောင့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေ ဈေးနှုန်း သက်သက်သာသာ ဝယ်ယူ နိုင်ဖို့ တရုတ်ပြည်ကနေ အကန်ုအသတ်နဲ့ တင်သွင်းခွင့်ပြုထားတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ပါတယ်။ မြန်မာ – တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ် ဖြစ်တဲ့ ဆင်ဖြူဂိတ် ကနေ ယာဉ်ငယ်တွေနဲ့ ကုန်ပစ္စည်း ၁၄၆ မျိုးကို ယာယီခွင့်ပြု ဆောင်ရွက်ထားကြောင်း မူဆယ်ခရိုင် ပြန်/ ဆက်နဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မူဆယ်မြို့ရဲ့ အသိပေး ထုတ်ပြန်ချက်အရ သိရပါတယ်။ တရုတ်နိုင်ငံဘက်ကနေ ကုန်ပစ္စည်းတွေတင်ပြီး မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လိုသူ‌ တွေအနေနဲ့ မှတ်ပုံတင်မိတ္တူ တစုံ၊ အိမ်ထောင်စုဇယားမိတ္တူ တစုံ၊ BP စာအုပ် မိတ္တူ တစုံ၊ ယာဉ်လိုင်စင် မိတ္တူ တစုံ၊ ယာဉ်မောင်းလိုင်စင်မိတ္တူ…

Read More

စိန်ဒရင် လျှံမောင်းတဲ့၊ မှန်ကျောင်းတော် မီးလျှံခပါပေါ့

  ဆူးငှက်     ကုန်းဘောင်ဆက် မဟာရာဇဝင် တတိယတွဲ စာမက်နှာ ၆၈၅ တွင် …   ““၁၂၄၆ နှောင်းတန်ခူးလ (ဧပြီ ၁၈၈၅) ရွှေမြို့တော်ကြီး အနောက်ပြင် ဂေါဝိန်တံခါးလမ်း တောင်ဘက် ရတနာဘုမ်္မိအရပ်တွင် အရှင်နန်းမတော် မိဖုရား ခေါင်ကြီးက ဆောက်လုပ်ပြီး ပြောသည်။ ရွှေရေးကျောင်းရဲ့ ရှစ်ရပ်နှင့် တကွ ဘုံလေးဆင့်ရှိ မှန်ကျောင်းတော်ကြီးကို“မဏိရတနာရာမတိုက် မဟာရတနာ ဘုံမ်စံကျောင်း”” ဟု ကမ်ဗညျးတပ်တော်မူပြီးလျှင် အာလောကာဘိပဝရသာသနက်္ခ မဟာဓမ်္မရာဇဓိရာဇဂုရု ဘွဲ့တံဆိပ်တော်ရ မြတောင်ဆရာတော်အား ကျောင်းအပ် တင်လှူတော်မူသည်ဟု ဖော်ပြပါရှိလေသည်။   ထိုကောက်နှုတ်ချက်အရ နန်းမတော်စုဖုရားလတ်ကောင်းမှု မြတောင်ရွှေ ကျောင်းတော်ကြီး ရေစက်ချ မချပြဿနာတွင် ၁၈၈၅ ဧပြီလကကျောင်းတင် လှူပြီးဖြစ်သောကြောင့် ၂၉ နိုဝင်ဘာ ၁၈၈၅ တွင် သီပေါမင်းအရှင် ပါတော်မူ သောအခါ ရေစက်ချ…

Read More

နိုဝင်ဘာလ ၁၀ရက် အတွင်း ပဲမျိုးစုံ စျေးကျ

    ရန်ကုန်၊ နိုဝင်ဘာ ၁၂ – ၂၀၂၃ GG(VOM)     အရင်လတွေက ပဲမျိုးစုံစျေးကွက်မှာတော့ စျေးဆက်တိုက်မြင့်တက်လာတဲ့ မတ်ပဲက စျေးကျသွားသလို အမြင့်စျေးတန်းမှာ ငြိမ်နေတဲ့ ပဲစဥ်းငုံနီကလည်း စျေးတန်းပြုတ်ကျသွားတယ် လို့ ကုန်စည်ဒိုင်တွေကသိရပါတယ်။ အလားတူ ပဲတီစိမ်းနဲ့မြေပဲကလည်းစျေးတန်းကျသွားပြီး နှမ်းမျိုးစုံစျေးကွက်ကတော့ အတက်အကျမငြိမ်တဲ့သဘောရှိနေပါတယ်။ နှမ်းဖြူစျေးကကျသွားပြီး နှမ်းနက် စမုံကစျေးပြန်တက်လာပါတယ်။   မတ်ပဲ   မတ်ပဲက ခုတပတ် ရန်ကုန်၊မန္တလေး၊နယ်စျေးကွက်အားလုံးမှာ စျေးတန်းပြန်ကျ လာပါတယ်။ အိန္ဒိယဘက်က မတ်ပဲ အဝယ်နည်းသွားတာကြောင့် စျေးတန်းက ပြန်ကျ လာတာဖြစ်တယ်လို့ကုန်စည်ဒိုင်တွေက သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာဆိုရင်တပတ်အတွင်း မတ်ပဲ (RC) နိုင်ငံခြားတင်ပို့ဖို့ အရန်သင့် အရည်အသွေးနဲ့  (FAQ ) သင့်တင့်တဲ့ပျှမ်းမျှအရည်အသွေး တတန်ကို၂၈၉၄၀၀၀ ကျပ်ထိ စျေးကျသွားလို့ အောက်တိုဘာလနောက်ဆုံးပတ်နဲ့ယှဥ်ရင် တတန်ကို ၁၀၈၀၀၀ လောက် စျေးပြန်ကျသွား…

Read More

ကယားပြည်နယ်မှာ အပေါ့စားတိုက်ခိုက်ရေး လေယာဥ်တစ်စီး ပျက်ကျခဲ့ကြောင်း နစက အတည်ပြု

    နိုဝင်ဘာ ၊ ၁၂ ၊ ၂၀၂၃ SP ( VOM)   ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ်မှာ မနေ့ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းကလေယာဥ်မှူး နှစ်ဦး မောင်းနှင်တဲ့ တိုက်ခိုက်ရေးသုံးလေယာဥ်တစီး စက်ချို့ယွင်းပြီး ပျက်ကျသွားတယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောပါတယ်။   ” ကယားပြည်နယ်ဘက်မှာ လေ့ကျင့်ရေး တိုက်ခိုက်ရေးသုံး အပေါ့စား လေယာဥ် တစ်စီး စက်ချို့ယွင်းစွာ ပျက်ကျသွားတယ် ၊လေယာဥ်မှူးနဲ့ တွဲဘက်လေယာဥ်မှူးနဲ့ ဆက်သွယ်မှုရရှိထားပြီဖြစ်တယ် ” လို့  သတင်းမီဒီယာတွေကို ဖြေထားပါတယ်။   ဖရူဆိုဒေသခံတွေဆီတယောက်ကလည်း သိရသလောက်ကို ခုလိုပြောပါတယ်။ ” ညနေ ၅ နာရီဝန်းကျင်လောက်မှာ လေယာဥ်ပျက်ကျတာဖြစ်တယ် ၊ အဲ့ဒီ လေယာဥ်ပေါ်မှာ လေယာဥ်မှူး…

Read More

ကန့်ဘလူမြို့နယ်မှာ ပြည်သူ့စစ်တွေပါတဲ့ စစ်ကြောင်းအဖွဲ့ စောင့်ကြိုတိုက်ခိုက်ခံလို့ သေဆုံးသူများသလို လက်နက်ခဲယမ်းတွေဆုံး

    နိုဝင်ဘာ ၊ ၁၁ ၊ ၂၀၂၃ SP (VOM)     စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ချပ်သင်းဘေးမဲ့တောအနီး ချပ်ကုန်းကျေးရွာနဲ့ အလယ်ခုံ ကျေးရွာနဲ့ကြားလယ်ကွင်းပြင်မှာ မနေ့ နိုဝင်ဘာ ၁၀ ရက် ၊ မနက်ပိုင်း ၉ နာရီဝန်းကျင်က နယ်မြေလုံခြုံရေး အတွက် ရှေ့တန်းထွက်လာတဲ့စစ်ကြောင်းအဖွဲ့ စောင့်ကြိုတိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းတွေ အများအပြား ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” ကန့်ဘလူဘက်ကနေ ကောလင်းဘက်သွားတဲ့ စစ်ကြောင်းကို အလယ်ခုံရွာ အနောက်မြောက်ဘက် လယ်ကွင်းပြင်မှာ စောင့်ကြိုတိုက်ခံရတယ်လို့ ကြားရတယ် ၊ ထိခိုက်ကျဆုံးမှုရော လက်နက်ခဲယမ်းတွေပါသွားတာများတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ” ချပ်သင်း တိုက်နယ် ဒေသခံ တယောက်က ပြောပါတယ်။…

Read More

မြောက်ဥက္ကလာပမြို့နယ်က ရွှေဆိုင်ပိုင်ရှင်ကို သေနတ်နဲ့ပစ်ပြီး ဓားပြတိုက်သွားလို့ သိန်းတသောင်းကျော်ဖိုးပါသွား

  နိုဝင်ဘာ ၊ ၁၁ ၊ ၂၀၂၃ SP + SN (VOM)   ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာပမြို့နယ် ၊ အမှတ် ၁ ရပ်ကွက် ၊ သုမိတ္တာ ၂၂ လမ်း ၊ အမှတ် ၈၆၇ အိမ်ရှေ့နေရာမှာ မနေ့ နိုဝင်ဘာ၁၀ ရက် ၊ ညနေပိုင်းက စျေးသိမ်းပြန်လာတဲ့ ရွှေဆိုင်ပိုင်ရှင် တဦးကို သေနတ်နဲ့ ပစ်ခတ်ပြီး ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်လုယက်သွားတယ်လို့ မြောက်ဥက္ကလာပ ဒေသခံတွေဆီက သိရပါတယ်။   ” မနေ့က ညနေ ၆ နာရီဝန်းကျင်က ဖြစ်တာပါ ၊ ခန့်မြတ်ချယ် စိန်ရွှေရတနာ ရောင်းဝယ်ရေးပိုင်ရှင် မအေးသဇင်နွယ် ဆိုသူကဆိုင်သိမ်းပြီး နေအိမ်ကို ကားနဲ့ပြန်လာတယ် ၊ သူလည်း အိမ်ပြန်ရောက်လို့ ကားပေါ်ကနေ…

Read More

တိုက်ပွဲတွေကြောင့် ညောင်ခါးရှည်စစ်ဆေးရေးဂိတ် ဖြတ်သန်းသွားလာခွင့်ကို နစက က ပြန်တင်းကျပ်နေ

နိုဝင်ဘာ ၁၀ – ၂၀၂၃ SN (VOM)     ပြည်တွင်းမှာ တိုက်ပွဲတွေပြင်းထန်လာပြီးနောက်ပိုင်း ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ပဲခူးတိုင်း၊ ဝေါမြို့နယ် စစ်တောင်းတံတားကညောင်ခါးရှည် X Ray စစ်ဆေးရေးဂိတ် ဖြတ်သန်းသွားလာခွင့်ကို နစက က ပြန်လည်တင်းကျပ်နေတယ်လို့ ကုန်သည်တွေနဲ့ အဝေးပြေးယာဉ်မောင်းတွေဆီက သိရပါတယ်။     လက်ရှိမှာ နစက က လုံခြုံရေးအကြောင်းပြချက်နဲ့ X-Ray စစ်ဆေးရေးဂိတ်မှာ နိုဝင်ဘာ ၃ ရက်နေ့မှစတင်ကာ မော်တော်ယာဉ်တွေကိုအချိန်ကြာမြင့်စွာ အသေးစိတ်စစ်ဆေးနေပြီး အဲ့ဒီ့လို စစ်ဆေးနေတာဟာ ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့အထိဆို တပတ်ခန့်ရှိနေပြီဖြစ်တဲ့အတွက် ကားအစီးရေ ထောင်နဲ့ချီ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။     “သူတို့ စစ်ဆေးနေတာက နိုဝင်ဘာ ၃ ရက်နေ့ကတည်းကပဲ။ တစီးချင်းစီကို အသေးစိတ် အချိန်အကြာကြီးစစ်နေတာ။ အရင်ကတော့ကုန်တင်ယာဉ်တွေနဲ့…

Read More
VOM News

FREE
VIEW